ဝင်ငွေတက်ဖို့ နည်းလမ်း (၄) ခု
လုပ်ငန်းများအတွက် အရောင်းဝင်ငွေတက်ဖို့ နည်းလမ်း (၄) ခု ပဲရှိပါတယ်။
၁။ များ – Customer များများရှာ ၊
၂။ ကြိမ် – ရှိပြီးသား customer ကို အကြိမ်ကြိမ် ဝယ်လာအောင်ကြိုးစား၊
၃။ ကြီး – လာဝယ်တဲ့ customer ကို ပမာဏ များများကြီးကြီး ရောင်းနိုင်အောင်ကြိုးစား ၊
၄။ မြင့် – အကြမ်းအမြတ် ရာခိုင်နုန်း မြင့်အောင်လုပ် ( ဈေးတင်၊ အရင်းလျေ့ာ )
စီးပွားဖြစ်တဲ့ လုပ်ငန်း နဲ့စီးပွားမဖြစ်တဲ့ လုပ်ငန်း ကွာဟချက် က ဒီ (၄) ချက်ပဲရှိတယ်။
အတိုကောက်ဆိုရင် .. များ၊ကြိမ်၊ကြီး၊မြင့် စီးပွားဖြစ် .. ပေါ့ဗျာ။
ရှိသမျှ မားကက်တင်း နည်းလမ်းတွေ၊ အရောင်းနည်းလမ်းတွေ က ဒီအချက် (၄) ချက်ကို ပဲ ရအောင်လုပ်ရတာ။
စီးပွားရေးလုပ်ငန်းတိုင်းရဲ့အချုပ် ပဲ ။
ရည်မှန်းချက်က (၄) ခုပဲ ရှိတယ်။
တစ်ချက် ခြင်းစီ ကို ကြိုးစားလုပ်ပေတော့ဗျာ။ ။
မာသင်