...

စီးပွားရေးအခွင့်အလှမ်းသစ်

စီးပွားရေးအခွင့်အလှမ်းသစ်

“ပြသနာတစ်ခုရဲ့ အဖြေတိုင်း က နောက်ထပ် ပြသနာတစ်ခုကိုဖြစ်ပေါ်စေတယ်” .. ဆိုတဲ့

စိတ်ဝင်စားစရာကောင်းတဲ့ အိုင်ဒီယာလေးတစ်ခု ဖတ်မိပါတယ်။

နည်းပညာ၏သဘောသဘာ၀ ( The Nature of Technology) ဆိုတဲ့ စာတမ်းထဲက အတွေးအခေါ်ယူဆချက်တစ်ခုပါ။

“Every technology creates a new problem in place of the one it solves” .. တဲ့။

” အခက်အခဲပြဿနာတစ်ခုကို ဖြေရှင်းဖို့ဖန်တီးထွက်ပေါ်လာတဲ့ အရာ (နည်းပညာ) တစ်ခုက နောက်ထပ်ပြဿနာတွေကို ဖြစ်ပေါ်စေတယ်” .. ဆိုပဲ။

⚙ ဓတ်ဆီ ဒီဆယ်အင်ဂျင်တွေက ခရီးသွားလာရေးနဲ့ သယ်ယူပို့ဆောင်ရေးရဲ့အခက်အခဲ ပြဿနာကို ဖြေရှင်းနိုင်ခဲ့ကြတယ်။ .. အဲဒီ အင်ဂျင်ကပဲ .. အဆိပ်အသောက်ဖြစ်နိုင်တဲ့ မီးခိုးငွေ့ထုတ်လွတ်တဲ့ ပြဿနာ ကို ထပ်ဖြစ်စေခဲ့တယ်။

⛔ Chemical Pesticides ပိုးသတ်ဆေး နဲ့ဓတ်မြေသြဇာ တွေက စိုက်ပျိုးရေးရဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်ခဲ့ပြီး ဖွံ့ဖြိုးစေခဲ့တယ်၊ .. အဲဒီ ပိုးသတ်ဆေးနဲ့ကမ်မီကယ်ဆေးတွေကြောင့် Organic သြဂဲနစ် အသီးအနှံ တွေကို ရှားပါးစေခဲ့တယ်။

🥚 ဆေးဝါးတွေကြောင့် ကြက် ဝက်တွေရဲ့အသားဖွံ့ဖြိုးတိုးတက်မှုကို ဖြေရှင်းနိုင်ခဲ့ပြီး ဈေးကွက်လိုအပ်ချက် အတိုင်း တိုးမြင့်ထုတ်လုပ်နိုင်ခဲ့ကြတယ်။ .. အဲဒီ ဆေးဝါးတွေကြောင့်ပဲ သဘာဝအတိုင်းမွေးမြူထားတဲ့ ဗမာကြက် ဝက် နဲ့ ကြက်ဥ တွေကို ရှားပါး တန်ဖိုးတက်စေခဲ့တယ်။

📱 စမတ်ဖုန်းတွေကြောင့် ဆက်သွယ်ရေးကဏ္ဍ ရဲ့အခက်အခဲကို ဖြေရှင်းနိုင်ခဲ့ပြီး လူသားအချင်းချင်း ဆက်သွယ်မှု မြင့်တက်လာခဲ့တယ်။ .. အဲဒီ ဖုန်းနည်းပညာကြောင့် ပဲ ကိုယ်ပိုင်အချိန်တွေကို နှောင့်ယှက်ခံရပြီး အာရုံစိုက်နိုင်မှုတွေရှားပါလာခဲ့တယ်။

🚯 ပလတ်စတစ် တွေကြောင့် ထုတ်ပိုးသယ်ယူပို့ဆောင်ရေး အခက်အခဲကို ဖြေရှင်းနိုင်ခဲ့ပြီး အရည်တွေကို မဖိတ်မစင် သယ်ယူထုတ်ပိုးလာနိုင်ခဲ့ကြတယ်။ .. အဲဒီ ပလတ်စတစ်တွေကပဲ မြေထုညစ်ညမ်းမှု နဲ့ ပင်လယ်သမုဒ္ဒရာညစ်ညမ်းမှု ပြဿနာတွေကို ဖြစ်ပေါ်စေခဲ့တယ်။

ဒါကြောင့် ကောက်ချက်ဆွဲ လို့ရတဲ့ အတွေးအခေါ်တစ်ခု က ..

👉” အခက်အခဲတစ်ခု ကို ဖြေရှင်းဖို့လုပ်ထားတဲ့အရာတစ်ခု က နောက်ထပ်ပြဿနာကို အမြဲဖြစ်စေတယ်” … ဆိုတဲ့ အတွေးအခေါ်ယူဆချက်ပါပဲ။

ဒါကြောင့် .. ပြဿနာ ဆိုတာ အမြဲရှိနေမှာပါပဲ။ ✅

ဖန်တီးထုတ်လုပ်မှု တွေရှိနေသ၍ .. ပြဿနာ ဆိုတာ အမြဲ ရှိနေမှာပါပဲ။

ပြဿနာ ရှိရင် .. အဲဒီ ပြဿနာကို ဖြေရှင်းဖို့ အခွင့်အလမ်း ဆိုတာ အမြဲ ရှိနေမှာပါပဲ။

အခွင့်အလမ်းတွေ ရှိနေသ၍ .. စီးပွားရေးအိုင်ဒီယာ နဲ့လမ်းကြောင်း အခွင့်အရေး တွေ ရှိနေဦးမှာပါပဲ။

အဓိကယုံကြည်ထားရမှာကတော့ ..

စီးပွားရေး အခွင့်အရေးသစ်တွေ ဆိုတာ အမြဲ ရှိပါတယ်။

လုပ်ငန်းတစ်ခု အနေနဲ့ဘယ်အခွင့်အလမ်း ကို ဖမ်းဆုပ်မလဲ၊ ဘယ်လို ပြသနာမျိုးကို ဖြေရှင်းပေး ပြီး လူမှုအသိုင်းအဝိုင်းကို ကောင်းမွန် သက်ရောက်မှုရှိအောင်လုပ်မလဲ ဆိုတဲ့ ဆုံးဖြတ်ချက်ပေါ်မှာ ပဲ မူတည်ပါတယ်။

#မာသင်

Related Articles

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..ဈေးကွက်မှာ သင်တန်းတွေများနေပြီ..ဈေးကွက်မှာ လုပ်ငန်းတွေများနေပြီ…အင်း.. သူတို့ပြောတဲ့ဈေးကွက်ဆိုတာ အများပိုင်ဈေးကွက်ကို ပြောတာ။ဈေးကွက်ဆိုတာနှစ်ကွက်ရှိတယ်၊ အများပိုင်ဈေးကွက်နဲ့ ကိုယ်ပိုင်ဈေးကွက် ။ ကိုယ်ပိုင်ဈေးကွက်ဆိုတာ.. ကိုယ်ပိုင်ဈေးကွက်ဆိုတာ ကိုယ့်ကိုယုံကြည်တဲ့လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်လုပ်တာတွေ၊ ကိုယ်ရူးသွပ်တာတွေကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ့်ရဲ့ဝန်ဆောင်မှုကို၊ ထုတ်ကုန်ကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်ကိုယ်တိုင်ကလဲ ကွဲထွက်နေမှ ကိုယ့်ဈေးကွက်ကလဲ…

သမားရိုးကျကိုကန့်လန့်တိုက်ခြင်း

နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

ရောင်းမယ့် အစား… ပြောပြပါ

မားကက်တင်း စိတ်ဝင်စားသူတွေအတွက် မှတ်သားစရာစကားတစ်ခု ရှိပါတယ်။“Don’t sell them, tell them”ရောင်းမယ့် အစား… ပြောပြပါ တဲ့။အင်မတန်မှ အဓိပ္ပါယ်ရှိတဲ့ စာသားပါ။ ရောင်းခြင်းမှာ ကိုယ့်အကြောင်း၊ ကိုယ့်ထုတ်ကုန်အကြောင်း ကို အာရုံစိုက်ပြီး၊ပြောပြခြင်းမှာ စားသုံးသူအကြောင်း ကို အာရုံစိုက်ပါတယ်။ ရောင်းခြင်းမှာ ကိုယ့်ရောင်းကုန်ရဲ့ အသုံးဝင်ပုံကို အာရုံစိုက်ပြီး၊ပြောပြခြင်းမှာ…

ဂန္တဝင်မြောက်သောနေ့ (Masterpiece Day)

ဂန္တဝင်မြောက်သောနေ့ဆိုတာ နေ့တစ်နေ့ကို စိတ်ပါလက်ပါ လက်ရာမြောက်လောက်အောင် ကိုယ်ဖြစ်ချင်တဲ့အတိုင်း၊ ကိုယ်တန်ဖိုးထားတဲ့လုပ်ရပ်တွေနဲ့နေ့တစ်နေ့ကို ဂန္တဝင်မြောက်လောက်အောင် ပုံဖော်ဖန်တီးလိုက်နိုင်တဲ့နေ့ရက်တစ်ရက်ပါပဲ။ဘဝမှာ ကျွန်တော်တန်ဖိုးထားတဲ့အရာ (၅) မျိုးရှိပါတယ်။တစ်ခုချင်းစီကို နေ့စဉ်တိုးတက်အောင် ကြိုးစားလုပ်ဆောင်လိုက်တဲ့နေ့တိုင်း က ကျွန်တော့်အတွက်တော့ ဂန္တဝင်မြောက်သောနေ့ (Masterpiece Day) ပါပဲ။ အဲဒီ (၅) ခု က..၁။ အသိပညာ (…

ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ပုံစံ ( ၁၄) မျိုး

ကိုယ့်မှာ Product ရှိပြီဆိုပေမယ့် ဘယ်လိုပုံစံ နဲ့စီးပွားရေးလုပ်မလဲ ဆိုတာ စဉ်းစားရပါတယ်။ဝယ်သူနဲ့ရောင်းသူ တွေ့ဆုံမယ့်နေရာ၊ အရောင်းအဝယ်လုပ်မယ့် လမ်းကြောင်းစသည်တို့ကို ဖန်တီးရပါတယ်။စီးပွားရေးတစ်ခုကို စတင်လုပ်ကိုင်မယ့် သူများကို ကူညီစဉ်းစားပေးတဲ့အနေနဲ့ ဈေးကွက်မှာ လက်ရှိလုပ်နေကြတဲ့ စီးပွားရေးလုပ်ငန်းပုံစံ (၁၄) မျိုးကို လိုတိုရှင်းဖော်ပြလိုက်ရပါတယ်။ခုဖော်ပြမယ့်အကြောင်းအရာတွေကရောင်းချနည်းတော့မဟုတ်သလို ၊ နည်းလမ်းလဲမဟုတ်ပါ။စီးပွားရေးလုပ်ငန်းတွေအသုံးပြုနေကြတဲ့ ဖြန့််ဖြူးရောင်းချခြင်းဆိုင်ရာ စီးပွားရေး လုပ်ငန်း…