ဒိုင်ယာရီရေးပါ
ဒိုင်ယာရီရေးပါ..
နေ့စဉ် ဘဝအဖြစ်အပျက်တွေ၊ ခံစားချက် တွေကို မှတ်တမ်းတင်ထားပါ။
နေ့စဉ် တိုးတက်မှု သေးသေးမွှားမွှားလေးတွေအားလုံးကို ချရေးမှတ်တမ်းတင်ထားပါ။
ဘဝဆိုတာ တန်ဖိုးရှိတယ် လို့ယုံကြည်ရင် .. တန်းဖိုးရှိတဲ့ဘ၀ ကို မှတ်တမ်းတင်သိမ်းဆည်းထားရမယ်။
အစမှာတော့…ချရေးထားတဲ့ စာတိုပေစ၊ နည်းလမ်းတို၊နည်းလမ်းစ တွေက တန်ဖိုးမရှိဘူးထင်ရပေမယ့်… တစ်နေ့မှာ …အဲဒီ အကြွင်းအကျန် အပိုင်းအစတွေ၊ မပြည့်စုံတဲ့ အစိတ်အပိုင်း အပျက်အစီး ရုပ်ကြွင်းတွေအားလုံး ကို ပေါင်းစပ်ပြီး တန်ဖိုးကြီးတဲ့ ပြတိုက် ကြီးတစ်ခု ဖြစ်လာလိမ့်မယ်။
အမှန်တော့ ..
တန်ဖိုးကြီးလွန်းလှတဲ့ အမွေအနှစ်ပြတိုက်တစ်ခု ဆိုတာ….
ဟိုးအရင်တုန်းက…တန်ဖိုးမရှိလှဘူးထင်ရတဲ့ အတိုအစ၊ အကွဲအခြမ်းပဲ့၊အပျက်အစီး အချို့၊ ရုပ်ကြွင်းကျန်တွေ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတာပဲ မဟုတ်ပါလား။
တန်ဖိုးကြီးတဲ့ လှတဲ့ ကိုယ့်ဘ၀ ကိုယ့်ပြတိုက် ကို သားစဉ်မြေးဆက် ထားခဲ့ဖို့အခုကတည်းက … မလှပတဲ့ ဘဝအပိုင်းအစတွေကို လွင့်မပစ်ပဲ ထိန်းသိမ်းမှတ်တမ်းတင် ထားဖို့ဆိုတာ .. ကိုယ့်အလုပ်၊ ကိုယ့်တာဝန်ပဲဖြစ်တယ်ဆိုတဲ့ခံယူချက်နဲ့ ဒီနေ့ပဲ အစပြု လုပ်ဆောင်ပါ။ ။
နေ့စဉ် ဒိုင်ယာရီရေးဖို့.. ဒီနေ့ပဲ စာအုပ်တစ်အုပ်ဝယ်ပါ။
ကိုယ့်ဘဝ၊ ကိုယ့်ပြတိုက် တည်ဆောက်ပြီး .. သားသမီး၊ မိသားစုထဲမှာ အမြဲတည်ရှိ ရှင်သန်ပါ။