ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..
ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..
ဈေးကွက်မှာ သင်တန်းတွေများနေပြီ..
ဈေးကွက်မှာ လုပ်ငန်းတွေများနေပြီ…
အင်း.. သူတို့ပြောတဲ့ဈေးကွက်ဆိုတာ အများပိုင်ဈေးကွက်ကို ပြောတာ။
ဈေးကွက်ဆိုတာနှစ်ကွက်ရှိတယ်၊
အများပိုင်ဈေးကွက်နဲ့ ကိုယ်ပိုင်ဈေးကွက် ။
ကိုယ်ပိုင်ဈေးကွက်ဆိုတာ..
ကိုယ်ပိုင်ဈေးကွက်ဆိုတာ ကိုယ့်ကိုယုံကြည်တဲ့လူတစ်စု စုထားတဲ့ဈေးကွက်။
ကိုယ်လုပ်တာတွေ၊ ကိုယ်ရူးသွပ်တာတွေကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။
ကိုယ့်ရဲ့ဝန်ဆောင်မှုကို၊ ထုတ်ကုန်ကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။
ကိုယ်ကိုယ်တိုင်ကလဲ ကွဲထွက်နေမှ ကိုယ့်ဈေးကွက်ကလဲ ကွဲထွက်မယ်။
ကိုယ့်ထုတ်ကုန်က ကွဲထွက်နေမှ ကိုယ့်ဈေးကွက်ကလဲ ကွဲထွက်မယ်။
ကိုယ့်အတွေးအခေါ်တွေ ကွဲထွက်နေမှ ကိုယ့်ဈေးကွက်ကလဲ ကွဲထွက်မယ်။
အများပိုင်ဈေးကွက်ထဲက ကွဲထွက်လာပြီး ..
ကိုယ့်ကိုယုံကြည်လာတဲ့၊ ကိုယ့်လုပ်တာတွေကို ရူးသွပ်လာတဲ့၊ ကိုယ့်ဖီလော်ဆော်ဖီတွေကို သဘောကျလာတဲ့ ဈေးကွက်ကို ကိုယ်ပိုင်ဈေးကွက်လို့ခေါ်တယ်။
ကိုယ်ပိုင်ဈေးကွက်ရှိတဲ့သူအတွက်တော့..
အများပိုင်ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပေမယ့်၊ ကိုယ့်ဈေးကွက်မှာ တော့ ကိုယ်တစ်ယောက်တည်းပဲ။
အများပိုင်ဈေးကွက်မှာ သင်တန်းတွေများနေပေမယ့် ၊ ကိုယ့်ဈေးကွက်မှာတော့ ကိုယ်တစ်ယောက်တည်းပဲ။
အများပိုင်ဈေးကွက်မှာ လုပ်ငန်းတွေများနေပေမယ့်၊ ကိုယ့်ဈေးကွက်မှာတော့ ကိုယ်တစ်ယောက်တည်းပဲ။
ကိုယ်ပိုင်ဈေးကွက်တစ်ခုကို မဖန်တီးနိုင်သေးသရွေ့တော့၊
အများပိုင်ဈေးကွက်ရဲ့ဖိနှိပ်မှုကို ခံနေရဦးမှာပဲ။
အများပိုင်ဈေးကွက်ကဘယ်လိုဖိနှိပ်လဲဆိုတော့ ..
ဈေးလျော့ခိုင်းလိမ့်မယ်၊
ငွေအများကြီးသုံးပြီးများများကြော်ငြာခိုင်းလိမ့်မယ်၊
နောက်ဆုံးမှာ အင်အားကြီးသူကိုပဲ အနိုင်ပေးလိမ့်မယ်။
ဒါကြောင့် အများပိုင်ဈေးကွက်မှာ ပြိုင်ဆိုင်မှုတွေများလာပြီဆိုရင်.. ကိုယ်ပိုင်ဈေးကွက်ကို အမြန်ဆုံးဖန်တီးပါ။ အမှန်တော့.. ကိုယ်ပိုင်ဈေးကွက်ဆိုတာ ကိုယ့်ကိုယုံကြည်တဲ့၊ ကိုယ်ရူးသွပ်သလိုရူးသွပ်တဲ့လူတစ်ထောင်ပဲ လိုတာပါ။ ဒီနေ့ကစပြီး လူတစ်ယောက်နဲ့စပေါ့။ မနက်ဖန် နှစ်ယောက်ဖြစ်လာအောင်လုပ်၊ တဖြည်ဖြည်းနဲ့တစ်ရာ၊ တစ်ရာကနေ တစ်ထောင်ဖြစ်လာရင် ကိုယ့်ဈေးကွက်ကိုယ်ရှိလာတဲ့အတွက် ကိုယ့်လုပ်ငန်းက အများပိုင်ဈေးကွက်နဲ့မဆိုင်တော့ဘူး။ ကိုယ့်လုပ်ငန်းရဲ့ဝင်ငွေက အများပိုင်ဈေးကွက်နဲ့မဆိုင်တော့ဘူး၊ ကိုယ့်လုပ်ငန်းရဲ့ရှင်သန်ရပ်တည်မှုကလဲ အများပိုင်ဈေးကွက်နဲ့မဆိုင်တော့ဘူး။
အများပိုင်ဈေးကွက် ကလုပ်ငန်းတွေက ” ရောင်းတဲ့သူတွေများလို့အလုပ်မဖြစ်ကြဘူးဗျာ” လို့ပြောလိမ့်မယ်၊ ကိုယ်က ” ငါ့ဈေးကွက်မှာ ငါတစ်ယောက်တည်းရောင်းနေတာ ” လို့ပြောနိုင်လာမယ်။ တစ်ကောင်တည်းပေါ့။
ဟုတ်တယ် .. တစ်ကောင်တည်း .. ဒါပေမယ့် ခြင်္သေ့…
ကိုယ့်ကိုယုံကြည်တဲ့လူတစ်စုအတွက်တော့ ကိုယ်က ခြင်္သေ့ပဲ။
ကိုယ်ရူးသွပ်သလိုရူးသွပ်တဲ့လူတစ်စုအတွက်တော့ ကိုယ်က ခြင်္သေ့ပဲ။
ကိုယ့် Tribe လူမျိုးစုအတွက်တော့ ကိုယ်က ခြင်္သေ့ပဲ။
ခြင်္သေ့ဖြစ်ဖို့က ..
လူအများသိစရာမလိုဘူး၊ လူသိ တွေများလာဖို့ပဲလိုတယ်။
လူအများချစ်အောင်လိုက်လုပ်နေစရာမလိုဘူး၊ ကိုယ့်ကိုချစ်တဲ့သူတွေကို အချိန်ပေးဖို့ပဲလိုတယ်။
သူများကြိုက်တာ လိုက်လုပ်စရာမလိုဘူး၊ ကိုယ်ကြိုက်တာကို ရူးသွပ်စွာလုပ်ဖို့ပဲလိုတယ်။
ကိုယ်ရူးသွပ်တာ ကိုယ်လုပ်၊
ကိုယ်လုပ်တာ ရူးသွပ်တဲ့လူတွေ လိုက်လာလိမ့်မယ်။
လိုက်လာတဲ့လူ… တစ်ရာပြည့်ရင် ကိုယ့်ဈေးကွက် ကိုယ်ပိုင်တဲ့ ..
ကိုယ်ပိုင်စျေးကွက် ရပြီလေဗျာ။ ။
မာသင် ၏ ကိုယ်ပိုင်စီးပွားရေး ဖီလော်ဆော်ဖီ