...

“နာမည်ကျော် ဘောလုံးသမား”

“နာမည်ကျော် ဘောလုံးသမား”

ကိုယ်ပိုင် ဘရန်း (Personal Brand) ဆိုတာ ဘောလုံးကစားသမားတစ်ယောက်လိုပဲ။
ပါဝင်ဆော့ကစားတဲ့ ဘောလုံးအသင်း (Team) တွေသာ တစ်ခုပြီးတစ်ခု ပြောင်းသွားတယ်၊
အားပေးတဲ့ Fans တွေကပြောင်းမသွားဘူး။


“နာမည်ကျော် လုပ်ငန်းရှင်”
စီးပွားရေးမှာလဲ ကိုယ်ပိုင်ဘရန်း ဆိုတာ အင်မတန်စွမ်းတယ်။ ခုမှ စတင် ဖြန့်ဖြူးရောင်းချတဲ့ ကုန်ပစ္စည်းဆိုပေမယ့် သူလုပ်တဲ့ ထုတ်ကုန်ဆိုရင်ယုံပြီးသားပဲ ဆိုပြီး အားပေးကြတယ်။ အမှန်တော့ ထုတ်ကုန်တစ်ခုက အဲဒီအခြေအနေမျိုး ယုံကြည်မှုတစ်ခုကို ရောက်ဖို့ဆိုတာ အချိန်တွေအများကြီးပေးရတာ၊ မလွယ်ဘူး။ ဒါပေမယ့် ကိုယ်ပိုင်ဘရန်းက Leverage တစ်ခုလို ပံ့ပိုးပေးသွားတော့ ထုတ်ကုန်အပေါ်မှာ ယုံကြည်မှု ဆိုတာ ကူးစက်သွားတယ်။ ရောဂါပိုးပဲ ကူးစက်တာမဟုတ်ဘူး။ ယုံကြည်မှု ဆိုတာ လဲ ကူးစက်တတ်တယ်။


ဒါကြောင့် …
စီးပွားရေး ဘရန်း (Business Brand) တစ်ခုတည်းနဲ့ကျေနပ်မနေပဲ.. ကိုယ်ပိုင်ဘရန်း ( Personal Brand) ဖြစ်အောင်လုပ်။ကိုယ်ပိုင် ဘရန်း (Personal Brand) ဆိုတာ အင်မတန် အစွမ်းထက်တယ်။ လုပ်ငန်းတစ်ခုစတိုင်း အစကနေ ပြန်တည်ဆောက် စရာမလိုတော့တဲ့အတွက် အချိန်တွေ၊ ငွေတွေ၊ ခွန်အားေ တွအများကြီးသက်သာသွားတယ်။
ဘာကြောင့် ကိုယ်ပိုင် ဘရန်းက အစွမ်းထက်သလဲ ဆိုရင် ..
ဈေးကွက် (Market ) ဆိုတာ လူတွေနဲ့ ဖွဲ့စည်းထားတာ..
လူတွေဆိုတာ ..သက်မဲ့တဲ့ လုပ်ငန်းတစ်ခုထက်၊
သက်ရှိတဲ့ လူ လူချင်း ရင်းနှီးစွာဆက်ဆံရတာကို ပိုကြိုက်တယ်။
လူ လူချင်း ဆက်သွယ် တာက ပိုအသက်ဝင်တယ်လေ။


နှိုင်းယှဉ်ရမယ်ဆိုရင်လဲ …
Elon Musk ရဲ့ ဖန်တွေ (follower) က Tesla ကုမ္မဏီ ထက်များတယ်။
Micheal Dell ရဲ့follower က Dell ကုမ္မဏီ ထက်များတယ်။
Amazon ရဲ့ပဲ့ကိုင်ရှင် Jeff Bezos…
Allibaba တည်ထောင်သူ Jack Ma …
Apple ဉာဏ်ကြီးရှင် Steve Jobs …
AYA ဘဏ် ရဲ့ ဦးဇော်ဇော် …စတဲ့ သူတွေအကုန်လုံးက စီးပွားရေး ဘရန်း (Business Brand) တစ်ခုတည်း မဟုတ်ပဲ ကိုယ်ပိုင် ဘရန်း (Personal Brand) တစ်ခုပါတည်ဆောက်ထားကြတယ်။

" ဈေးကွက်က …
လုပ်ငန်းကို အားပေးတာ မဟုတ်ဘူး၊ လူ ကို အားပေးတာ။
ကိုယ့်ဆိုင်ကို လာဝယ်တာမဟုတ်ဘူး၊ ကိုယ့် ဆီကိုလာဝယ်တာ။
ကိုယ့်ကို မကြိုက်ရင် ..
ကိုယ်ဆိုင်လဲမလာတော့ဘူး၊ ကိုယ့်ပစ္စည်းလဲ မသုံးဘူးလေ။"

ကိုယ်ပိုင်ဘရန်း ရဲ့အစွမ်းက ကိုယ်လုပ်နေတဲ့ လုပ်ငန်းတွေသာတစ်ခုပြီး တစ်ခု ပြောင်းသွားမယ်။အားပေးနေကြတဲ့ Fans တွေက အားပေးနေဆဲပဲ။ ။
ဒါကြောင့် …
ကိုယ့် လုပ်ငန်း ရဲ့ဘရန်း ကို ကိုယ်ပိုင်ဘရန်း နဲ့တွဲလျက် ရှင်သန်ပါ။

မာသင်

Related Articles

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..ဈေးကွက်မှာ သင်တန်းတွေများနေပြီ..ဈေးကွက်မှာ လုပ်ငန်းတွေများနေပြီ…အင်း.. သူတို့ပြောတဲ့ဈေးကွက်ဆိုတာ အများပိုင်ဈေးကွက်ကို ပြောတာ။ဈေးကွက်ဆိုတာနှစ်ကွက်ရှိတယ်၊ အများပိုင်ဈေးကွက်နဲ့ ကိုယ်ပိုင်ဈေးကွက် ။ ကိုယ်ပိုင်ဈေးကွက်ဆိုတာ.. ကိုယ်ပိုင်ဈေးကွက်ဆိုတာ ကိုယ့်ကိုယုံကြည်တဲ့လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်လုပ်တာတွေ၊ ကိုယ်ရူးသွပ်တာတွေကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ့်ရဲ့ဝန်ဆောင်မှုကို၊ ထုတ်ကုန်ကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်ကိုယ်တိုင်ကလဲ ကွဲထွက်နေမှ ကိုယ့်ဈေးကွက်ကလဲ…

ဂန္တဝင်မြောက်သောနေ့ (Masterpiece Day)

ဂန္တဝင်မြောက်သောနေ့ဆိုတာ နေ့တစ်နေ့ကို စိတ်ပါလက်ပါ လက်ရာမြောက်လောက်အောင် ကိုယ်ဖြစ်ချင်တဲ့အတိုင်း၊ ကိုယ်တန်ဖိုးထားတဲ့လုပ်ရပ်တွေနဲ့နေ့တစ်နေ့ကို ဂန္တဝင်မြောက်လောက်အောင် ပုံဖော်ဖန်တီးလိုက်နိုင်တဲ့နေ့ရက်တစ်ရက်ပါပဲ။ဘဝမှာ ကျွန်တော်တန်ဖိုးထားတဲ့အရာ (၅) မျိုးရှိပါတယ်။တစ်ခုချင်းစီကို နေ့စဉ်တိုးတက်အောင် ကြိုးစားလုပ်ဆောင်လိုက်တဲ့နေ့တိုင်း က ကျွန်တော့်အတွက်တော့ ဂန္တဝင်မြောက်သောနေ့ (Masterpiece Day) ပါပဲ။ အဲဒီ (၅) ခု က..၁။ အသိပညာ (…

ဘာလုပ်ငန်းလုပ်လုပ်.. ဘရန်း (၃) မျိုးတည်ဆောက်ပါ။

ဘာလုပ်ငန်းလုပ်လုပ်.. ဘရန်း (၃) မျိုးတည်ဆောက်ပါ။ ဘယ်လို ဘရန်း (၃) မျိုးလဲ ဆိုရင် …၁။ Product Brand ( ထုတ်ကုန်ဘရန်း)၂။ Company Brand (လုပ်ငန်းဘရန်း)၃။ Personal Brand (လူပုဂ္ဂိုလ် ဘရန်း) ထုတ်ကုန်ဘရန်း (Product Brand)***************************** အစပထမမှာ…

သမားရိုးကျကိုကန့်လန့်တိုက်ခြင်း

နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

ကိုယ်မပါလဲ ငွေဝင်ဖို့ဆိုတာ..

စီးပွားရေးလုပ်ငန်းတိုင်းမှာ PRODUCT (ထုတ်ကုန်) ဆိုတာရှိတယ်။ ဒါပေမယ့် ထုတ်ကုန် တစ်ခုကပဲ‌ ငွေဝင်တာမဟုတ်ဘူး။ ထုတ်ကုန်ဆိုတာ ASSET ဖြစ်တယ်။ ASSET တိုင်းက တန်ဖိုးတစ်စုံတစ်ရာရှိနေတယ်။ အဲဒီ Assets တန်ဖိုးပြောင်းလဲမှုတွေကနေလဲ ငွေဝင်နိုင်တယ်။ ကိုယ်မပါပဲ ငွေဝင်နေဖို့ဆိုတာ ကိုယ်မရှိပဲလဲ တန်ဖိုးရှိနေ၊ ဖြစ်နေတဲ့ ASSETS တွေကိုလုပ်ငန်းထဲမှာ…