...

ဘာကြောင့် ကိုယ့်ဆီဝယ်ယူသင့်သလဲ ?

ဘာကြောင့် ကိုယ့်ဆီဝယ်ယူသင့်သလဲ ?

သင့်လုပ်ငန်းဆီက ဘာကြောင့်ဝယ်ယူသင့်သလဲ ? ဆိုတာ လုပ်ငန်းတိုင်း မေးသင့်တဲ့ မေးခွန်းတစ်ခုပါ။
လုပ်ငန်းရှင်တောင် မသိရင် …
စားသုံးသူလဲ သိမှာမဟုတ်ပါဘူး။
( မသိမှတော့ .. ဘယ်လိုရောင်းရပါ့မလဲလေ)
ဘယ်လိုသိအောင်လုပ်ရမလဲ ဆိုရင် ……
၁။ လုပ်ငန်းရဲ့ တစ်ခုကောင်းကို ရွေးပါ
၂။ရွေးထားတဲ့ တစ်ခုကောင်း ကို ရူးသွပ်စွာလုပ်ပါ။
၃။ ထပ်ခါကြော်ငြာပါ။
“ရောင်းရဖို့ဆိုတာ ဈေးကွက်မှာ အကောင်းဆုံး (Best) ဖြစ်စရာမလိုပါဘူး၊
ရူးသွပ်စွာကောင်း (Crazy Good) အောင်လုပ်ပြီး ..
ကိုယ့်ရူးသွပ်စွာ ကောင်းအောင်လုပ်ထားတာကို … လူသိများဖို့ပဲ လိုတာပါ”
“ကြော်ငြာတယ်ဆိုတာ ကိုယ့်ရူးသွပ်မှု ကို လူသိများအောင်လုပ်ခြင်းပါပဲ။”

မာသင်

Related Articles

ဂန္တဝင်မြောက်သောနေ့ (Masterpiece Day)

ဂန္တဝင်မြောက်သောနေ့ဆိုတာ နေ့တစ်နေ့ကို စိတ်ပါလက်ပါ လက်ရာမြောက်လောက်အောင် ကိုယ်ဖြစ်ချင်တဲ့အတိုင်း၊ ကိုယ်တန်ဖိုးထားတဲ့လုပ်ရပ်တွေနဲ့နေ့တစ်နေ့ကို ဂန္တဝင်မြောက်လောက်အောင် ပုံဖော်ဖန်တီးလိုက်နိုင်တဲ့နေ့ရက်တစ်ရက်ပါပဲ။ဘဝမှာ ကျွန်တော်တန်ဖိုးထားတဲ့အရာ (၅) မျိုးရှိပါတယ်။တစ်ခုချင်းစီကို နေ့စဉ်တိုးတက်အောင် ကြိုးစားလုပ်ဆောင်လိုက်တဲ့နေ့တိုင်း က ကျွန်တော့်အတွက်တော့ ဂန္တဝင်မြောက်သောနေ့ (Masterpiece Day) ပါပဲ။ အဲဒီ (၅) ခု က..၁။ အသိပညာ (…

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..ဈေးကွက်မှာ သင်တန်းတွေများနေပြီ..ဈေးကွက်မှာ လုပ်ငန်းတွေများနေပြီ…အင်း.. သူတို့ပြောတဲ့ဈေးကွက်ဆိုတာ အများပိုင်ဈေးကွက်ကို ပြောတာ။ဈေးကွက်ဆိုတာနှစ်ကွက်ရှိတယ်၊ အများပိုင်ဈေးကွက်နဲ့ ကိုယ်ပိုင်ဈေးကွက် ။ ကိုယ်ပိုင်ဈေးကွက်ဆိုတာ.. ကိုယ်ပိုင်ဈေးကွက်ဆိုတာ ကိုယ့်ကိုယုံကြည်တဲ့လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်လုပ်တာတွေ၊ ကိုယ်ရူးသွပ်တာတွေကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ့်ရဲ့ဝန်ဆောင်မှုကို၊ ထုတ်ကုန်ကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်ကိုယ်တိုင်ကလဲ ကွဲထွက်နေမှ ကိုယ့်ဈေးကွက်ကလဲ…

ရူးသွပ်ပါ..။

စစ်မှန်တဲ့ ဂီတအနုပညာရှင် ဆိုတာ သူ့ဂီတ ကို..ချစ်မြတ်နိုးတယ်၊ ရူးသွပ်တယ်။စစ်မှန်တဲ့ ပန်းချီအနုပညာရှင်ဆိုတာ သူ့ဖန်တီးမှု ကို …ချစ်မြတ်နိုးတယ်၊ ရူးသွပ်တယ်။စစ်မှန်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဆိုတာလဲသူ့ထုတ်ကုန်/ ဝန်ဆောင်မှု ကို . .ချစ်မြတ်နိုးတယ်၊ ရူးသွပ်တယ်။ မရူးသွပ်ရင်..။ ကိုယ်ကိုယ်တိုင်… ကိုယ့်လုပ်ငန်းအပေါ်မှာ အရူးအမူးမဖြစ်ပဲနဲ့အရူးအမူးကြိုက်တဲ့ဈေးကွက် ဆိုတာမရနိုင်ဘူး။ကိုယ်ကိုယ်တိုင်.. ကိုယ့်ထုတ်ကုန်ပေါ်မှာ အရူးအမူးမဖြစ်ပဲနဲ့အရူးအမူးကြိုက်တဲ့စားသုံးသူ…

ရိုးရိုးရှင်းရှင်း မားကက်တင်း

⭐ ဖေ့ဘုတ်( facebook) ဖွင့်လိုက်ရင် .. ပိုစ့်တင်တဲ့နေရာ ကွက်လပ်လေးမှာ မေးခွန်းတစ်ခု တွေ့လိမ့်မယ်.. What’s on your mind တဲ့ ။ ဘာတွေတွေးနေလဲ .. ပေါ့။ ⭐တွစ်တာ (Twitter) ဖွင့်လိုက်ရင် … ပိုစ်တင်တဲ့နေရာမှာ မေးခွန်းက …What’s…

စပ်တူလုပ်ငန်းအတွက်ငွေကြေးအချက် (၁၀) ချက်

စပ်တူလုပ်ငန်းမှာ သတိထားသင့်တဲ့ ငွေကြေးအချက် (၁၀) ချက် 1. Goodwill နာမည်ကောင်းတန်ဖိုး လို့လဲ ခေါ်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ Brand Value ဘရန်းတန်ဖိုးဆိုပြီးတော့ မိမိလုပ်ငန်းထဲပေါင်းထဲ့ကြပေမယ့်၊ အမှန်တော့ လုပ်ငန်းတစ်ခုက အခြားလုပ်ငန်းတစ်ခုကို ဝယ်ယူတဲ့အခါ လုပ်ငန်းရဲ့ Net Asset Value တန်ကြေး ထက်ကျော်လွန်ပြီးပေးလိုက်ရတဲ့…