စီးပွားရေးလား၊ပြိုင်ပွဲလား?
စီးပွားရေးဆိုတာ ပြိုင်ပွဲမဟုတ်ဘူး။ A ကနေ B ဘယ်သူအရင်ရောက်အောင်ပြေးနိုင်သလဲ ဆိုတာထက်.. ပြေးလမ်းပေါ်မှာ ဘယ်လောက်ကြာကြာပြေးနိုင်သလဲ ဆိုတာ ပိုအရေးကြီးတယ်။
ပြိုင်ပွဲ ဆိုရင် .. ပွဲချိန်ပြီးသွားရင် ပွဲရပ်သွားတယ်၊ ဆက်ပြိုင်ချင်လို့မရတော့ဘူး။ စီးပွားရေး ဈေးကွက်မှာ ပွဲချိန်ဆိုတာ မရှိဘူး.. ပွဲတွေဆက်နေတယ်၊ ကိုယ်မရှိရင်နောက်တစ်ယောက် ပွဲထဲကို ဆက်ဝင်လာတယ်။ ပြီးရင်နောက်တစ်ယောက်.. နောက်တစ်ယောက် .. ။
ပြိုင်ပွဲဆိုရင် .. တစ်ယောက်ယောက်နိုင်ရင် ပွဲရပ်သွားတယ်။ စီးပွားရေးဈေးကွက်မှာ သူက ငါ့ကို အခု နိုင်ပေမယ့်.. ပွဲမပြီးသေးဘူး၊ ငါ သူ့ကို ပြန်နိုင်အောင်ကြိုးစားနိုင်သေးတယ်.. ပွဲမပြီးသေးဘူး ကိုယ့်လူ။
ပြိုင်ပွဲဆိုရင်.. ပုံသေသတ်မှတ်ထားတဲ့ ပန်းတိုင်ရှိတယ်။ စီးပွားရေးဈေးကွက်မှာ ပန်းတိုင်က ရွှေ့လျားတိုးတက်နေတယ်။ ဒီနေ့ မှာ ပေါက်ရောက်အောင်မြင်ပေမယ့် နောက်နေ့မှာ ကိုယ်ရောက်တဲ့နေရာက ပန်းတိုင် မဟုတ်တော့ဘူး။
ပြိုင်ပွဲဆိုရင်.. လားရာတစ်ခုတည်းကိုပဲ အကုန်သွားကြတယ်။ စီးပွားရေးဈေးကွက်မှာ သွားတဲ့သူကသွား၊ နောက်ပြန်ဆုတ်တဲ့သူကဆုတ်နေကြတယ်။
ပြိုင်ပွဲဆိုရင် .. တိကျတဲ့ စည်းကမ်းချက်တွေ ရှိတယ်။ စီးပွားရေးဈေးကွက်မှာ စည်းကမ်းတွေက ပြောင်းလဲနေတယ်။ အရင်တုန်းက လုပ်လို့ရတဲ့အရာ၊နည်းလမ်းတွေက ဒီနေ့ မှာ လုပ်လို့မရတော့ဘူး။ အရင်တုန်းက အဲ့လို လုပ်ခဲ့လို့ဒီနေ့ဒီနေရာရောက်လာရင်တောင် .. ဒီအတိုင်းဆက်လုပ်သွားလို့နောက်တစ်နေရာ ရောက်မယ်လို့ပြောလို့မရတော့ဘူး။
ဒါကြောင့် .. ပြိုင်ပွဲ မဟုတ်ပဲ .. ပြိုင်ပွဲ လို့ထင်နေရင် .. သူများကိုယ့်ကို ကျော်တက်သွားတဲ့အခါ ကြေကွဲတာပေါ့။
အဓိက ပြိုင်ရမှာ က .. သူ့ကို ကျော်ဖို့မဟုတ်သလို၊ နိုင်ဖို့လဲမဟုတ်ဘူး… ပြေးလမ်းပေါ်မှာ ကြာကြာပြေးနိုင်ဖို့ပဲ၊
တနည်းအားဖြင့် ကိုယ့်လုပ်ငန်းသက်ရှည်ဖို့၊ ဈေးကွက်မှာ ရေရှည် ကြာကြာရပ်တည်နိုင်ဖို့ ဆိုတာက ပိုအဓိက ကျတယ်။
ဒါကြောင့် .. ကိုယ့်ကိုယ် ကို မေးခွန်းတစ်ခု ပြန်မေးပါ..
ငါ ပြိုင်ပွဲ ဝင်နေတာလား၊ စီးပွားရေးလုပ်နေတာလား … လို့။ ။