ရိုးရိုးရှင်းရှင်း မားကက်တင်း
⭐ ဖေ့ဘုတ်( facebook) ဖွင့်လိုက်ရင် .. ပိုစ့်တင်တဲ့နေရာ ကွက်လပ်လေးမှာ မေးခွန်းတစ်ခု တွေ့လိမ့်မယ်..
What’s on your mind တဲ့ ။
ဘာတွေတွေးနေလဲ .. ပေါ့။
⭐တွစ်တာ (Twitter) ဖွင့်လိုက်ရင် … ပိုစ်တင်တဲ့နေရာမှာ မေးခွန်းက …What’s happening တဲ့ ။
ဘာတွေဖြစ်နေလဲ .. ပေါ့။
⭐ပင်းထရတ် (Pintrest ) ကို ဖွင့်လိုက်ရင် .. မေးခွန်းက ..
What are you into these days တဲ့။
ဒီရက်ပိုင်းဘာတွေ စိတ်နစ်ပြီး လှုပ်ရှားနေလဲ.. ပေါ့။
⭐ယူကျူ့ (youtube) ဖွင့်ကြည့်ပြီး .. ဗွီဒီယိုတွေကြည့်တော့ ကိုယ့်ကိုယ်ကို မေးခွန်းတစ်ခုမေးမိတယ်။
What are you working on
ဘာတွေကြိုးစားလုပ်ဆောင်နေသလဲ.. ပေါ့။
စဉ်းစားမိတယ်..
ဖေ့ဘုတ်ပွတ်နေတဲ့ ငါ … ကိုယ့်ကိုမေးတဲ့ မေးခွန်းတွေကို ကိုယ်ဘာသာကိုယ် မဖြေပဲ၊ သူများတွေ ဖြေပြီး တင်ထားတဲ့ ပိုစ့်တွေကို အချိန်ကုန်ခံလိုက်ကြည့်ပြီး အားကျလိုက်၊ ငါလဲသူ့လို ဖြစ်ချင်လိုက်တာ လို့တွေးလိုက်၊ သူတို့ဘယ်လိုများကြိုးစားလို့ဒီလောက် Like တွေ Follower တွေများနေတာပါလိမ့်လို့တွေးလိုက်နဲ့. ငါ့ ဖေ့ဘုတ် ကို ဘယ်လို အကောင်းဆုံး မားကက်တင်း လုပ်ရမလဲ လို့တွေး နေမိတယ်.. ။
အမှန်တော့ .. ရှင်းရှင်းလေး .. မေးခွန်းကို ဖြေလိုက်ယုံပဲ။
ဒီ မေးခွန်း (၄) ခု ကို နေ့တိုင်းဖြေတတ်ရင် ကိုပဲ တော်တော် ကောင်းတဲ့ မားကက်တင်းဖြစ်နေပြီ ။
1. What’s on your mind ဘာတွေ တွေးနေလဲ ?
2. What’s happening လက်ရှိ ဘာတွေ ဖြစ်နေလဲ ?
3. What are you into these days ခုရက်ပိုင်း ဘာတွေလှုပ်ရှားနေလဲ ?
4. What are you working on ဘာတွေ ကြိုးစားလုပ်ဆောင်နေသလဲ ?
မေးခွန်းတွေကတော့ ကောာင်းတယ်ဗျာ။
နေ့တိုင်း ဖြေပြီး တင်နေယုံပဲ။
“ရိုးရိုးရှင်းရှင်း မားကက်တင်း” လို့တောင် နာမည်ပေးလိုက်ချင်ရဲ့ .. .
ဒါကြောင့် .. အကျိုးရှိမယ့်အရာလေးတစ်ခု ပြောမယ်ဗျာ၊
ကိုမာသင် ရေ… ဖေ့ဘုတ်မှာ Follower တွေ၊ Like တွေများချင်လို့.. ဘယ်လို မားကက်တင်း လုပ်ရမလဲ ? … လို့ မေးလာခဲ့ရင် … လို.တို.ရှင်း လေးဖြေပါရစေ၊
မေးခွန်း တွေဖြေလိုက်! … လို့ ။
ရိုးရိုးရှင်းရှင်း မားကက်တင်း ပါပဲ။
အမှန်တော့ ..
အရိုးရှင်းဆုံး … ဆိုတာ အကောင်းဆုံး မားကက်တင်း ပါပဲဗျာ။ ။