မားကက်တင်းအတွက်ဒီ (၅) ချက်
ပစ္စည်းတစ်ခုကို ဝယ်ယူတဲ့အခါ.. စားသုံးသူတိုင်းသိချင်တဲ့အရာ (၅) ခုရှိပါတယ်။ မားကက်တင်း မှာ ဒီအရာ (၅) ခုကို ပစ်ပယ်ပြီး မားကက်တင်း လုပ်လို့မရပါဘူး။
၁။ စျေးနုန်း
ဈေးနှုန်း ဘယ်လောက်လဲ ဆိုတာ ပြောဖို့ဝန်မလေးပါနဲ့။ စျေးပြောင်းလဲမှုရှိရင် ရှိနိုင်တဲ့အကြောင်းပြောပါ။ ဝယ်မယ့်သူတိုင်းမှာ သူတို့ ဝယ်ယူနိုင်တဲ့ ဝယ်ယူချင်တဲ့ ငွေပမာဏကန့်သတ်ချက်အမြဲရှိပါတယ်။ ဒါကြောင့် ဘယ်လောက်လဲ ဆိုတာကိုအမြဲတမ်းသိချင်ပါတယ်။
အဲဒါကို မဖော်ပြရင် ယုံကြည်မှု ပျက်သွားရော ။
၂။ အားနည်းချက်
စားသုံးသူတွေက သူတို့ ကို ကောင်းတာတွေပဲ ပြောပြရင် မယုံပါဘူး။ အားနည်းချက်ရှိကို ရှိရမယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် ကိုယ့်ပစ္စည်းရဲ့ အားနည်းချက်ကို ချပြပါ။ ပြီးမှ ကောင်းမွန်တဲ့အချက် တွေကို ချပြပါ။
၃။ အခြားရွေးချယ်စရာစျေးနုန်း
စားသုံးသူတိုင်းက ရွေးချယ်စရာရှိမှုကို သဘောကျပါတယ်။ ဘယ်တော့မှ စျေးနုန်းတစ်ခုတည်း ၊ ဝန်ဆောင်မှုတစ်ခုတည်း ၊ တစ်မျိုးတည်းကိုပဲ မဖော်ပြပါနဲ့။ စျေးနုန်းအလိုက် ရွေးချယ်စရာများကို ချပြပါ။ သူတို့ ရွေးချယ်ပါစေ။
၄။ နှိုင်းယှဉ်ပြခြင်း
စားသုံးသူတိုင်းက သူတို့ ဝယ်မယ့် ပစ္စည်းကို အမြဲတမ်းနှိုင်းယှဉ်လေ့ရှိပါတယ်။ စျေးနှုုန်းအားဖြင့်၊ အကြမ်းခံမှုအားဖြင့်၊ ဝန်ဆောင်မှုအားဖြင့်၊ ဒီဇိုင်းအားဖြင့်၊ အရသာအားဖြင့်.. အစရှိသဖြင့် ရူဒေါင့်ပေါင်းစုံကနေ တွေးပြီး သူတို့ရဲ့ ဆုံးဖြတ်ဝယ်ယူမှုမှားသွားမှာ စိုးရိမ်ပါတယ်။ ဒါကြောင့် ကိုယ်ကအမြဲတမ်းသူတို့ စိုးရိမ်မှုကို ကြိုတင်ပြီး နှိုင်းယှဉ်ချပြပါ။ ကိုယ်ပြိုင်ဘက်ပစ္စည်းနဲ့ ဘာတွေကွာလဲ။ ကောင်းတာကဘာတွေလဲ၊ ဆိုးတာကဘာတွေလဲ နှိုင်းယှဉ်ပြလိုက်ပါ။
၅။ အခြားစားသုံးသူတွေဘယ်လိုထင်လဲ
Review တွေပေါ့။ စားသုံးသူတိုင်းက ကိုယ့်ရှေ့က ဝယ်ယူသွားသူတွေရဲ့ အမြင် နဲ့ ခံစားချက်ကို သိချင်လေ့ရှိပါတယ်။ အိမ်ဌားသလိုပါပဲ။ ကိုယ့်ရှေ့က အိမ်ဌားက ဘာကြောင့် ထွက်သွားတာလဲ ၊ အဆင်ပြေရဲ့လား သိချင်တယ်။ ဒါကြောင့် မိမိပစ္စည်းထုတ်ကုန်ကို ဝယ်ယူဖူးတဲ့ စားသုံးသူတွေရဲ့ Review နဲ့ အတွေ့အကြုံ တွေကို မေးပါ၊ မှတ်တမ်းတင်ပါ။ ချပြပါ။
မာသင်
စီးပွားရေးအကြံပေး