သိကျွမ်း၊ နှစ်ခြိုက်၊ ယုံကြည် ….
မေး ။ ။ ကိုမာသင် ၊ အင်တာနက်မှာ စီးပွားရေးလုပ်မယ့် သူတွေအတွက် အရေးကြီးတဲ့ အရာကို လိုတိုရှင်းပြောပြပေးပါ ?
ဖြေ။ ။ သိကျွမ်း၊ နှစ်ခြိုက်၊ ယုံကြည် …. ဒါပါပဲ။ အတိုဆုံးပဲ။
သိကျွမ်း (Know)
စားသုံးသူတွေကိုယ့်ကို များများသိလေ၊ များများကောင်းလေပဲ။
ဘာတွေသိအောင်လုပ်ရမှာလဲ ဆိုတော့ .. လုပ်ငန်းနဲ့ ဆိုင်တာတွေပေါ့။
ဘာလုပ်ငန်းလဲ ?
ဘာကုန်ပစ္စည်းလဲ ?
ဘာကြောင့် ဝယ်သင့်တာလဲ ?
ဘယ်လို အခက်အခဲမျိုးကို ဖြေရှင်း သက်သာနိုင်သလဲ ?
နှစ်ခြိုက် (Like)
လူတွေက ကိုယ်သဘောကျနှစ်ခြိုက်သူဆီကပဲ ဝယ်ကြတာလေ။
ရောင်းသူတွေများစွာထဲက ကိုယ့်လုပ်ငန်း/ကုန်ပစ္စည်း/ဝန်ဆောင်မှု ..တစ်ခုခုကို ရွေးချယ်ဝယ်ယူဖို့ဆိုတာ မကြိုက် ပဲနဲ့ ဝယ်ဖို့မဖြစ်နိုင်ဘူး။
ဒါကြောင့် လဲ … “ဘာရယ်လို့မဟုတ်ဘူး၊ ကြိုက်လို့ဝယ်တာ” လို့ပြောကြတာပေါ့။
ယုံကြည် (Trust)
ယုံကြည်မှု ဆိုတာကတော့ စီးပွားရေးလုပ်ငန်းမှ မဟုတ်ပါဘူး၊ လူမှုအသိုင်းအဝိုင်းကို ကောင်းမွန်စွာလည်ပတ်နိုင်အောင် လုပ်ပေးတဲ့ အရေးကြီးတဲ့ အရာတစ်ခုပေါ့။
ကိုယ့်ကလေးကို ကျောင်းအပ်တာ ယုံကြည်မှု လိုတယ်။
ခရီးသွားရင် ကိုယ့်အသက်ကို ကားဆရာ၊ လေယဉ်မောင်းသူ လက်ထဲအပ်ထားရတာ ယုံကြည်မှုလိုတယ်။
ဆေးခန်းသွား၊ဆေးရုံတက်၊ ခွဲစိတ်မှု လုပ်ရာမှာ သူခွဲတာတစ်ခါမှ မမြင်ဘူးပေမယ့် ယုံကြည်မှုလိုတယ်။
ထမင်းဆိုင်စားသောက်ဆိုင်လေးသွားရင်တောင်မှ ကိုယ်စားမယ့်ထမင်း၊ အန္တာရယ်ကင်းဖို့ယုံကြည်မှုလိုတယ်။
အင်း.. အမှန်တော့ အွန်လိုင်းက ပစ္စည်းမှာလိုက်ရင် ပစ္စည်းမရသေးပေမယ့် ငွေကြိုလွဲတယ် ဆိုတာလဲ တော်ယုံ ယုံကြည်မှုမျိုးမဟုတ်ဘူး။
စားသုံးသူ၊ဈေးကွက်ရဲ့ယုံကြည်မှု ဆိုတာ လုပ်ငန်းအတွက် အဖိုးတန်တယ်။
အင်မတန်မှ တန်ဖိုးကြီးတယ်။
လုပ်ငန်းရှင်ကိုယ်တိုင် က စားသုံးသူတွေရဲ့ယုံကြည်မှု ကို အသိအမှတ်မပြုရင် စားသုံးသူတွေကလဲ ကိုယ့်ကို ယုံကြည်စွာအသိအမှတ်ပြုမှာမဟုတ်ဘူး။
စားသုံးသူတွေရဲ့ယုံကြည်မှု ဆိုတာ ကိုယ့်လုပ်ငန်းရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်တဲ့အတွက် Trust Capital လို့တောင် ပြောလို့ရတယ်။
စကားလုံးက (၃) လုံးပဲလို့ပြောပေမယ့် အကြောင်းအရာက..
ကြီးမားတယ်။ ကျယ်ပြန့်တယ်။ လေးနက်တယ်။
တစ်ခုချင်းစီကို တည်ဆောက်ဖို့ အတွေးအခေါ်လိုတယ်။
စဉ်ဆက်မပြတ် လုပ်ဆောင်ခြင်း လိုတယ်။
နည်းလမ်းလေးတွေ လိုတယ်။
သေချာတာ တစ်ခုကတော့ … ယုံကြည်မှုကို ရဖို့.. သိခြင်း (Know) နဲ့စရလိမ့်မယ်။
သိခြင်း ဆိုတာ ကိုယ့် အကြောင်းကိုပဲ သိခိုင်းတာမဟုတ်ဘူး။
သူ့အကြောင်းကို လဲ သိရလိမ့်မယ်။
အပြန်အလှန် သိမှ.. ခင်မင်ရင်းနှီးမှု တစ်ခုဟာ အစပျိုးတယ်။
“သိမှ … ခင်
ခင်မှ .. ကြိုက်
ကြိုက်မှ.. ဝယ်
ဝယ်မှ .. ရောင်း
ရောင်းမှ .. ဝင် ( ငွေ)
ဝင်မှ .. ရှင်” တဲ့ ။
လုပ်ငန်း ဆိုတာ … “သိ” တာလေးနဲ့စတယ်ဗျာ။ ။
မာသင်
စီးပွားရေး အတွေးအခေါ် ဒသနများ