...

စမ်းသုံးခွင့်အစွမ်း နှင့် နည်းလမ်း (၄) နည်း

စမ်းသုံးခွင့်အစွမ်း နှင့် နည်းလမ်း (၄) နည်း

အရင်တုန်းက ဘာဆိုင်ဖွင့်ဖွင့် ဆိုင်တိုင်း မှာ ဗွီရို တွေ ရှိကြသည်၊ စမ်းသုံးခွင့်သည် ဆိုသည်မှာ ရတောင့်ရခဲဖြစ်သည်။


အကျီအဝတ်အစားစတိုးဆိုင်ဆိုလျင် ..
ဗီရိုထဲတွင် အကျီတွေ၊ ဘောင်းဘီတွေကို သေချာခေါက်ပြီး အိတ်တွေနှင့် ပါကင်ပိတ်ထားကာ ဗီရိုထဲတွင်ကျကျနနပြထားဖို့ဖြစ်သည်။ စမ်းဝတ်ကြည့်ဖို့ဆိုင်တိုင်းက ခွင့်မပြု၊ ဗီရိုထဲက ထုတ်ပြဖို့တောင်မနည်း ပြောပြီးထုတ်ပြခိုင်းရသည်။


နာရီဆိုင်ဆိုလျင် ..
ဗီရိုထဲတွင် နာရီတွေ ကို စီကာရီကာ ပြသထားပြီး၊ ဈေးဝယ်လာလျင်၊ ကြိုက်ရာကို လက်ညိုးထိုး ပါက ထုတ်ပြကြသည်။ လက်ညိုးထိုးတာများသွားပြီး၊ စမ်းဝတ်ကြည့်တာများ၊ ဘာမှမဝယ်ပဲ ပြန်ထွက်လာလျင် ဈေးဝယ်သူက ဆိုင်ရှင်ကို အားနာရသည်။


သီချင်းခွေဆိုင်ဆိုလျင်..
ဗီရိုထဲတွင် သီချင်းခွေတွေကို စီထားပြီး၊ ဝယ်မည့်ခွေပြောမှ ထုတ်ပေးကြသည်။


ဖုန်းဆိုင်ဆိုလျင်..
ဗီရိုကောင်တာထဲတွင်ဖုန်းများကို ထဲ့ထားပြီး ၊ ဈေးဝယ်သူက ဒါလေးပြပါ လို့ပြောမှ ထုတ်ပြကြသည်။


ယနေ့ခေတ်တွင် .. စမ်းသုံးခွင့်သည် ရပိုင်ခွင့်ဖြစ်လာသည်။
Apple ဆိုင်များတွင် ဗီရိုတွေမထားပဲ ဖုန်းများ၊ အိုင်ပတ်များ ကို စားပွဲခုံပေါ်တွင် အချို့ကို နမူနာ ထုတ်ပြထားပြီး စမ်းသုံးခွင့်ပြုထားလာကြသည်။ ထုတ်ပြခိုင်းစရာမလို၊ ပွတ်ချင်သလိုပွတ် စမ်းကြည့်ခွင့်ရသည်။ မဝယ်ခင် စမ်းကြည့်ခြင်း သည် စားသုံးသူများ၏ ရပိုင်ခွင့်ဖြစ်လာသည်။


အီလက်ထရောနစ်ဆိုင်များတွင် ဘာဝယ်ဝယ် စမ်းပြရသည်။ မဝယ်ခင် စမ်းကြည့်ခြင်း သည် စားသုံးသူများ၏ ရပိုင်ခွင့်ဖြစ်သည်။ မစမ်းပဲနှင့် ဝယ်ရမည် ဆိုလျင် စားသုံးသူများ၏ ရပိုင်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်လာသည်။


ဖက်ရှင်စတိုးဆိုင်များတွင် ဗီရိုများပျောက်ကွယ်ပြီး အကျီများကို ချိတ်နှင့်ပြထားပြီး ကြိုက်သလို ရှာဖွေ၊ကြည့်ရှူ၊ စမ်းဝတ်ခွင့်ပြုလာကြသည်။ စမ်းဝတ်လို့ရလားလို့မေးစရာပင်မလိုတော့ပေ။ စမ်းဝတ်ရာတွင်အဆင်ပြေအောင် အခန်းလေးတွေတောင်ပြုလုပ်ပေးထားလာကြသည်။


နည်းပညာခေတ်တွင် .. စမ်းသုံးခွင့်ပေးခြင်းသည် ရလဒ်ကောင်းများဖြစ်ပေါ်စေသည်။
စမ်းသုံးစေခြင်းသည် ဈေးကွက်မြန်မြန်ရခြင်း၊ လုပ်ငန်းမြန်မြန်ကြီးထွားခြင်းအတွက် မားကက်တင်းနည်းလမ်းဖြစ်လာသည်။


စမ်းသုံးသူဦးရေသည် Customer ဖြစ်လာမည့်ဦးရေ နှင့် အချိုးကျပြီး စမ်းသုံးသူများလာလေလေ၊ ဖောက်သည်များလာလေလေဖြစ်လာပြီး လုပ်ငန်းဝင်ငွေ တိုးလာလေလေဖြစ်လာသည်။
စမ်းသုံးစေခြင်းသည် ကိုယ့်ကုန်ပစ္စည်းကို ကောင်းခြင်းငါးဖြာကို စကားလုံးများနှင့်ရှင်းပြခြင်းထက်စာလျင် လက်တွေ့ကျကျ စမ်းသုံးခြင်းမှ အတွေ့ အကြုံကောင်းများအလျောက် စားသုံးသူကို ကိုယ်တိုင်ကိုယ်ကျ ဆုံးဖြတ်စေခြင်းဖြစ်သည်။
စမ်းသုံးစေခြင်းသည် ကိုယ့်ဟာကောင်းသည် ဟု ကြော်ငြာတွေချည်းများနေသောဈေးကွက်တွင် အမှန်တကယ်ကောင်းမကောင်းကို စမ်းသုံးစေခြင်းဖြင့် စားသုံးသူကို ဆုံးဖြတ်ခွင့်ပေးလိုက်ခြင်းဖြစ်သည်။


2008 တွင် Dropbox လို နည်းပညာကုမ္မဏီက စမ်းသုံးခွင့်ပေးခြင်းဖြင့် ဈေးကွက်ဝင်ရောက်လာပြီး 2011 အရောက် (၃) နှစ်အတွင်း $ 4 billion တန်ဖိုးရှိ ကုမ္မဏီဖြစ်လာသည်။


1997 တွင် Netflix လို ကုမ္မဏီက ဗွီဒီယိုဇာတ်ကားများကို စမ်းကြည့်ခွင့်ပေးသည့်ဗျူဟာဖြင့် ဈေးကွက်ဝင်ရောက်လာပြီး ဈေးကွက်အကြီးမားဆုံးရထားသည့် Blockbuster ကို အနိုင်ယူလိုက်သည်။ ယနေ့တွင် ကုမ္မဏီတန်ဖိုးသည် $251 billion ရှိပြီဖြစ်သည်။


1999 တွင် Saleforce သည် SaaS ( Software as a Service) ဆော့ဝဲလ်များကို ဝန်ဆောင်မှုပေးသည့်ကုမ္မဏီအဖြစ် ဝင်ရောက်လာပြီး စမ်းသုံးခွင့်ပေးသည်မှာ ယနေ့ထိပင်ဖြစ်သည်။


Slack ကလဲ စမ်းသုံးခွင့်ပေးသည်။
Hubspot ကလဲ စမ်းသုံးခွင့်ပေးသည်။
ထိုးမှုန့်ဆိုင်တွေ ကလဲ စမ်းစားခွင့်ပေးသည်။
သစ်သီးသည်တောင် မချိုရင်မဝယ်နဲ့ဆိုပြီး စမ်းစားခွင့်ပေးသည်။


စမ်းသုံးခွင့်ပေးရာတွင် နည်းလမ်း (၄) မျိုးရှိကြသည်။

၁။ အစမ်းကာလပေးခြင်း (Trial )
၂။ စမ်းကြည့်ကြိုက်ဝယ် (Freemium)
၃။ နမူနာပြထားခြင်း (Demo)
၄။ ပစ္စည်းနမူနာစမ်းသုံး ( Sample)
ဘယ်နည်းလမ်းပဲဖြစ်စေကာမူ အဓိက ရည်ရွယ်ချက်မှာ စမ်းကြည့်ပြီး အတွေ့အကြုံကောင်းကို ရရှိစေခြင်းဖြစ်သည်။ အတွေ့အကြုံကောင်း သည် အကောင်းဆုံးမားကက်တင်း ပင် ဖြစ်သည်။
ဤတွင် စီးပွားရေးလုပ်ငန်းများအတွက် အရေးကြီးသော မားကက်တင်း မေးခွန်းတစ်ခု ရှိလာသည်..
မေးခွန်း မှာ
မဝယ်ခင် စမ်းသုံးရမှ ကြိုက်သော စားသုံးသူများအတွက် …
မိမိစီးပွားရေးလုပ်ငန်းမှာ၊
ဘယ်လိုထုတ်ကုန်မျိုးကို အကောင်းဆုံးအတွေ့အကြုံများရရှိအောင်၊
ဘယ်နည်းလမ်းနှင့် စမ်းသုံးခွင့် ပေးမလဲ ?? ဆိုသည့် မေးခွန်းပင်ဖြစ်တော့သည်။ ။

မာသင်လိုတိုရှင်း အကြံပေးချက်

ဘာပဲရောင်းရောင်း၊ ရောင်းကောင်းချင်ရင် တစ်ခုခုတော့ စမ်းသုံးခွင့်ပေးလိုက်ပါဗျာ။ ။

မာသင်

Related Articles

သမားရိုးကျကိုကန့်လန့်တိုက်ခြင်း

နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ပုံစံ ( ၁၄) မျိုး

ကိုယ့်မှာ Product ရှိပြီဆိုပေမယ့် ဘယ်လိုပုံစံ နဲ့စီးပွားရေးလုပ်မလဲ ဆိုတာ စဉ်းစားရပါတယ်။ဝယ်သူနဲ့ရောင်းသူ တွေ့ဆုံမယ့်နေရာ၊ အရောင်းအဝယ်လုပ်မယ့် လမ်းကြောင်းစသည်တို့ကို ဖန်တီးရပါတယ်။စီးပွားရေးတစ်ခုကို စတင်လုပ်ကိုင်မယ့် သူများကို ကူညီစဉ်းစားပေးတဲ့အနေနဲ့ ဈေးကွက်မှာ လက်ရှိလုပ်နေကြတဲ့ စီးပွားရေးလုပ်ငန်းပုံစံ (၁၄) မျိုးကို လိုတိုရှင်းဖော်ပြလိုက်ရပါတယ်။ခုဖော်ပြမယ့်အကြောင်းအရာတွေကရောင်းချနည်းတော့မဟုတ်သလို ၊ နည်းလမ်းလဲမဟုတ်ပါ။စီးပွားရေးလုပ်ငန်းတွေအသုံးပြုနေကြတဲ့ ဖြန့််ဖြူးရောင်းချခြင်းဆိုင်ရာ စီးပွားရေး လုပ်ငန်း…

တိုက်ပင်ကိုက်လား၊ တိုင်ပင်လိုက်လား?

တိုင်ပင်ကိုက် (Timing) စီးပွားရေးလုပ်ရမှာလား၊ တိုင်ပင်လိုက် (Trend) စီးပွားရေးလုပ်ရမှာလား ? တိုင်ပင်ကိုက်ရင် ကြွတ်ကြွတ်အိတ် တောင် လေအဝှေ့မှာ အမြင့်ကြီးဆီကိုရောက်သွားနိုင်သလိုပဲ ..ဈေးကွက်မှာ တိုင်ပင်ကိုက်ရင် .. အများကြီးအားအင်မစိုက်ထုတ်လိုက်ရပဲ ရလဒ်ကောင်းတွေရနိုင်သလို ၊ဈေးကွက်တိုင်ပင်မကိုက်ရင် .. အားအင်အများကြီးထုတ်ကြိုးစားပေမယ့် .. ရလဒ်ကောင်းတွေမရနိုင်ဖြစ်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိဖူးခဲ့ကြမှာပါ။တိုင်ပင်ကိုက်တာ နဲ့တိုင်ပင်လိုက်…

Personal Principle Profile

လုပ်ငန်းရှင်တစ်ယောက်၏ ဝန်ထမ်းရေးရာသဘောထားခံယူချက်ကို ဖော်ထုတ်ခြင်း (ကွန်ပျူတာဖြင့်ဖတ်ပါ။ အောက်ပါဖိုင်ကို ဒေါင်းလုပ်ဆွဲပြီးသိမ်းယူထားနိုင်ပါသည်) အပိုင်းတစ်ခုချင်းစီတွင်ရှိသော စာတစ်ကြောင်းချင်းစီကို ဖတ်ပါ။ ပြီးရင် ခံစားချက်အတိုင်း သဘောတူသည် မတူသည်ကို အမှတ်ပေးပါ။ အခန်း(၁) Communication အခန်း(၂) Growth အခန်း (၃) Recognition အခန်း (၄) Empowerment အခန်း…

စားသုံးသူ (၆) မျိုး

ရောင်းရငွေ ဆိုသည့် အကြောင်းအရာ သည် လုပ်ငန်းတိုင်း မဖြစ်မနေ အစဉ်အမြဲ တိုးတက်စေရန် ကြိုးစားအားထုတ်နေရသောအရာဖြစ်သည်။ ယနေ့ရောင်းရငွေ သည် မနက်ဖြန်အတွက် အရင်း ဖြစ်နိုင်သလို၊ ရောင်းရငွေ အတက်အကျသည် လုပ်ငန်းတစ်ခု ရေရှည်ရပ်တည်ရှင်သန်ဖို့အတွက် အားကိုးအားထားရာ အကြောင်းအရာတစ်ရပ်ဖြစ်သည်။ ရောင်းရငွေများလာခြင်းကို ရောင်းအားတက်သည် ပြောကြသည်။ ရောင်းရငွေနည်းသွားခြင်းကို ရောင်းအားကျသည်ဟု…