...

စပ်တူလုပ်ငန်းအတွက်ငွေကြေးအချက် (၁၀) ချက်

စပ်တူလုပ်ငန်းအတွက်ငွေကြေးအချက် (၁၀) ချက်

စပ်တူလုပ်ငန်းမှာ သတိထားသင့်တဲ့ ငွေကြေးအချက် (၁၀) ချက်

1. Goodwill

နာမည်ကောင်းတန်ဖိုး လို့လဲ ခေါ်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ Brand Value ဘရန်းတန်ဖိုးဆိုပြီးတော့ မိမိလုပ်ငန်းထဲပေါင်းထဲ့ကြပေမယ့်၊ အမှန်တော့ လုပ်ငန်းတစ်ခုက အခြားလုပ်ငန်းတစ်ခုကို ဝယ်ယူတဲ့အခါ လုပ်ငန်းရဲ့ Net Asset Value တန်ကြေး ထက်ကျော်လွန်ပြီးပေးလိုက်ရတဲ့ ကွာဟငွေပမာဏဖြစ်ပါတယ်။ ထူးခြားတာက Intangible Asset ဖြစ်ပေမယ့် တန်ဖိုးကို Depreciate ( တန်ဖိုးလျော့ မနုတ်ပဲ) မလုပ်ပဲ impairment လုပ်ရပါတယ်။ တစ်ချိန်မှာ ကြီးမားတဲ့ကုန်ကျစားရိတ် ဖြစ်တတ်ပါတယ်။ ရှယ်ယာမထဲ့ခင် သေချာကြည့်ပါ။

2. Foreign Currencies

စပ်တူရှယ်ယာပေါင်းလုပ်ကြတော့မယ်ဆိုရင် မိမိတို့ပေါင်းစပ်လိုက်တဲ့ မတည်ရင်းနှီးငွေ (Capital) ကို နိုင်ငံခြားငွေအတက်အကျအလိုက်ဆုံးရှူံးမှု မကြီးအောင် ဆောင်ရွက်ထားဖို့အရမ်းအရေးကြီးပါတယ်။

လုပ်ငန်းက ပြည်ပကနေ စက်ပစ္စည်းတွေဝယ်ယူလုပ်ဆောင်ရတဲ့လုပ်ငန်းမျိုး၊ ပြည်ပကုန်ပစ္စည်းတွေကို အားကိုးအားထားပြုရတဲ့လုပ်ငန်းမျိုးဆိုရင် ပိုလို့တောင်အရေးကြီးပါတယ်။

3. Capital Budgeting

စပ်တူရှယ်ယာလုပ်ကြတော့မယ်ဆိုရင်း ရင်းနှီးမတည်ငွေကို စဉ်းစားဆုံးဖြတ်ရပါတယ်။ ဒီပမာဏလောက်ဆိုရင် လုံလောက်ပြီ လို့ယူဆပြီး လုပ်ကြရာမှာ တကယ်လုပ်ကြည့်မှ မလုံလောက်မှန်းသိပြီး နောက်ထပ် ငွေထည့်ဝင်ဖို့ လိုအပ်လာတဲ့အခါ ရှယ်ယာရှင်တွေက မထည့်ချင်၊ မထည့်နိုင်ဖြစ်ပြီး လုပ်ငန်းအခက်တွေ့တတ်ပါတယ်။ ဒါကြောင့် မတည်ရင်းနှီးငွေကို သတ်မှတ်တဲ့အခါ ခန့်မှန်းတာမျိုးမဟုတ်ပဲ စနစ်တကျ တွက်ချက်တာကို Capital Budgeting လို့ခေါ်ပါတယ်။

4. Revaluation of Fixed Asset

လက်ရှိလည်ပတ်နေတဲ့လုပ်ငန်းအနေနဲ့ရှယ်ယာခေါ်တော့မယ်ဆိုရင် ဝယ်ယူထားတဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ပြီး ကာလတန်ဖိုးသင့်လေ့ရှိပါတယ်။ ဟိုးအရင်းတုန်းက ကားတစ်စီးကို မြေတစ်ကွက်ကို ဈေးနှုန်းတစ်မျိုးနဲ့ ဝယ်ထားပေမယ့် ရှယ်ယာခေါ်တဲ့အခါ လက်ရှိတန်ဖိုးပြန်သင့်လေ့ရှိပါတယ်။ မိမိအနေနဲ့ရှယ်ယာထဲ့ဝင်တော့မယ်ဆိုရင် ကာလတန်ဖိုးသင့်ထားတဲ့ ပမာဏတွေကို ပြန်စမ်းစစ်ပါ။

5.Depreciation

ဝယ်ယူထားတဲ့ Asset တစ်ခုအတွက် တန်ဖိုးလျော့ဖြစ်ပါတယ်။ လုပ်ငန်းသုံးဖို့ကားတစ်စီးကို ဝယ်ယူတဲ့အခါ ကားတန်ဖိုးကို တစ်ကြိမ်တည်း ကုန်ကျစားရိတ်အဖြစ်မထည့်ပဲ တစ်နှစ်ခြင်းစီအလိုက် တဖြည်းဖြည်းမျှခံကုန်ကျစေခြင်းမျိုးဖြစ်ပါတယ်။ ကြာရှည်ခံသက်တမ်း ခန့်မှန်းမှု၊ မသုံးတော့တဲ့အခါ ပြန်ရောင်းနိုင်တဲ့ဈေးနှုန်းခန့်မှန်းမှု စတဲ့အချက်တွေပေါ်မှာ ကြီးမားတဲ့ အားကိုးမှုရှိတဲ့အတွက် လုပ်ငန်းအမြတ်၊အရှူံးကို သက်ရောက်မှု ရှိတဲ့အကြောင်းအရာဖြစ်ပါတယ်။ ရှယ်ယာမထဲ့ခင် လက်ရှိလည်ပတ်နေတဲ့ လုပ်ငန်းရဲ့Depreciation တွေကို သေချာကြည့်ပါ။

6. EBITDA

အီဘစ်ဒါ လို့ခေါ်ပါတယ်။ လုပ်ငန်းလည်ပတ်မှုဆိုင်ရာအမြတ်တစ်မျိုးဖြစ်ပြီး Depreciation (တန်ဖိုးလျော့ ) မနုတ်ရသေး၊ အတိုးနဲ့အခွန်အခ မပေးရသေးသော အမြတ်တစ်မျိုးဖြစ်ပါတယ်။ Depreciation ဆိုတာ ခန့်မှန်းမှုအပေါ်မှာ အခြေခံပြီး လုပ်ငန်းအမြတ်ပေါ်မှာ ကြီးမားတဲ့ ပြောင်းလဲမှုဖြစ်စေနိုင်တာကြောင့် ရှယ်ယာထဲ့ဝင်သူတိုင်းက လုပ်ငန်းအမြတ် ဆိုရင် (Net Profit) အသားတင်အမြတ်ကို ကြည့်လေ့မရှိပဲ ဒီ EBITDA အီဘစ်ဒါအမြတ်ကိုပဲကြည့်လေ့ရှိပါတယ်။

7. Terminal Value (SVA)

လုပ်ငန်းတစ်ခုကို Valuation တန်ဖိုးပြန်သင့်တဲ့အခါ DCF လို့ခေါ်တဲ့ Discounted Cashflow နည်းကို အသုံးပြုလေ့ရှိပါတယ်။ လုပ်ငန်းရဲ့ရှိပြီးသား ပိုင်ဆိုင်မှု Asset တွေပေါ်မှာ တန်ဖိုးသင့်ခြင်းမျိုးမဟုတ်ပဲ အနာဂတ်ဝင်ငွေ ရနိုင်မှုပေါ်မှာ အခြေခံတွက်ချက်ပြီး လုပ်ငန်းကို တန်ဖိုးသင့်တဲ့နည်းလမ်းဖြစ်ပါတယ်။ အနာဂတ်ဝင်ငွေကို Annuity စဉ်ဆက်မပြတ်သဘောမျိုးတွက်ချက်တဲ့အခါ Terminal Value ကို တွက်ချက်လေ့ရှိပါတယ်။ ဒီ Terminal value သည် သင့်တင့်မျှတတဲ့ ကိန်းဂဏန်းတစ်ခုဖြစ်ဖို့လိုပါတယ်။ ဒါမှလဲ စပ်တူရှယ်ယာထဲ့ဝင်ကြတဲ့သူတိုင်း အတွက် မျှတတဲ့ လုပ်ငန်းတန်ဖိုးထွက်မှာ ဖြစ်ပါတယ်။

8. Bonus Share

ရှယ်ယာကို ဘောနပ်အဖြစ် ပေးလို့ရပါတယ်။ အချိုးနဲ့ ပြလေ့ရှိပါတယ်။ ၁း၂ ဆိုတာက ရှယ်ယာနှစ်စောင်ပိုင်ဆိုင်မှုတိုင်းကို တစ်စောင် အပို ဘောနပ်ပေးခြင်းမျိုးဖြစ်ပါတယ်။ လုပ်ငန်းရဲ့ရှိထားတဲ့ Reserve ရံပုံငွေ ကို အသုံးပြုပြီး မတည်ရင်းနှီးငွေ ကို ငွေထပ်ဖြည့်ခြင်းမျိုးဖြစ်ပါတယ်။ အထူးသဖြင့် အမြတ်ရံပုံငွေကိုထုတ်မပေးပဲ ရှယ်ယာအဖြစ်ပြောင်းလဲလိုက်တာမျိုးဖြစ်ပါတယ်။ ရယ်ယာရှင်အနေနဲ့ ပိုင်ဆိုင်မှုငွေကြေးအားဖြင့်မပြောင်းလဲပဲ ရှယ်ယာအရေအတွက်အားဖြင့် ပြောင်းလဲသွားတာဖြစ်ပါတယ်။ မတည်ရင်းနှီးငွေဖြည့်တင်းလိုတဲ့အခါ မျိုးမှာ လုပ်လေ့ရှိပါတယ်။

9. Stock Split

Bonus Share နဲ့မှားလေ့ရှိပါတယ်။ အတူတူပဲလို့လဲထင်လေ့ရှိပါတယ်။ ရှယ်ယာပိုင်ဆိုင်မှုခွဲခြမ်းလိုက်တာခြင်းပဲတူပါတယ်။ မတည်ရင်းနှီးငွေ တက်မလာပဲ ရှယ်ယာဈေးနှုန်း ကို ဆွဲချလိုက်ခြင်းမျိုးဖြစ်ပါတယ်။ Balance Sheet မှာ ဘာမှမပြောင်းလဲပါ။ မိမိရှယ်ယာပိုင်ဆိုင်မှုတန်ဖိုးလဲ မပြောင်းလဲပါ။

10. Cash Conversion Cycle ( CCC)

လုပ်ငန်းတိုင်း မှာ ငွေပြန်ဖြစ်ဖို့အချိန်မတူညီကြပါဘူး။ ထုတ်ကုန်/ဝန်ဆောင်မှုတစ်ခုကို ဖန်တီးတယ်၊ ငွေတွေ ထွက်တယ်.. ကုန်ပစ္စည်းရောင်းတယ်.. ငွေတွေ ပြန်ဝင်လာတယ်။ ငွေတွေ ထွက်လိုက် .. ဝင်လိုက် နဲ့လည်ပတ်နေတာကို CCC လို့ခေါ်ပါတယ်။ ဂိုဒေါင်ထဲမှာ ပစ္စည်းတွေအောင်းတော့ ငွေတွေအောင်းပြီး အချိန်တစ်ခုပေးရတယ်။ ရောင်းထွက်တော့လဲ အကြွေးပြန်ကောက်ဖို့အတွက် အချိန်ပေးရပြန်တယ်။ ဒီ ကြာချိန်ကို ကိုယ့်မှာ ရှိတဲ့ working capital လုပ်ငန်းလည်ပတ်ငွေက ထိန်းမထားနိုင်ရင် ငွေကြေးကြပ်တည်းမှုတွေဖြစ်ပြီး လုပ်ငန်းထစ်ငေါ့တတ်ပါတယ်။ ကြာချိန်ဘယ်လောက်လဲ ကြည့်ပါ။ ကြာချိန်ကို ထိန်းထားနိုင်တဲ့ လုပ်ငန်းသုံးငွေရှိလားကြည့်ပါ။

#မာသင်

စီးပွားရေးအကြံပေး

Related Articles

စပ်တူလုပ်ငန်းအတွက်အဆင့် (၆) ဆင့်

လုပ်ငန်းစပ်တူလုပ်မယ်ဆိုရင် ဒီအဆင့် (၆)ဆင့်တော့အနည်းဆုံးသိအောင်လုပ်ထားပါ။ (၁) လုပ်ငန်းတွင်ပါဝင်သောအရာများကို စာရင်းလုပ်ပါ ကိုယ်တစ်ဦးတည်းလုပ်တုန်းက လုပ်ငန်းအတွက် ကိုယ်ပိုင်ပစ္စည်းတွေကိုသုံးခဲ့တယ်။ ဥပမာ ကားပေါ့။ နောက်ရှယ်ယာခေါ်ပြီးစပ်တူလုပ်ကြတော့ မပြောမိဘူး။ ကိုယ်နဲ့လုပ်တဲ့သူက ကားကလုပ်ငန်းပိုင်လို့ထင်နေတယ်။ တစ်နေ့တော့ လုပ်ငန်းတွေအဆင်မပြေဖြစ်ကြတော့ ပြောကြတဲ့အခါ အငြင်းပွားဖွယ်ရာဖြစ်ရတော့တယ်။ လုပ်ငန်းရဲ့ပိုင်ဆိုင်မှုအောက်မှာဘာတွေပါဝင်သလဲ၊ ဘာတွေမပါဘူးလဲ။ စာရင်းလုပ်ပါ။ (၂)လုပ်ငန်းတန်ဖိုးသတ်မှတ်ပါ လုပ်ငန်းရှယ်ယာခေါ်တာပဲဖြစ်ဖြစ်၊ စပ်တူပေါင်းလုပ်ကြတာပဲဖြစ်ဖြစ်…

ကိုယ်မပါလဲ ငွေဝင်ဖို့ဆိုတာ..

စီးပွားရေးလုပ်ငန်းတိုင်းမှာ PRODUCT (ထုတ်ကုန်) ဆိုတာရှိတယ်။ ဒါပေမယ့် ထုတ်ကုန် တစ်ခုကပဲ‌ ငွေဝင်တာမဟုတ်ဘူး။ ထုတ်ကုန်ဆိုတာ ASSET ဖြစ်တယ်။ ASSET တိုင်းက တန်ဖိုးတစ်စုံတစ်ရာရှိနေတယ်။ အဲဒီ Assets တန်ဖိုးပြောင်းလဲမှုတွေကနေလဲ ငွေဝင်နိုင်တယ်။ ကိုယ်မပါပဲ ငွေဝင်နေဖို့ဆိုတာ ကိုယ်မရှိပဲလဲ တန်ဖိုးရှိနေ၊ ဖြစ်နေတဲ့ ASSETS တွေကိုလုပ်ငန်းထဲမှာ…

ဘာလုပ်ငန်းလုပ်လုပ်.. ဘရန်း (၃) မျိုးတည်ဆောက်ပါ။

ဘာလုပ်ငန်းလုပ်လုပ်.. ဘရန်း (၃) မျိုးတည်ဆောက်ပါ။ ဘယ်လို ဘရန်း (၃) မျိုးလဲ ဆိုရင် …၁။ Product Brand ( ထုတ်ကုန်ဘရန်း)၂။ Company Brand (လုပ်ငန်းဘရန်း)၃။ Personal Brand (လူပုဂ္ဂိုလ် ဘရန်း) ထုတ်ကုန်ဘရန်း (Product Brand)***************************** အစပထမမှာ…

ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ပုံစံ ( ၁၄) မျိုး

ကိုယ့်မှာ Product ရှိပြီဆိုပေမယ့် ဘယ်လိုပုံစံ နဲ့စီးပွားရေးလုပ်မလဲ ဆိုတာ စဉ်းစားရပါတယ်။ဝယ်သူနဲ့ရောင်းသူ တွေ့ဆုံမယ့်နေရာ၊ အရောင်းအဝယ်လုပ်မယ့် လမ်းကြောင်းစသည်တို့ကို ဖန်တီးရပါတယ်။စီးပွားရေးတစ်ခုကို စတင်လုပ်ကိုင်မယ့် သူများကို ကူညီစဉ်းစားပေးတဲ့အနေနဲ့ ဈေးကွက်မှာ လက်ရှိလုပ်နေကြတဲ့ စီးပွားရေးလုပ်ငန်းပုံစံ (၁၄) မျိုးကို လိုတိုရှင်းဖော်ပြလိုက်ရပါတယ်။ခုဖော်ပြမယ့်အကြောင်းအရာတွေကရောင်းချနည်းတော့မဟုတ်သလို ၊ နည်းလမ်းလဲမဟုတ်ပါ။စီးပွားရေးလုပ်ငန်းတွေအသုံးပြုနေကြတဲ့ ဖြန့််ဖြူးရောင်းချခြင်းဆိုင်ရာ စီးပွားရေး လုပ်ငန်း…

သမားရိုးကျကိုကန့်လန့်တိုက်ခြင်း

နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…