...

So good …. they can’t ignore you

So good …. they can’t ignore you

So good they can’t ignore you တဲ့ ။ Cal Newport ရဲ့စာအုပ် နာမည်ပါ။
ကောင်းလွန်းတဲ့ အဓိပ္ပါယ် ရှိတယ်လို့ ကျွန်တော်မြင်ပါတယ်။


ပြိုင်ဆိုင်မှုတွေ၊ လုပ်ငန်းတူတွေများတဲ့ ဒီနေ့ခေတ်အင်တာနက်ဈေးကွက်မှာ စားသုံးသူတိုင်းက ကုန်ပစ္စည်းတိုင်းကို တူညီတဲ့ အာရုံ၊သတိထားမိမှု မပေးနိုင်ပါဘူး။ ဒါကြောင့် လုပ်ငန်းအများစုက ignorance ( မျက်ကွယ်ပြု) ခြင်း ခံကြရပါတယ်။
လူတစ်ဦးတစ်ယောက်အနေနဲ့(ဒါမှမဟုတ်) လုပ်ငန်းတစ်ခုအနေနဲ့.. ဈေးကွက်မှာ


Attention (အာရုံထားမှု) ရအောင်..
Awareness (သတိထားမိမှု) ရအောင်.. ကြိုးစားကြရာမှာ ..
So good …. they can’t ignore you ဆိုတာ


သူတို့တွေ သတိမထားမိပဲ၊ အသိအမှတ်မပြုပဲ မနေနိုင်အောင်ကို .. တော်ပြ၊ ကောင်းပြလိုက်စမ်းပါ ဆိုတဲ့ စာကြောင်းလေးက အင်မတန်မှ အဓိပ္ပါယ်ရှိတဲ့ စာအကြောင်းလေးတစ်ခုဖြစ်တယ်လို့မြင်မိပါတယ်ခင်ဗျာ။ ။

မာသင်

Related Articles

ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ပုံစံ ( ၁၄) မျိုး

ကိုယ့်မှာ Product ရှိပြီဆိုပေမယ့် ဘယ်လိုပုံစံ နဲ့စီးပွားရေးလုပ်မလဲ ဆိုတာ စဉ်းစားရပါတယ်။ဝယ်သူနဲ့ရောင်းသူ တွေ့ဆုံမယ့်နေရာ၊ အရောင်းအဝယ်လုပ်မယ့် လမ်းကြောင်းစသည်တို့ကို ဖန်တီးရပါတယ်။စီးပွားရေးတစ်ခုကို စတင်လုပ်ကိုင်မယ့် သူများကို ကူညီစဉ်းစားပေးတဲ့အနေနဲ့ ဈေးကွက်မှာ လက်ရှိလုပ်နေကြတဲ့ စီးပွားရေးလုပ်ငန်းပုံစံ (၁၄) မျိုးကို လိုတိုရှင်းဖော်ပြလိုက်ရပါတယ်။ခုဖော်ပြမယ့်အကြောင်းအရာတွေကရောင်းချနည်းတော့မဟုတ်သလို ၊ နည်းလမ်းလဲမဟုတ်ပါ။စီးပွားရေးလုပ်ငန်းတွေအသုံးပြုနေကြတဲ့ ဖြန့််ဖြူးရောင်းချခြင်းဆိုင်ရာ စီးပွားရေး လုပ်ငန်း…

ဂန္တဝင်မြောက်သောနေ့ (Masterpiece Day)

ဂန္တဝင်မြောက်သောနေ့ဆိုတာ နေ့တစ်နေ့ကို စိတ်ပါလက်ပါ လက်ရာမြောက်လောက်အောင် ကိုယ်ဖြစ်ချင်တဲ့အတိုင်း၊ ကိုယ်တန်ဖိုးထားတဲ့လုပ်ရပ်တွေနဲ့နေ့တစ်နေ့ကို ဂန္တဝင်မြောက်လောက်အောင် ပုံဖော်ဖန်တီးလိုက်နိုင်တဲ့နေ့ရက်တစ်ရက်ပါပဲ။ဘဝမှာ ကျွန်တော်တန်ဖိုးထားတဲ့အရာ (၅) မျိုးရှိပါတယ်။တစ်ခုချင်းစီကို နေ့စဉ်တိုးတက်အောင် ကြိုးစားလုပ်ဆောင်လိုက်တဲ့နေ့တိုင်း က ကျွန်တော့်အတွက်တော့ ဂန္တဝင်မြောက်သောနေ့ (Masterpiece Day) ပါပဲ။ အဲဒီ (၅) ခု က..၁။ အသိပညာ (…

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..ဈေးကွက်မှာ သင်တန်းတွေများနေပြီ..ဈေးကွက်မှာ လုပ်ငန်းတွေများနေပြီ…အင်း.. သူတို့ပြောတဲ့ဈေးကွက်ဆိုတာ အများပိုင်ဈေးကွက်ကို ပြောတာ။ဈေးကွက်ဆိုတာနှစ်ကွက်ရှိတယ်၊ အများပိုင်ဈေးကွက်နဲ့ ကိုယ်ပိုင်ဈေးကွက် ။ ကိုယ်ပိုင်ဈေးကွက်ဆိုတာ.. ကိုယ်ပိုင်ဈေးကွက်ဆိုတာ ကိုယ့်ကိုယုံကြည်တဲ့လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်လုပ်တာတွေ၊ ကိုယ်ရူးသွပ်တာတွေကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ့်ရဲ့ဝန်ဆောင်မှုကို၊ ထုတ်ကုန်ကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်ကိုယ်တိုင်ကလဲ ကွဲထွက်နေမှ ကိုယ့်ဈေးကွက်ကလဲ…

အဓိပ္ပါယ်ရှိသောစီးပွားရေးလုပ်ပါ

ပိုက်ဆံရှာဖို့လုပ်တဲ့စီးပွားရေး ထက်၊ အဓိပ္ပါယ်ရှာဖို့လုပ်တဲ့ စီးပွားရေး က ပိုက်ဆံပိုဝင်တယ်။ စီးပွားရေးလုပ်ငန်းတစ်ခုက ကိုယ့်အတွက်လဲ အဓိပ္ပါယ် ရှိတယ်၊ စားသုံးသူတွေအတွက်လဲ အဓိပ္ပါယ်ရှိတယ် ဆိုရင် တစ်ချိန်မှာ အောင်မြင်တာပါပဲ။အဓိပ္ပါယ်ဆိုတာ လုပ်ငန်းအတွက်လဲ အရေးကြီးသလို၊ စားသုံးသူအတွက်လဲအရေးကြီးပါတယ်။ကိုယ့်အတွက် အဓိပ္ပါယ်ရှိသော အလုပ်တစ်ခု ဆိုတာ ထမင်းစားမေ့ဟင်းစားမေ့ လုပ်နိုင်တယ်။ ဘယ်လောက်အခက်အခဲရှိရှိ ကြိုးစားတယ်။…

သမားရိုးကျကိုကန့်လန့်တိုက်ခြင်း

နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…