နေ့စဉ် မှတ်တမ်း (သို့) ဒိုင်ယာရီ ရေးပါ။
ကျွန်တော် နေ့စဉ် ဒိုင်ယာရီ ရေးလာတာ 13 နှစ်ရှိခဲ့ပါပြီ။
ဘဝအကြောင်း၊ နေ့စဉ် ဖြတ်သန်းမှုတွေအကြောင်းကို ကိုယ်ရေးမှတ်တမ်းတစ်ခုလို ရေးလာခဲ့တာ။
ဆရာကြီး ရွှေဥဒေါင်း ရဲ့”ဘဝတစ်သက်တာမှတ်တမ်း နှင့် အတွေးအခေါ်များ” စာအုပ်ကို ကြိုက်ပြီး အားကျတာလဲ ပါတယ်။
တစ်ချိန်မှာ ကိုယ့်ရဲ့ဖြတ်သန်းခဲ့တဲ့ ဘဝခရီးကို အမှတ်တရ ထိန်းသိမ်းတည်ဆောက်ချင်တာလဲ ပါတယ်။
အမှန်တော့ ..
တန်ဖိုးကြီးလွန်းလှတဲ့ အမွေအနှစ်ပြတိုက်တစ်ခု ဆိုတာ….
ဟိုးအရင်တုန်းက…
တန်ဖိုးမရှိလှဘူးထင်ရတဲ့ အတိုအစ၊ အကွဲအခြမ်းပဲ့၊
အပျက်အစီး အချို့၊ ရုပ်ကြွင်းကျန်တွေ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတာပဲ မဟုတ်ပါလား။
တန်ဖိုးကြီးတဲ့ လှတဲ့ ကိုယ့်ဘ၀ ကိုယ့်ပြတိုက် ကို သားစဉ်မြေးဆက် ထားခဲ့ဖို့အခုကတည်းက … မလှပတဲ့ ဘဝအပိုင်းအစတွေကို လွင့်မပစ်ပဲ ဒိုင်ယာရီ ထဲမှာ နေ့စဉ် ထိန်းသိမ်းမှတ်တမ်းတင် ထားသင့်ပါတယ်။
သိပ်မကြာခင် နှစ်ကုန်ပါတော့မယ်။
လာမယ့် 2022 အတွက် ဒိုင်ယာရီစာအုပ်တစ်အုပ် ရှာဝယ်ပါ။
နေ့စဉ် မှတ်တမ်း တင်မယ် လို့ဆန္ဒပြု ဆုံးဖြတ်ပါ။
ဒီနေ့၊ ဒီအချိန်မှာ ဒီအခု ကျွန်တော် မာသင် ရေးထားတဲ့ဒီစာပုဒ်လေးဖတ်လိုက်ရလို့ မိတ်ဆွေအတွက် နှောင်လာမယ့် နှစ်ပေါင်းများစွာ အကျိုးရှိစေမယ့် ပြောင်းလဲမှုလေးတစ်ခု လုပ်ဖြစ်ခဲ့တယ်ဆိုရင်ပဲ မျှဝေမှုတွေလုပ်ရကျိုးနပ်ပါပြီ။
လာမယ့် 2022 မှာလဲ မျှဝေမှု တွေ ဆက်လုပ်နိုင်ဖို့ကြိုးစားပါဦးမည်။ ။
မာသင်