...

ကောင်းရဲ့သားနဲ့ ဘာကြောင့်မရောင်းရတာလဲ ?

ကောင်းရဲ့သားနဲ့ ဘာကြောင့်မရောင်းရတာလဲ ?

ထုတ်ကုန်တစ်ခုက ဒီလောက်ကောင်းရဲ့သားနဲ့ ဘာကြောင့်မရောင်းရတာလဲ ?
“အကောင်းဆုံး တွေ ၊ သာမာန် တွေ” .. က အဓိကမဟုတ်ဘူး။
လူတစ်ယောက်တည်း သိတဲ့ “အကောင်းဆုံး Product” တစ်ခု ထက်
လူတစ်သန်းသိကြတဲ့ “သာမာန် Product” တစ်ခုက ဈေးကွက်မှာ ရောင်းအားပိုကောင်းလေ့ရှိပါတယ်။


ကိုယ့်ထုတ်ကုန်က သာမာန် Product ဖြစ်နေစေဦးတော့ ..
“လူတစ်သန်း” သိအောင်လုပ်ပါ။


အဓိက က လူတစ်သန်း ပါ။
အကောင်းဆုံးဖြစ်တိုင်း လူသိတာမဟုတ်ပါဘူး၊
လူသိများဖို့ ဆိုတာ သီးသန့်လုပ်ရတာပါ။

မာသင်

Related Articles

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..ဈေးကွက်မှာ သင်တန်းတွေများနေပြီ..ဈေးကွက်မှာ လုပ်ငန်းတွေများနေပြီ…အင်း.. သူတို့ပြောတဲ့ဈေးကွက်ဆိုတာ အများပိုင်ဈေးကွက်ကို ပြောတာ။ဈေးကွက်ဆိုတာနှစ်ကွက်ရှိတယ်၊ အများပိုင်ဈေးကွက်နဲ့ ကိုယ်ပိုင်ဈေးကွက် ။ ကိုယ်ပိုင်ဈေးကွက်ဆိုတာ.. ကိုယ်ပိုင်ဈေးကွက်ဆိုတာ ကိုယ့်ကိုယုံကြည်တဲ့လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်လုပ်တာတွေ၊ ကိုယ်ရူးသွပ်တာတွေကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ့်ရဲ့ဝန်ဆောင်မှုကို၊ ထုတ်ကုန်ကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်ကိုယ်တိုင်ကလဲ ကွဲထွက်နေမှ ကိုယ့်ဈေးကွက်ကလဲ…

ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ပုံစံ ( ၁၄) မျိုး

ကိုယ့်မှာ Product ရှိပြီဆိုပေမယ့် ဘယ်လိုပုံစံ နဲ့စီးပွားရေးလုပ်မလဲ ဆိုတာ စဉ်းစားရပါတယ်။ဝယ်သူနဲ့ရောင်းသူ တွေ့ဆုံမယ့်နေရာ၊ အရောင်းအဝယ်လုပ်မယ့် လမ်းကြောင်းစသည်တို့ကို ဖန်တီးရပါတယ်။စီးပွားရေးတစ်ခုကို စတင်လုပ်ကိုင်မယ့် သူများကို ကူညီစဉ်းစားပေးတဲ့အနေနဲ့ ဈေးကွက်မှာ လက်ရှိလုပ်နေကြတဲ့ စီးပွားရေးလုပ်ငန်းပုံစံ (၁၄) မျိုးကို လိုတိုရှင်းဖော်ပြလိုက်ရပါတယ်။ခုဖော်ပြမယ့်အကြောင်းအရာတွေကရောင်းချနည်းတော့မဟုတ်သလို ၊ နည်းလမ်းလဲမဟုတ်ပါ။စီးပွားရေးလုပ်ငန်းတွေအသုံးပြုနေကြတဲ့ ဖြန့််ဖြူးရောင်းချခြင်းဆိုင်ရာ စီးပွားရေး လုပ်ငန်း…

ဘာလုပ်ငန်းလုပ်လုပ်.. ဘရန်း (၃) မျိုးတည်ဆောက်ပါ။

ဘာလုပ်ငန်းလုပ်လုပ်.. ဘရန်း (၃) မျိုးတည်ဆောက်ပါ။ ဘယ်လို ဘရန်း (၃) မျိုးလဲ ဆိုရင် …၁။ Product Brand ( ထုတ်ကုန်ဘရန်း)၂။ Company Brand (လုပ်ငန်းဘရန်း)၃။ Personal Brand (လူပုဂ္ဂိုလ် ဘရန်း) ထုတ်ကုန်ဘရန်း (Product Brand)***************************** အစပထမမှာ…

မားကက်တင်း အမြဲလုပ်ပါ။

သင့်စီးပွားရေး ဘယ်လောက်လုပ်ငန်းကောင်းနေနေ၊ မားကက်တင်း လုပ်ဖြစ်အောင်လုပ်ပါ။ မားကက်တင်း ရဲ့အဓိက ရည်ရွယ်ချက်က .. ဝယ်လိုသူတွေများလာအောင်လုပ်တာပါ။ရောင်းရအောင်လုပ်တာမဟုတ်ပါဘူး။မရောင်းပဲနဲ့ဝယ်စေတာပါ။ဝယ်စေအောင်လုပ်ရင်း .. ရောင်းအားတွေတက်လာတာပါ။သင် ယနေ့ရောင်းအားတွေကောင်းပြီး စီးပွားကောင်းနေတယ်ဆိုတာ အတိတ်မှာ မားကက်တင်း ကောင်းကောင်းလုပ်နိုင်ခဲ့လို့ပါ။အနာဂတ်မှာ ဒီလိုပဲ စီးပွားဖြစ်ရောင်းအားကောင်းနေဖို့.. ယနေ့မှာ မားကက်တင်း ဆက်လုပ်ဖို့လိုပါတယ်။ တွန်းအားတစ်ခု ဆက်မရှိနေရင် .. အရှိန်ဆိုတာ…

“နာမည်ကျော် ဘောလုံးသမား”

ကိုယ်ပိုင် ဘရန်း (Personal Brand) ဆိုတာ ဘောလုံးကစားသမားတစ်ယောက်လိုပဲ။ပါဝင်ဆော့ကစားတဲ့ ဘောလုံးအသင်း (Team) တွေသာ တစ်ခုပြီးတစ်ခု ပြောင်းသွားတယ်၊အားပေးတဲ့ Fans တွေကပြောင်းမသွားဘူး။ “နာမည်ကျော် လုပ်ငန်းရှင်”စီးပွားရေးမှာလဲ ကိုယ်ပိုင်ဘရန်း ဆိုတာ အင်မတန်စွမ်းတယ်။ ခုမှ စတင် ဖြန့်ဖြူးရောင်းချတဲ့ ကုန်ပစ္စည်းဆိုပေမယ့် သူလုပ်တဲ့ ထုတ်ကုန်ဆိုရင်ယုံပြီးသားပဲ ဆိုပြီး…