အကျင့်ကောင်းဆိုတာလေ့ကျင့်ရတယ်
ကောင်းမွန်တဲ့အရာတွေကို လေ့ကျင့်ရမယ်။ ဒါမှ အကျင့်ကောင်းဆိုတာဖြစ်မယ်။ အကျင့်ကောင်းတွေရှိမှ ရလဒ်ကောင်းတွေထွက်မယ်။
အလေ့အကျင့် ဆိုတာ လွတ်လပ်မှုကို ဖန်တီးတယ်။ အကျင့်တစ်ခုက အော်တိုလုပ်နေတဲ့အတွက် သိပ်ပြီးတော့ စဉ်းစားစရာမလိုတော့ဘူး။ အားစိုက်စရာမလိုတော့ဘူး။ ဒါကို Automation လို့ခေါ်တယ်။ အဲ့ဒီအရာကြောင့် လွတ်လပ်လာတယ်။ ဥပမာ စက်ဘီးစီးသင်သလိုပေါ့။ သင်ခါစတုန်းကအာရုံအရမ်းစိုက်ရတယ်။ လက်မောင်းတွေတင်းနေတာပဲ။ stress ဖြစ်တယ်။ စိုးရိမ်စိတ်ဖြစ်တယ်။ တဖြေးဖြေးနဲ့ ကျွမ်းကျင်လာတယ်။ stress. လျော့လာတယ်။ automation ဖြစ်လာတယ်။ လုပ်နေရတဲ့အလုပ်က အတူတူပဲ၊ ဒါပေမယ့် ခေါင်းမခဲတော့ဘူး၊ ဖိအားမဖြစ်တော့ဘူး။ အေးဆေးဖြစ်သွားတယ်။ အဲဒီအခါမှာ လွတ်လပ်တော့တာပဲ။
ကောင်းမွန်တဲ့အရာတွေကို နေ့စဉ်လုပ်ပြီး လေ့ကျင့်ပါ။
အကျင့်ကောင်းဆိုတာ လေ့ကျင့်ရပါတယ်။
အတွေးဒသနမျှဝေခြင်း