...

လူအများသိတာလား၊ လူသိများတာလား

လူအများသိတာလား၊ လူသိများတာလား

လူများများသိတာနဲ့၊ လူသိများတာ မတူဘူး။
ကိုယ်ဆိုင်က ဖုန်းဆိုင်ဖြစ်ပြီး၊ ဖုန်းရောင်းတယ် ဆိုတာ လူအများသိကြပေမယ့် ..
ဖုန်းဝယ်တဲ့အခါ ကိုယ့်ဆိုင်ကို သတိမရကြဘူးဆိုရင် “လူသိ”မများသေးဘူးလို့ဆိုရပါမယ်။


“လူသိ” ဆိုတာ ကိုယ့်ဆိုင်ရဲ့ဝန်ဆောင်မှုကို သိပြီးယုံကြည်ပြီးသားသူတွေ..
ကိုယ့်ဆိုင်ရဲ့ ပစ္စည်းကွာလတီကို သိပြီးသား၊ ယုံကြည်ပြီးသားသူတွေ..
ကိုယ့်ဆိုင်က ဈေးနုန်းစိတ်ချရတယ်ဆိုတာ သိပြီးသား၊ယုံပြီးသားသူတွေ..
အနည်းဆုံးတော့.. ကိုယ် နဲ့ရင်းနှီးသိကျွမ်းပြီး ၊ ကိုယ့်ကို ယုံတဲ့သူတွေ ဖြစ်ပါတယ်။


အများသိ နဲ့”အသိ” များတာမတူပါဘူး။
ဘရန်း တစ်ခုက .. လူအများသိဖို့မလိုပါဘူး။
“လူသိ” တွေများဖို့ပဲ လိုတာပါ။


လူအများသိအောင်ချည့်ပဲ ကြော်ငြာတွေ၊ boost တွေပဲလုပ်နေမယ့်အစား၊
ကိုယ့်အကြောင်းကို သူတို့သိအောင်၊
ကိုယ့်ရပ်တည်ချက်ကို သူတို့သိအောင်၊
ကိုယ့်ကြိုးစားနေတဲ့အရာတွေကို သူတို့သိအောင်၊
ကိုယ့် ယုံကြည်ချက်တွေကို သူတို့သိအောင်၊
ကိုယ့်ဒဿနကို သူတို့သိအောင်၊
ကိုယ့်စေတနာတွေသူတို့သိအောင်၊
ကိုယ့်အလေးထားမှုတွေ သူတို့သိအောင် အကြောင်းအရာလေးတွေကို တင်ပါ။


"သိလာမှ … ခင်မယ်။
ခင်လာမှ … ကြိုက်မယ်။
ကြိုက်လာမှ .. ဝယ်မယ်။"


မကြိုက်ရင် … မဝယ်ဘူး။
မကြိုက်ရင်.. အလကားပေးတောင် မယူဘူး။
( ပြီးမှ အခြားသူကို တဘက်လှည့် နဲ့ယူခိုင်းရင် ယူခိုင်းမယ် လေ)


ဝယ်စေချင်ရင် .. သိအောင်လုပ်။
သိအောင်လုပ်ရာမှာ …
လူအများသိဖို့မလိုဘူး။
လူသိ တွေများဖို့ပဲ လိုတယ်။ ။

မာသင်

ဘရန်းမားကက်တင်း

Related Articles

ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ပုံစံ ( ၁၄) မျိုး

ကိုယ့်မှာ Product ရှိပြီဆိုပေမယ့် ဘယ်လိုပုံစံ နဲ့စီးပွားရေးလုပ်မလဲ ဆိုတာ စဉ်းစားရပါတယ်။ဝယ်သူနဲ့ရောင်းသူ တွေ့ဆုံမယ့်နေရာ၊ အရောင်းအဝယ်လုပ်မယ့် လမ်းကြောင်းစသည်တို့ကို ဖန်တီးရပါတယ်။စီးပွားရေးတစ်ခုကို စတင်လုပ်ကိုင်မယ့် သူများကို ကူညီစဉ်းစားပေးတဲ့အနေနဲ့ ဈေးကွက်မှာ လက်ရှိလုပ်နေကြတဲ့ စီးပွားရေးလုပ်ငန်းပုံစံ (၁၄) မျိုးကို လိုတိုရှင်းဖော်ပြလိုက်ရပါတယ်။ခုဖော်ပြမယ့်အကြောင်းအရာတွေကရောင်းချနည်းတော့မဟုတ်သလို ၊ နည်းလမ်းလဲမဟုတ်ပါ။စီးပွားရေးလုပ်ငန်းတွေအသုံးပြုနေကြတဲ့ ဖြန့််ဖြူးရောင်းချခြင်းဆိုင်ရာ စီးပွားရေး လုပ်ငန်း…

သိကျွမ်း၊ နှစ်ခြိုက်၊ ယုံကြည် ….

မေး ။ ။ ကိုမာသင် ၊ အင်တာနက်မှာ စီးပွားရေးလုပ်မယ့် သူတွေအတွက် အရေးကြီးတဲ့ အရာကို လိုတိုရှင်းပြောပြပေးပါ ?ဖြေ။ ။ သိကျွမ်း၊ နှစ်ခြိုက်၊ ယုံကြည် …. ဒါပါပဲ။ အတိုဆုံးပဲ။ သိကျွမ်း (Know) စားသုံးသူတွေကိုယ့်ကို များများသိလေ၊ များများကောင်းလေပဲ။ဘာတွေသိအောင်လုပ်ရမှာလဲ ဆိုတော့…

သမားရိုးကျကိုကန့်လန့်တိုက်ခြင်း

နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

ပေးတဲ့ဘရန်း ၊ ယူတဲ့လုပ်ငန်း

( ကြော်ငြာပိုစ်) စီးပွားရေးလုပ်တာ ဆိုပေမယ့်…. စီးပွားဆန်လို့မရဘူး။စီးပွားဆန်တဲ့လုပ်ငန်းကို စားသုံးသူတွေ မကြိုက်ကြဘူး။ဒါကြောင့် .. စီးပွားရေးဆိုပေမယ့်.. စီးပွားမဆန်ပဲ ဘရန်းဆန်ပါ။ စီးပွားဆန်တဲ့သူ ဆိုတာ … ရေတိုတွေးတယ်။ဘရန်းဆန်တဲ့သူဆိုတာ .. ရေရှည်တွေးတယ်။ စီးပွားဆန်တဲ့သူဆိုတာ .. တစ်ခါစားလုပ်တယ်။ဘရန်းဆန်တဲ့သူဆိုတာ.. တစ်သက်စားဖို့လုပ်တယ်။ စီးပွားဆန်တဲ့သူဆိုတာ.. ကိုယ့်အတွက် ယူဖို့ ကို…

စပ်တူလုပ်ငန်းအတွက်ငွေကြေးအချက် (၁၀) ချက်

စပ်တူလုပ်ငန်းမှာ သတိထားသင့်တဲ့ ငွေကြေးအချက် (၁၀) ချက် 1. Goodwill နာမည်ကောင်းတန်ဖိုး လို့လဲ ခေါ်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ Brand Value ဘရန်းတန်ဖိုးဆိုပြီးတော့ မိမိလုပ်ငန်းထဲပေါင်းထဲ့ကြပေမယ့်၊ အမှန်တော့ လုပ်ငန်းတစ်ခုက အခြားလုပ်ငန်းတစ်ခုကို ဝယ်ယူတဲ့အခါ လုပ်ငန်းရဲ့ Net Asset Value တန်ကြေး ထက်ကျော်လွန်ပြီးပေးလိုက်ရတဲ့…