နှစ်သစ်မှာ တွန်းအား ဖြစ်စေပါ
တွန်းအား (Motivation) ဆိုတာ ကျွန်တော် တို့အားလုံး လိုအပ်တဲ့အရာပါ။
နှစ်တစ်နှစ်ကုန်သွားလို့ နှစ်သစ်အစမှာ ကျွန်တော် တို့ Plan တွေ ဆွဲကြပါတယ်။
နှစ်သစ်မှာ ဘာတွေ ပြီးမြောက်အောင်လုပ်ဆောင်မလဲ လို့စဉ်းစားပြီး အစီအစဉ် တွေ ရေးဆွဲကြပါတယ်။
အမှန်တော့ ကျွန်တော်တို့လိုနေတာ Plan မဟုတ်ပါဘူး၊ motivation တွန်းအား ပါ။
လုပ်ဆောင်စရာတွေအများကြီးက စိတ်ရှူပ်စေပါတယ်၊ ဖိအားဖြစ်စေပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ထင်တာက ပလမ်ကောင်းရင်၊ လုပ်ဆောင်စရာတွေထွက်လာရင် အလုပ်ပိုလုပ်လာလိမ့်မယ်လို့ထင်နေကြပါတယ်။
ပလမ်ကို ကြည့်လိုက်ရင် ပက်လက်လန်စရာကောင်းလောက်အောင်ရှည်ပါတယ်။
…နှစ်သစ်မှာ ဝိတ်ချ မယ်။
…စာအုပ်တစ်အုပ်ပြီးတစ်အုပ်ပြီးအောင်ဖတ်မယ်။
…အလုပ်တွေလုပ်မယ်။
…ငွေတွေရှာမယ်။
…အိမ်တစ်အိမ် ဝယ်နိုင်အောင်ကြိုးစားမယ်။
…ကားတစ်စီးလဲစီးနိုင်အောင်ကြိုးစားမယ်။
……
…..
စသည် .. စသည် .. ဖြင့် မပြီးသေးပါဘူး။
ဒီလို လုပ်ဆောင်စရာတွေ အများကြီးက ကိုယ့်ကို တွန်းအားမဖြစ်စေဘူးလား လို့မေးစရာရှိပါတယ်။
တွန်းအားလို့ဆိုရာမှာ တွန်းအား (၃) မျိုးရှိပါတယ်။
၁။ ရလဒ် အခြေခံတဲ့ တွန်းအား
(Outcome based motivation)
၂။ ဖြစ်စဉ်အခြေခံတဲ့ တွန်းအား
(Process based motivation)
၃။ ခံယူချက် အခြေခံတဲ့ တွန်းအား
( Identity based motivation)
“ဘာဖြစ်ရမယ်၊ ဘာရမှ ဖြစ်မယ်” ဆိုတဲ့ ရလဒ် အခြေခံတဲ့ တွန်းအား၊
“ဘာလုပ်မှ ဖြစ်မယ်” ဆိုတဲ့ ဖြစ်စဉ်အခြေခံတဲ့တွန်းအား၊
“ငါဘယ်လိုလူ ဖြစ်တယ်” .. ဆိုတာ ခံယူချက် အခြေခံတဲ့ တွန်းအားဖြစ်ပါတယ်။
“ဘာရမှ ဖြစ်မယ်” ဆိုတာထက် .. “ငါဘယ်လိုလူ” ဖြစ်တယ် ဆိုတာ ပိုပြီး ရေရှည်ခံတဲ့ တွန်းအားဖြစ်ပါတယ်။
ဥပမာ.. .
ငါ စာအုပ်တစ်အုပ်ပြီးအောင်ဖတ်မယ် ဆိုတာထက် .. ငါစာဖတ်သူ တစ်ယောက်ဖြစ်တယ် ဆိုတဲ့ ခံယူချက်က ပိုစွမ်းပါတယ်။ စာဖတ်သူတစ်ယောက်အနေနဲ့ စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ဖတ်တဲ့ရလဒ် ဆိုတာ ပြေးမလွတ်ပါဘူး။
အဲဒီလိုပဲ ..
ငါ ပေါင် ၃၀ ဝိတ်ကျအောင်လုပ်မယ် ဆိုတာထက်.. ငါက ကျန်းမာရေးလိုက်စားသူတစ်ယောက်ဖြစ်တယ် ဆိုတာ ပိုစွမ်းပါတယ်။ ကျန်းမာရေးလိုက်စားသူတစ်ယောက်အတွက် တစ်နေ့မှာ ပေါင် ၃၀ ဆိုတဲ့ ရလဒ် ဆိုတာ ပြေးမလွန်ပါဘူး။
အဲ့ဒီလိုပဲ..
ငါ စီးပွားရေးလုပ်ငန်းတစ်ခုအောင်မြင်အောင်လုပ်မယ် ဆိုတာထက်.. ငါသည် စီးပွားရေးသမားတစ်ယောက်ဖြစ်တယ် ဆိုတာက ပိုစွမ်းပါတယ်။ စီးပွားရေးသမားလို့ခံယူထားသူတစ်ယောက်အနေနဲ့လုပ်ငန်းတွေ တစ်ခုပြီးတစ်ခု လုပ်ပြီး၊ တစ်ခုမအောင်မြင်ရင်တောင်၊ နောက်တစ်ခုခု က အောင်မြင်လာမှာပဲ မဟုတ်လား။
အရောင်းသမား လို့ခံယူထားတဲ့လူတစ်ယောက်အတွက် တစ်ခုမဟုတ်တစ်ခုကို အမြဲ ရောင်းနေမှာ ပါပဲ။
စာရေးဆရာ လို့ခံယူထားတဲ့လူတစ်ယောက်အတွက် စာအုပ်တွေတစ်အုပ်ပြီးတစ်အုပ် ရေးနေဦးမှာပါပဲ။
အလုပ်ကြိုးစားသူသူ လို့ခံယူထားသူတစ်ယောက်အတွက် အလုပ်တွေ တစ်ခုပြီးတစ်ခု လုပ်နေဦးမှာပါပဲ။
ခံယူချက် >> လုပ်ငန်းစဉ် >> ရလဒ်
Identity >> Process >> Outcome
ခံယူချက် (Identity ) ဆိုတဲ့အတွင်း စက်ဝိုင်း ကို ခိုင်ခိုင်မာမာ ချဲ့နိုင်ခဲ့ရင် .. ဘာတွေလုပ်ရမလဲ ဆိုတဲ့ (Process) စက်ဝိုင်းလဲ လိုက်ကျယ်လာပြီး ၊ဘာတွေဖြစ်၊ဘာတွေရမလဲ ဆိုတဲ့ (Result ) စက်ဝိုင်းလဲ အလိုအလျောက်လိုက်ကျယ်လာမှာပဲဖြစ်ပါတယ်။
အဓိက လမ်းစဉ်က .. အတွင်းကျယ် ရင် အပြင်ကြီးလာလိမ့်မယ် ဆိုတဲ့ လမ်းစဉ်ဖြစ်ပါတယ်။
အပြင်ပဲ ချဲ့နေရင်တော့ ပွ လာတာပဲ အဖတ်တင်ပါလိမ့်မယ်။
ဒါကြောင့် .. ဒီနှစ်မှာ
ကိုယ့်ရဲ့ခံယူချက် (identity) ကောင်းတွေကို တည်ဆောက်ပြီး တွန်းအား ဖြစ်စေပါ။
ကိုယ့်ဝန်ထမ်းတွေရဲ့ခံယူချက် (identity) ကောင်းတွေကို တည်ဆောက်ပြီး တွန်းအားဖြစ်စေပါ လို့ မျှဝေအကြံပြုလိုက်ရပါတယ်ခင်ဗျာ။ ။
မာသင်