...

စီးပွားရေးကို အဆင်သင့်မဖြစ်ခင် စတင်ပါ..

စီးပွားရေးကို အဆင်သင့်မဖြစ်ခင် စတင်ပါ..

စီးပွားရေးလုပ်ငန်းတစ်ခုကို အားလုံးအဆင်သင့်ဖြစ်မှ စတင် မယ်ဆိုရင် နောက်ကျသွားပါပြီ။


လွန်ခဲ့တဲ့နှစ်ပေါင်း 563 နှစ် ကျော်လောက်က ဂူတင်ဘတ်က ပထမဆုံး စာအုပ်ကို ရိုက်နှိပ်ထုတ်ဝေခဲ့တယ်။
အဲဒီတုန်းက ဥရောပကြီးတစ်ခုလုံးရဲ့၇% သာစာဖတ်တတ်ပါတယ်။ ဈေးကွက်မရှိဘူး။
စာအုပ်ထွက်ရင် ဖြန့်ဝေပေးဖို့.. စာပေဖြန့်ချိရေးတွေ မရှိဘူး။
စာအုပ်ကို လူအများဝယ်ယူနိုင်အောင်ခင်းကျင်းပြသရောင်းချပေးတဲ့…စာအုပ်ဆိုင်မရှိဘူး။
စာပေချစ်သူတွေ၊ စာအုပ်ဝယ်ယူသူတွေ သန်းနဲ့ချီပြီး တစ်နေရာတည်းမှာ အစုံဝယ်ယူလို့ရနိုင်တဲ့ Amazon ဆိုတာ မရှိဘူး။
ခြုံပြောရရင်….
ဈေးကွက်လဲမရှိသလို၊ဖြန့်ချိရေးစနစ်လဲ မရှိဘူး။
စာအုပ်ဆိုင်တွေ ဆိုတာ မရှိသလို၊စာဖတ်ပရိသတ်ဆိုတာလဲ မရှိဘူး။
ဈေးကွက်မှာ အစစအရာရာ အားလုံးပြည့်စုံကောင်းမွန်မှ စာအုပ်ကို ထုတ်လုပ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ယနေ့ဖတ်စရာစာအုပ်တောင် ရှိမှာ မဟုတ်ပါဘူး။


မိုက်ကရိုဆော့ ( microsoft ) ရဲ့ပထမဆုံး ဗားရှင်းကို ပြန်ကြည့်လိုက်။ အားနည်းချက်တွေ အပြည့်ပါပဲ။
Google မထွက်ခင်၊ ဈေးကွက်ရဲ့အင်အားကြီး Yahoo နဲ့နှိုင်းယှဉ်လိုက်။ google ဆိုတာ Yahoo နဲ့ဘယ်လိုမှ မယှဉ်နိုင်အောင်ပါပဲ။


လေးလက်မထူပြီး 5G ပဲ ဆန့်တဲ့ပထမဆုံး Ipod ကို ပြန်ကြည့်လိုက်။ ခုချိန်ကာလ နဲ့ဆို ဘယ်သူမှ ဝယ်ချင်မှာ မဟုတ်ပါဘူး။


သေတ္တာပုံးတစ်ခုလောက်ကြီးမားပြီးလေးလံတဲ့ပထမဆုံး ဒီဂျစ်တယ်ကင်မရာကို ပြန်ကြည့်လိုက်။ ဓတ်ပုံလေးတစ်ပုံရိုက်ဖို့ သံသေတ္တာပုံးကြီးသယ်သွားရမယ်ဆိုရင် မလွယ်လှပါဘူး။


လုပ်ငန်းတိုင်းက အစပထမမှာ လူအများရဲ့ပြောစကားနဲ့တင် စိတ်ဓတ်ကျစရာပါပဲ။ ဒီလိုပဲ အများပြောစကားတွေကြားထဲက .. မပြည့်စုံမှုတွေကြားထဲက .. အဆင်သင့်မဖြစ်တဲ့ကြားထဲကနေ ထိုးဖောက်ထွက်လာကြတာပါ။


အရာအားလုံး အဆင်ပြေမှ ထွက်မယ် ဆိုရင် နောက်ကျသွားပြီ။


ကိုယ့်အိမ်မက်တွေကို အကောင်အထည်ဖော်ပါ။


အင်္ဂလိပ်စကားပြောသင်ပေးချင်လိုက်တာ လို့ပြောလိုက်တိုင်း ..
“မင်းဘယ်လောက်တတ်လို့လဲ” …. ဆိုတဲ့အများပြောတဲ့စကားကို မေ့လိုက်ပြီး၊ တတ်သလောက် သင်နိုင်ရမယ် ဆိုတဲ့ခံယူချက်နဲ့ စ လုပ်ပါ။


စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်ချင်တာလား။
“စီးပွားရေးလုပ်ရအောင် မင်းမှာ ငွေဘယ်လောက်ရှိလို့လဲ” …. ဆိုတဲ့အများပြောတဲ့စကားကို မေ့လိုက်ပြီး၊ ရှိတဲ့အိုင်ဒီယာ နဲ့ ရှိသလောက်ငွေလေးနဲ့လုပ်နိုင်ရမယ် ဆိုတဲ့ခံယူချက် နဲ့စ လုပ်ပါ။


ကုန်ပစ္စည်းထုတ်လုပ်ချင်တာလား။
“မင်း ကုန်ပစ္စည်း ဘယ်သူမှ ဝယ်မှာ မဟုတ်ပါဘူး” …လို့အများပြောတဲ့စကားကို မေ့လိုက်ပြီး၊ ဝယ်တဲ့သူ ရောင်းမကွာ ဆိုတဲ့ခံယူချက် နဲ့ စရောင်းပါ။


ဖေ့ဘုတ်မှာ ကိုယ်ပိုင် ဘရန်းတစ်ခု၊ အမည်တစ်လုံးကို တည်ဆောက်ချင်တာလား။
“ ဘာတွေတင်၊ ဘာတွေပြောနေတာလဲကွာ၊ ဘယ်သူမှ နားထောင်မှာ မဟုတ်ပါဘူး” …လို့အများပြောတဲ့စကားကို မေ့လိုက်ပြီး ၊ နားထောင်တဲ့သူကိုပြောမကွာ ဆိုတဲ့ ခံယူချက် နဲ့ စ ပြောပါ။


နောက်ဆုံး……
မင်း…မဖြစ်နိုင်ပါဘူးကွာ ..ဆိုတဲ့သူများပြောတဲ့စကားကို မေ့လိုက်ပြီး၊
ငါ..ဖြစ်အောင် လုပ်မယ်ကွာ လို့ …
ယုံကြည်မှုအပြည့် နဲ့… မျက်လုံးစုံမှိတ်၊
ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကို ပြင်းပြတဲ့ စိတ်ဆန္ဒ နဲ့
ရဲရဲကြီး ချလိုက်စမ်းပါဗျာ။

မာသင် မျှဝေသည်

Related Articles

ဂန္တဝင်မြောက်သောနေ့ (Masterpiece Day)

ဂန္တဝင်မြောက်သောနေ့ဆိုတာ နေ့တစ်နေ့ကို စိတ်ပါလက်ပါ လက်ရာမြောက်လောက်အောင် ကိုယ်ဖြစ်ချင်တဲ့အတိုင်း၊ ကိုယ်တန်ဖိုးထားတဲ့လုပ်ရပ်တွေနဲ့နေ့တစ်နေ့ကို ဂန္တဝင်မြောက်လောက်အောင် ပုံဖော်ဖန်တီးလိုက်နိုင်တဲ့နေ့ရက်တစ်ရက်ပါပဲ။ဘဝမှာ ကျွန်တော်တန်ဖိုးထားတဲ့အရာ (၅) မျိုးရှိပါတယ်။တစ်ခုချင်းစီကို နေ့စဉ်တိုးတက်အောင် ကြိုးစားလုပ်ဆောင်လိုက်တဲ့နေ့တိုင်း က ကျွန်တော့်အတွက်တော့ ဂန္တဝင်မြောက်သောနေ့ (Masterpiece Day) ပါပဲ။ အဲဒီ (၅) ခု က..၁။ အသိပညာ (…

ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ပုံစံ ( ၁၄) မျိုး

ကိုယ့်မှာ Product ရှိပြီဆိုပေမယ့် ဘယ်လိုပုံစံ နဲ့စီးပွားရေးလုပ်မလဲ ဆိုတာ စဉ်းစားရပါတယ်။ဝယ်သူနဲ့ရောင်းသူ တွေ့ဆုံမယ့်နေရာ၊ အရောင်းအဝယ်လုပ်မယ့် လမ်းကြောင်းစသည်တို့ကို ဖန်တီးရပါတယ်။စီးပွားရေးတစ်ခုကို စတင်လုပ်ကိုင်မယ့် သူများကို ကူညီစဉ်းစားပေးတဲ့အနေနဲ့ ဈေးကွက်မှာ လက်ရှိလုပ်နေကြတဲ့ စီးပွားရေးလုပ်ငန်းပုံစံ (၁၄) မျိုးကို လိုတိုရှင်းဖော်ပြလိုက်ရပါတယ်။ခုဖော်ပြမယ့်အကြောင်းအရာတွေကရောင်းချနည်းတော့မဟုတ်သလို ၊ နည်းလမ်းလဲမဟုတ်ပါ။စီးပွားရေးလုပ်ငန်းတွေအသုံးပြုနေကြတဲ့ ဖြန့််ဖြူးရောင်းချခြင်းဆိုင်ရာ စီးပွားရေး လုပ်ငန်း…

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..ဈေးကွက်မှာ သင်တန်းတွေများနေပြီ..ဈေးကွက်မှာ လုပ်ငန်းတွေများနေပြီ…အင်း.. သူတို့ပြောတဲ့ဈေးကွက်ဆိုတာ အများပိုင်ဈေးကွက်ကို ပြောတာ။ဈေးကွက်ဆိုတာနှစ်ကွက်ရှိတယ်၊ အများပိုင်ဈေးကွက်နဲ့ ကိုယ်ပိုင်ဈေးကွက် ။ ကိုယ်ပိုင်ဈေးကွက်ဆိုတာ.. ကိုယ်ပိုင်ဈေးကွက်ဆိုတာ ကိုယ့်ကိုယုံကြည်တဲ့လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်လုပ်တာတွေ၊ ကိုယ်ရူးသွပ်တာတွေကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ့်ရဲ့ဝန်ဆောင်မှုကို၊ ထုတ်ကုန်ကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်ကိုယ်တိုင်ကလဲ ကွဲထွက်နေမှ ကိုယ့်ဈေးကွက်ကလဲ…

ပေးတဲ့ဘရန်း ၊ ယူတဲ့လုပ်ငန်း

( ကြော်ငြာပိုစ်) စီးပွားရေးလုပ်တာ ဆိုပေမယ့်…. စီးပွားဆန်လို့မရဘူး။စီးပွားဆန်တဲ့လုပ်ငန်းကို စားသုံးသူတွေ မကြိုက်ကြဘူး။ဒါကြောင့် .. စီးပွားရေးဆိုပေမယ့်.. စီးပွားမဆန်ပဲ ဘရန်းဆန်ပါ။ စီးပွားဆန်တဲ့သူ ဆိုတာ … ရေတိုတွေးတယ်။ဘရန်းဆန်တဲ့သူဆိုတာ .. ရေရှည်တွေးတယ်။ စီးပွားဆန်တဲ့သူဆိုတာ .. တစ်ခါစားလုပ်တယ်။ဘရန်းဆန်တဲ့သူဆိုတာ.. တစ်သက်စားဖို့လုပ်တယ်။ စီးပွားဆန်တဲ့သူဆိုတာ.. ကိုယ့်အတွက် ယူဖို့ ကို…

ဘာလုပ်ငန်းလုပ်လုပ်.. ဘရန်း (၃) မျိုးတည်ဆောက်ပါ။

ဘာလုပ်ငန်းလုပ်လုပ်.. ဘရန်း (၃) မျိုးတည်ဆောက်ပါ။ ဘယ်လို ဘရန်း (၃) မျိုးလဲ ဆိုရင် …၁။ Product Brand ( ထုတ်ကုန်ဘရန်း)၂။ Company Brand (လုပ်ငန်းဘရန်း)၃။ Personal Brand (လူပုဂ္ဂိုလ် ဘရန်း) ထုတ်ကုန်ဘရန်း (Product Brand)***************************** အစပထမမှာ…