...

ဂန္တဝင်မြောက်သောဘ၀ဖော်ဆောင်ရေး

ဂန္တဝင်မြောက်သောဘ၀ဖော်ဆောင်ရေး

Masterpiece Life Plan

ဘ၀နေဝင်ချိန်မှာ … ဘာတွေနောင်တ ရတတ်လဲ ?

ဒီမေးခွန်းကို James Hansberger ဆိုတဲ့သူလဲ သိချင်ခဲ့ပါတယ်။ သူကတော့ Hansberger Group ရဲ့ founder လဲဖြစ်ပြီး Wealth Advisor တစ်ဦးလဲဖြစ်ပါတယ်။ သူက ဘ၀နေဝင်ချိန်နီးတဲ့သူတွေကိုဆေးရုံတွေမှာသွားရောက်သုတေသနပြုခဲ့ပြီးနောက်ဆုံးမှာ.. လူအများစုရဲ့ဘ၀နေဝင်ချိန်မှာရလေ့ရှိတဲ့နောင်တ (၅) မျိုးကိုတွေ့ခဲ့ပါတယ်။

ထူးခြားတာက အစီအစဉ်အလိုက် အရေးကြီးမှုဖြစ်ပါတယ်။

၁။ ဘာသာတရားနှင့်ကောင်းမှုကုသိုလ်နောင်တ
သူကတော့ Faith (ကိုးကွယ်ယုံကြည်မှု) လို့ဖော်ပြခဲ့ပါတယ်။ ငါ.. ဒီထက်ပိုပြီးတော့ ဘာသာရေးကိုကိုးကွယ်ယုံကြည်ခဲ့ရမှာ.. ဒီထက်ပိုပြီးတော့ ကောင်းမှုကုသိုလ်တွေလုပ်ခဲ့ရမှာ .. ဆိုပြီးတော့ ရတဲ့ နောင်တဖြစ်ပါတယ်။

၂။ မိသားစု နောင်တ
မိသားစုကို ဒီထက်ပိုပြီးအချိန်ပေးခဲ့ရမှာ.. ၊ မိသားစုနဲ့ ဒီထက်ပိုပြီး ပျော်ပျော်ပါးပါးအချိန်တွေဖြတ်သန်းခဲ့ရမှာ .. ဆိုပြီးတော့ ရတဲ့ နောင်တဖြစ်ပါတယ်။

၃။ မိတ်ဆွေသူငယ်ချင်းအသိုင်းအဝိုင်း နောင်တ
မိတ်ဆွေတွေ၊ သူငယ်ချင်းတွေနဲ့ ပျော်ရွင်ဖွယ်ရာအချိန်တွေကို ရယ်ရယ်မောမောဖြတ်သန်းခဲ့ရမှာ.. ၊ သူတို့တွေကို အချိန်ပေးခဲ့ရမှာ .. ဆိုပြီးတော့ ရတဲ့ နောင်တဖြစ်ပါတယ်။

၄။ ကျန်းမာရေး နောင်တ
ငါ ကျန်းမာရေးကို လေ့လာလိုက်စားခဲ့ရမှာ..၊ ကျန်းမာရေးအတွက်အချိန်ပေးပြီးတော့ လုပ်ဆောင်ခဲ့ရမှာ .. ဆိုပြီးတော့ ရတဲ့ နောင်တဖြစ်ပါတယ်။

၅။ ငွေရေးကြေးရေး နောင်တ
ငါ ငယ်ရွယ်တုန်းမှာ ငွေကြေးကို ဒီထက်ပိုပြီးကြီုးစားရှာခဲ့ရမှာ.. ၊ ငွေကြေးနဲ့ပတ်သတ်ပြီးနားလည်အောင်ကြိုးစားခဲ့ရမှာ .. ဆိုပြီးတော့ ရတဲ့နောင်တဖြစ်ပါတယ်။

ဂန္တဝင်မြောက်သောဘ၀ကို ပုံဖော်ခြင်း

တစ်ချိန်မှာ ကိုယ်လဲ ဘ၀နေဝင်ချိန်ကို ကြုံတွေ့ရဦးမှာပဲဖြစ်ပါတယ်။ အဲဒီအခါ အတိတ်ကို ပြန်စဉ်းစားလို့ နောင်တ ဆိုတဲ့အရာ အတွေးထဲရောက်လာခဲ့ရင် အင်မတန်မှ ခံစားရခက်ပါတယ်။ ကျွန်တော်တို့အားလုံး အတိတ်ကိုတွေးပြီးခံစားရခက်တဲ့ နောင်တမျိုးကိုခံစားဖူးကြမှာပါ။

အဲဒီအတွက်ယနေ့ကစပြီး ပြင်ဆင်ရပါမယ်။

ယနေ့ကစပြီးတော့ ဘ၀ ကို တစ်ရက်ချင်း တစ်ပတ်ချင်း ပုံဖော်ပါမယ်။ ဂန္တဝင်မြောက်တဲ့ပန်းချီကားတစ်ချပ်ကို ပုံဖော်သလိုပေါ့။ ဆေးစက် တစ်စက်ချင်း၊ စုတ်ချက်တစ်ချက်ချင်း ပေါ့။

အောက်ပါပုံကို ရယူပြီး စာရွက်ထုတ်ပါ။ ပြီးရင် စာရွက်ပေါ်မှာ ဘ၀ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်း (၅) ခုကို ရည်မှန်းချက်ပန်းတိုင်သတ်မှတ်ပါ။

ဘ၀အစိတ်အပိုင်း (၅) ခု

ဘ၀ရဲ့အရေးကြီးတဲ့အစိတ်အပိုင်း (၅) ပိုင်းပါဝင်ပါတယ်။

၁။ လန်းဆန်းစွမ်းအင် (Energy)

၂။မိသားစု (Family)

၃။ ငွေရေးကြေးရေး (Finance)

၄။ မိတ်ဆွေအသိုင်းအဝိုင်း (Friends & Networks)

၅။ အများအကျိုး (Service)

အထက်ပါအစိတ်အပိုင်း (၅) ခုစလုံးကို အပတ်စဉ်ကြိုးစားဖော်ဆောင်ပါမယ်။

ဘ၀ကို ကိုယ်မသိလိုက်ပဲ အချိန်တွေကုန်ဆုံးစေမလား၊ ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိနဲ့ အဓိပ္ပါယ်ပြည့်၀စွာ နေ့စဉ်တစ်ရက်ချင်း၊ တစ်ပတ်ချင်း ပုံဖော်မလား ဆိုတာ မိမိ ကိုယ်တိုင်ရဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။ ကြိုက်တဲ့အရာကိုရွေးပါ။ 

#မာသင်

အထက်ပါ ဖောင်မှာ ဖြည့်ပါ။ ချရေးပါ။ တစ်ပတ်အတွင်းမှာ ဘာတွေပြီးမြောက်အောင်လုပ်မလဲပေါ့။

လေ့လာမှုနဲ့ စတင်ပါ။ လုပ်ခြင်း နဲ့ မစပါနဲ့။

အောင်မြင်ချင်ရင် အောင်မြင်ခြင်းကို အရင်လေ့လာရပါတယ်။

ကျန်းမာချင်ရင် ကျန်းမာခြင်းကို အရင်လေ့လာရပါတယ်။

ပြီးမှ.. . နေ့စဉ် လုပ်ဆောင်ရပါတယ်။

ဒါကြောင့် … Learn .. လေ့လာပါ .. ပြီးမှ .. .Ritual နေ့စဉ်လုပ်ဆောင်ပါ။

ပျော်ရွင်ပြီး နောင်တကင်းသော ဘ၀ ရကြပါစေ။

အသေးစိတ်ကို ဗွီဒီယိုနှင့်တကွ BizDea အစီအစဉ် မှာ ရှင်းပြထားပါတယ်။ မန်ဘာဝင်ပြီးသွားရောက်ကြည့်နိုင်ပါတယ်ခင်ဗျာ ။

BizDea အစီအစဥ်သို့

#မာသင်

Related Articles

ဂန္တဝင်မြောက်သောနေ့ (Masterpiece Day)

ဂန္တဝင်မြောက်သောနေ့ဆိုတာ နေ့တစ်နေ့ကို စိတ်ပါလက်ပါ လက်ရာမြောက်လောက်အောင် ကိုယ်ဖြစ်ချင်တဲ့အတိုင်း၊ ကိုယ်တန်ဖိုးထားတဲ့လုပ်ရပ်တွေနဲ့နေ့တစ်နေ့ကို ဂန္တဝင်မြောက်လောက်အောင် ပုံဖော်ဖန်တီးလိုက်နိုင်တဲ့နေ့ရက်တစ်ရက်ပါပဲ။ဘဝမှာ ကျွန်တော်တန်ဖိုးထားတဲ့အရာ (၅) မျိုးရှိပါတယ်။တစ်ခုချင်းစီကို နေ့စဉ်တိုးတက်အောင် ကြိုးစားလုပ်ဆောင်လိုက်တဲ့နေ့တိုင်း က ကျွန်တော့်အတွက်တော့ ဂန္တဝင်မြောက်သောနေ့ (Masterpiece Day) ပါပဲ။ အဲဒီ (၅) ခု က..၁။ အသိပညာ (…

တိုက်ပင်ကိုက်လား၊ တိုင်ပင်လိုက်လား?

တိုင်ပင်ကိုက် (Timing) စီးပွားရေးလုပ်ရမှာလား၊ တိုင်ပင်လိုက် (Trend) စီးပွားရေးလုပ်ရမှာလား ? တိုင်ပင်ကိုက်ရင် ကြွတ်ကြွတ်အိတ် တောင် လေအဝှေ့မှာ အမြင့်ကြီးဆီကိုရောက်သွားနိုင်သလိုပဲ ..ဈေးကွက်မှာ တိုင်ပင်ကိုက်ရင် .. အများကြီးအားအင်မစိုက်ထုတ်လိုက်ရပဲ ရလဒ်ကောင်းတွေရနိုင်သလို ၊ဈေးကွက်တိုင်ပင်မကိုက်ရင် .. အားအင်အများကြီးထုတ်ကြိုးစားပေမယ့် .. ရလဒ်ကောင်းတွေမရနိုင်ဖြစ်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိဖူးခဲ့ကြမှာပါ။တိုင်ပင်ကိုက်တာ နဲ့တိုင်ပင်လိုက်…

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..ဈေးကွက်မှာ သင်တန်းတွေများနေပြီ..ဈေးကွက်မှာ လုပ်ငန်းတွေများနေပြီ…အင်း.. သူတို့ပြောတဲ့ဈေးကွက်ဆိုတာ အများပိုင်ဈေးကွက်ကို ပြောတာ။ဈေးကွက်ဆိုတာနှစ်ကွက်ရှိတယ်၊ အများပိုင်ဈေးကွက်နဲ့ ကိုယ်ပိုင်ဈေးကွက် ။ ကိုယ်ပိုင်ဈေးကွက်ဆိုတာ.. ကိုယ်ပိုင်ဈေးကွက်ဆိုတာ ကိုယ့်ကိုယုံကြည်တဲ့လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်လုပ်တာတွေ၊ ကိုယ်ရူးသွပ်တာတွေကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ့်ရဲ့ဝန်ဆောင်မှုကို၊ ထုတ်ကုန်ကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်ကိုယ်တိုင်ကလဲ ကွဲထွက်နေမှ ကိုယ့်ဈေးကွက်ကလဲ…

တန်ဖိုးကြီးသောအရာများ

ဘဝမှာ တန်ဖိုးကြီးတဲ့အရာ (၅) ခု ရှိတယ်။ ၁။ ပျော်ရွင်ခြင်း ၂။ ကျန်းမာခြင်း ၃။ မိသားစု ၄။ လွတ်လပ်ခြင်း ၅။ မိတ်ဆွေရှိခြင်း ဒီ တန်ဖိုးကြီးတဲ့အရာ တွေကို ပိုင်ဆိုင်ဖို့အတွက် အဓိက လိုအပ်ချက် (၄) ချက်ရှိတယ်။ F.R.E.E လို့အလွယ်တကူ…

နှစ်သစ်မှာ တွန်းအား ဖြစ်စေပါ

တွန်းအား (Motivation) ဆိုတာ ကျွန်တော် တို့အားလုံး လိုအပ်တဲ့အရာပါ။နှစ်တစ်နှစ်ကုန်သွားလို့ နှစ်သစ်အစမှာ ကျွန်တော် တို့ Plan တွေ ဆွဲကြပါတယ်။နှစ်သစ်မှာ ဘာတွေ ပြီးမြောက်အောင်လုပ်ဆောင်မလဲ လို့စဉ်းစားပြီး အစီအစဉ် တွေ ရေးဆွဲကြပါတယ်။အမှန်တော့ ကျွန်တော်တို့လိုနေတာ Plan မဟုတ်ပါဘူး၊ motivation တွန်းအား ပါ။လုပ်ဆောင်စရာတွေအများကြီးက စိတ်ရှူပ်စေပါတယ်၊…