တိုက်ပင်ကိုက်လား၊ တိုင်ပင်လိုက်လား?
တိုင်ပင်ကိုက် (Timing) စီးပွားရေးလုပ်ရမှာလား၊ တိုင်ပင်လိုက် (Trend) စီးပွားရေးလုပ်ရမှာလား ?
တိုင်ပင်ကိုက်ရင် ကြွတ်ကြွတ်အိတ် တောင် လေအဝှေ့မှာ အမြင့်ကြီးဆီကိုရောက်သွားနိုင်သလိုပဲ ..
ဈေးကွက်မှာ တိုင်ပင်ကိုက်ရင် .. အများကြီးအားအင်မစိုက်ထုတ်လိုက်ရပဲ ရလဒ်ကောင်းတွေရနိုင်သလို ၊
ဈေးကွက်တိုင်ပင်မကိုက်ရင် .. အားအင်အများကြီးထုတ်ကြိုးစားပေမယ့် .. ရလဒ်ကောင်းတွေမရနိုင်ဖြစ်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိဖူးခဲ့ကြမှာပါ။
တိုင်ပင်ကိုက်တာ နဲ့တိုင်ပင်လိုက် တာ မတူပါဘူး။
တိုင်ပင်မလိုက်စေချင်ပဲ .. တိုင်ပင်တော့ ကိုက်စေချင်ပါတယ်။
လိုက်တာက ဈေးကွက်ပေါ်ပင်လိုက်လုပ်တာဖြစ်ပြီး ၊
ကိုက်တာကတော့ ဈေးကွက်တိုင်ပင် နဲ့ကိုယ့်လုပ်ငန်းကိုက်ညီသွားတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။
ဈေးကွက်တိုင်ပင် ဆိုတာ Context of Time ပါပဲ။
ဈေးကွက်မှာ အချိန်အလိုက် အလေးပေး စိတ်ဝင်စားမှု အများဆုံးရှိတဲ့အကြောင်းအရာ မျိုးပေါ့။
Context of Time ဆိုတာ .. လေပွေလို လာလိုက်ပျောက်လိုက်ပါပဲ။
ဈေးကွက်ကြီးတစ်ခုလုံးက ..
တစ်ချိန်မှာ .. ကိုဗစ်နဲ့ပက်သက်တဲ့အကြောင်းအရာတွေ ၊ ကုန်ပစ္စည်းတွေကို စိတ်ဝင်စားခဲ့ဖူးတယ်။
တစ်ချိန်မှာ .. ဖုန်းနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ၊ ကုန်ပစ္စည်းတွေကို စိတ်ဝင်စားခဲ့ဖူးတယ်။
တစ်ချိန်မှာ .. ဆိုင်ကယ်နဲ့ …
တစျခြိနျမှာ .. လျှပ်စစ်ပစ္စည်းတွေနဲ့…
တစ်ချိန်မှာ .. ဖက်ရှင်ပစ္စည်းတွေနဲ့..
တစ်ချိန်မှာ .. အွန်လိုင်းပစ္စည်းတွေနဲ့..
တစ်ချိန်မှာ .. ရွှေဈေးအပြောင်းအလဲ နဲ့. .
တစ်ချိန်မှာ .. ဒေါ်လာဈေးအပြောင်းအလဲ..
တစ်ချိန်မှာ .. ပြီးတော့..
အနာဂတ်မှာ လဲ … ထပ်ပြီး လာဦးမယ်လေ။
တစ်ချိန်တုန်းက လေပွေ တွေ တိုက်ခဲ့သလို ၊
အနာဂတ်မှာလဲ လေပွေ တွေ တိုက်နေဦးမှာပါပဲ။
အဲဒီ လေပွေလေးတစ်ခုက..
ဘယ်အချိန်လာမယ်၊
ဘယ်လောက်ကြီးပြီး၊
ဘာတွေဖြစ်မယ်ဆိုတာကတော့ ဘယ်သူမှ မသိပါဘူး။
ဘယ်သူမှ မသိတဲ့လေပွေအတွက် … တိုင်ပင်ကိုက်ဖို့ဆိုတာ
ကိုယ့်လုပ်ငန်းက ကြွတ်ကြွတ်အိတ်လေးတစ်လုံးဖြစ်နေဖို့ နဲ့
လေလာရာလမ်းကြောင်းမှာ ရောက်နေဖို့က အဓိကပါပဲ။
ကြွတ်ကြွတ်အိတ်လေးတစ်လုံး ဆိုတာ ..
Fixed Asset တွေ၊
Fixed Cost တွေ၊
Inventory တွေနဲ့လေးလံမနေပဲ ပေါ့ပါးနေဖို့ပေါ့ဗျာ။
လေလာရာလမ်းကြောင်းကတော့ .. အွန်လိုင်းပေါ့.. လေထဲမှာ ရှိတာလေ။
လေလာရာလမ်းကြောင်းမှာ ရောက်နေဖို့ .. ဆိုတာက ကိုယ့်လုပ်ငန်းတည်ရှိမှု၊ ဘရန်းတည်ရှိမှု ကို လေထဲမှာ အမြဲဖော်ပြနေဖို့ပေါ့။ အဲဒီလမ်းကြောင်းမှာ လမ်းမပျောက်အောင် မြေပုံ (Map) လေးတစ်ချပ် နဲ့ သံလိုက်အိမ်မြှောင် (Compass) လေးတစ်လုံးတော့ ဆောင်ထားဖို့လိုတာပေါ့။
မာသင်