အဝင် နဲ့ အထွက်
လုပ်ငန်းအဖွဲ့အစည်းဆိုတာ သက်ရှိ (Living Organism) ဖြစ်တယ်။ သက်ရှိတိုင်းက အဝင် (input) နဲ့ အထွက် (output) ဆိုတာရှိတယ်။ ပါးစပ်ထဲဝင်သမျှ တစ်နေရာမှာ ပြန်ထွက်တယ်။ တစ်နေရာမှာပိတ်နေရင် .. သေတတ်တယ်၊သက်မဲ့သွားတယ်။ ရေကန်တောင်မှ ရေသေဖြစ်သွားရင် ညီစော်နံလာတယ်။
ဒါကြောင့် .. လုပ်ငန်းတိုင်းမှာဝန်ထမ်း အဝင် နဲ့ အထွက်ဆိုတာ ရှိရမယ်။
အဝင်အထွက်ရှိခြင်းကိုက လုပ်ငန်းအဖွဲ့အစည်း ရှင်သန်နေတဲ့သဘောပဲ။
အမြဲတမ်း အသစ် အသစ်တွေရှာနိုင်တာကို ဂုဏ်ယူပါ။
လူသစ်၊ စိတ်သစ်၊ အိုင်ဒီယာသစ်၊ ဖန်တီးမှုသစ် တွေ
အမြဲတမ်းရှာဖွေ ထည့်သွင်းနိုင်တာကို ဂုဏ်ယူပါ။ ။
စီးပွားရေးအကြံပေး