တစ်စုံတစ်ခုဝယ်ယူတိုင်း ..တစ်ခုပေါင်းထည့်ပါ
ဝယ်ယူတဲ့ပစ္စည်းနဲ့ပေါင်းထဲ့လို့ရမယ့် ဝန်ဆောင်မှု၊ ပေါင်းထဲ့လို့ရမယ့် ပစ္စည်း ၊တစ်ခုခု ကို အမြဲ ပြောပြပါ။
ဘယ်လိုကုန်ပစ္စည်းမျိုးမဆို ပေါင်းထည့်လို့ရမယ့် အရာရှိပါတယ်။
ဘယ်လိုဝန်ဆောင်မှုမျိုးမဆို တွဲဖက်လို့ရမယ့် ဝန်ဆောင်မှုရှိပါတယ်။
ပေါင်းစပ် ၊ တွဲဖက်လို့ရမယ့် အရာကို ချပြပါ၊ ပြောပြပါ၊ မေးခွန်းထုတ်ပါ။
တစ်သောင်းဖိုးလာဝယ်ပေမယ့် … တစ်သိန်းဖိုးရောင်းရစေမယ့် နည်းလမ်းဖြစ်ပါတယ်။
ဟမ်ဘာဂါရောင်းတဲ့🍔 မက်ဒေါ်နယ်ဆိုင်လုပ်ငန်းစု က သူ့ဝန်ထမ်းတွေကို လာဝယ်တဲ့ စားသုံးသူတိုင်းကို မေးခွန်းတစ်ခုမေးစေပါတယ်။ အဲဒီမေးခွန်းက ” အာလူးကြော်လေး ပေါင်းထဲ့ပေးရမလားရှင့် ? ” ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
အဲဒီ မေးခွန်းကြောင့် မက်ဒေါ်နယ်ရဲ့ရောင်းအားက ဒေါ်လာသန်းပေါင်းများစွာမြင့်တက်လာခဲ့ပါတယ်။
ကိုယ့်ဝန်ထမ်းတွေကို ပေါင်းထည့်ခြင်းဆိုင်ရာ မေးခွန်းတွေ မေးဖို့လေ့ကျင့်ပေးထားပါ။
တစ်ခု လာဝယ်တဲ့ Customer ကို တစ်ခုပဲ မရောင်းပါနဲ့။
တစ်သောင်းလာပေးတဲ့ Customer ကို တစ်သိန်းပေးအောင် မေးခွန်းလေးတစ်ခွန်း ပဲ မေးပေးပါ။
အဲဒီ တစ်သိန်းတန်မေးခွန်းက ….
“အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်၊ ဒါလေး…. ရော ပေါင်းထည့်ဦးမလားရှင့် ? ” ဆိုတဲ့ မေးခွန်းပါပဲ။
ကျွန်တော်လာဝယ်ရင်တော့ မမေးနဲ့နော်။။ အကုန်ဝယ်ပစ်မှာ.. 🙂
မာသင်