...

စားသုံးသူတိုင်းမှာ စိုးရိမ်စိတ်ရှိတယ်။

စားသုံးသူတိုင်းမှာ စိုးရိမ်စိတ်ရှိတယ်။

ဒီစားသောက်ဆိုင်မှာ မစားခင် .. ကောင်းမှ ကောင်းပါ့မလားလို့စိုးရိမ်တယ်။
ဒီသင်တန်းကို မတက်ခင် .. အကျိုးမှ ရှိပါ့မလားလို့စိုးရိမ်တယ်။
ဒီအကျီလေးကို မဝယ်ခင် .. ငါ့နဲ့လိုက်မှ လိုက်ဖက်ပါ့မလားလို့စိုးရိမ်တယ်။
ဒီဆံပင်ဆိုင်မှာ မညှပ်ခင် .. လက်ရာကောင်းမှ ကောင်းပါ့မလား လို့စိုးရိမ်တယ်။
ဒီအွန်လိုင်းရှော့မှာ မဝယ်ခင်.. ယုံမှ ယုံရပါ့မလား လို့စိုးရိမ်တယ်။
ဒီတက္ကစီကားကို မဌားခင်… စိတ်ချရပါ့မလား လို့စိုးရိမ်တယ်။
ဘာလုပ်ငန်းပဲဖြစ်ဖြစ် .. ဘယ်စားသုံးသူမဆို မဝယ်ခင်မှာ စိုးရိမ်စိတ်ရှိပါတယ်။
ကြိုက်တော့ ကြိုက်တယ် .. ဒါပေမယ့် မဝယ်ဖြစ်သေးဘူး .. ဆိုတာက စိုးရိမ်စိတ်ကြောင့်ပါပဲ။


🔷 ရောင်းအားကောင်းဖို့ စိုးရိမ်စိတ်ကို ဖြေဖျောက်ပေးပါ။ 🔷


နည်းလမ်းလေးတွေပြောပြရမယ်ဆိုရင်..
“စားမကောင်းမှာ မစိုးရိမ်ပါနဲ့၊ အမြည်းစားကြည့်မကောင်းရင် မဝယ်နဲ့”…. ဆိုတာ စိုးရိမ်စိတ်ကို ဖြေဖျောက်နည်းတစ်မျိုးပါ။
“သင်တန်းအကျိုးမရှိမှာ မပူနဲ့၊ အကျိုးမရှိရင် သုံးရက်အတွင်း ငွေပြန်အမ်းပေးပါ့မယ်”…ဆိုတာ စိုးရိမ်စိတ်ဖြေဖျောက်နည်းနောက်တစ်မျိုးပါ။
“အကျီစမ်းဝတ်ကြည့်လို့ရတယ်လေ၊ အဆင်ပြေမှ ယူ”… ဆိုတာ စိုးရိမ်စိတ်ဖြေဖျောက်နည်းနောက်တစ်မျိုးပါ။
“တက္ကစီဈေးနုန်းကို ကြိုဖော်ပြထားတယ် ဈေးကြီးမှာ မပူနဲ့” .. ဆိုတာ စိုးရိမ်စိတ်ဖြေဖျောက်နည်းနောက်တစ်မျိုးပါ။
ကဲ ကျွန်တော် ဘယ်လို လုပ်ရမလဲ ဆိုရင် …


ကိုယ့်လုပ်ငန်း နဲ့ပတ်သက်လာရင် ဒီ (၃) ခု လုပ်ပါ။


✅၁။ ကိုယ့်လုပ်ငန်း၊ထုတ်ကုန်၊ ဝန်ဆောင်မှု ကို စားသုံးသူတွေ မဝယ်ခင် စိုးရိမ်တဲ့အရာတွေကဘာတွေလဲ၊ ချရေးပါ
✅၂။ စိုးရိမ်စိတ် တစ်ခုထက်မက ရှိနိုင်ပေမယ့် အကြီးမားဆုံးအရာကို ရွေးချယ်ပါ။
✅၃။ ဘယ်လို ဖြေဖျောက်ပေးမလဲ ဆိုတာ စဉ်းစားပါ။


ကျွန်တော် မာသင် တာဝန်ကျေပြီနော် ၊ မိတ်ဆွေတို့ လုပ်ဖို့ပဲကျန်တယ်။ လုပ်ကြည့်လို့ အဆင်ပြေရင် ကိုယ့်မိတ်ဆွေတွေကိုလဲ Share ပေးလိုက်ကြပါဦးခင်ဗျ ။

မာသင်

Related Articles

ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ပုံစံ ( ၁၄) မျိုး

ကိုယ့်မှာ Product ရှိပြီဆိုပေမယ့် ဘယ်လိုပုံစံ နဲ့စီးပွားရေးလုပ်မလဲ ဆိုတာ စဉ်းစားရပါတယ်။ဝယ်သူနဲ့ရောင်းသူ တွေ့ဆုံမယ့်နေရာ၊ အရောင်းအဝယ်လုပ်မယ့် လမ်းကြောင်းစသည်တို့ကို ဖန်တီးရပါတယ်။စီးပွားရေးတစ်ခုကို စတင်လုပ်ကိုင်မယ့် သူများကို ကူညီစဉ်းစားပေးတဲ့အနေနဲ့ ဈေးကွက်မှာ လက်ရှိလုပ်နေကြတဲ့ စီးပွားရေးလုပ်ငန်းပုံစံ (၁၄) မျိုးကို လိုတိုရှင်းဖော်ပြလိုက်ရပါတယ်။ခုဖော်ပြမယ့်အကြောင်းအရာတွေကရောင်းချနည်းတော့မဟုတ်သလို ၊ နည်းလမ်းလဲမဟုတ်ပါ။စီးပွားရေးလုပ်ငန်းတွေအသုံးပြုနေကြတဲ့ ဖြန့််ဖြူးရောင်းချခြင်းဆိုင်ရာ စီးပွားရေး လုပ်ငန်း…

စမ်းသုံးခွင့်အစွမ်း နှင့် နည်းလမ်း (၄) နည်း

အရင်တုန်းက ဘာဆိုင်ဖွင့်ဖွင့် ဆိုင်တိုင်း မှာ ဗွီရို တွေ ရှိကြသည်၊ စမ်းသုံးခွင့်သည် ဆိုသည်မှာ ရတောင့်ရခဲဖြစ်သည်။ အကျီအဝတ်အစားစတိုးဆိုင်ဆိုလျင် ..ဗီရိုထဲတွင် အကျီတွေ၊ ဘောင်းဘီတွေကို သေချာခေါက်ပြီး အိတ်တွေနှင့် ပါကင်ပိတ်ထားကာ ဗီရိုထဲတွင်ကျကျနနပြထားဖို့ဖြစ်သည်။ စမ်းဝတ်ကြည့်ဖို့ဆိုင်တိုင်းက ခွင့်မပြု၊ ဗီရိုထဲက ထုတ်ပြဖို့တောင်မနည်း ပြောပြီးထုတ်ပြခိုင်းရသည်။ နာရီဆိုင်ဆိုလျင် ..ဗီရိုထဲတွင်…

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..ဈေးကွက်မှာ သင်တန်းတွေများနေပြီ..ဈေးကွက်မှာ လုပ်ငန်းတွေများနေပြီ…အင်း.. သူတို့ပြောတဲ့ဈေးကွက်ဆိုတာ အများပိုင်ဈေးကွက်ကို ပြောတာ။ဈေးကွက်ဆိုတာနှစ်ကွက်ရှိတယ်၊ အများပိုင်ဈေးကွက်နဲ့ ကိုယ်ပိုင်ဈေးကွက် ။ ကိုယ်ပိုင်ဈေးကွက်ဆိုတာ.. ကိုယ်ပိုင်ဈေးကွက်ဆိုတာ ကိုယ့်ကိုယုံကြည်တဲ့လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်လုပ်တာတွေ၊ ကိုယ်ရူးသွပ်တာတွေကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ့်ရဲ့ဝန်ဆောင်မှုကို၊ ထုတ်ကုန်ကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်ကိုယ်တိုင်ကလဲ ကွဲထွက်နေမှ ကိုယ့်ဈေးကွက်ကလဲ…

သမားရိုးကျကိုကန့်လန့်တိုက်ခြင်း

နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

ဘာလုပ်ငန်းလုပ်လုပ်.. ဘရန်း (၃) မျိုးတည်ဆောက်ပါ။

ဘာလုပ်ငန်းလုပ်လုပ်.. ဘရန်း (၃) မျိုးတည်ဆောက်ပါ။ ဘယ်လို ဘရန်း (၃) မျိုးလဲ ဆိုရင် …၁။ Product Brand ( ထုတ်ကုန်ဘရန်း)၂။ Company Brand (လုပ်ငန်းဘရန်း)၃။ Personal Brand (လူပုဂ္ဂိုလ် ဘရန်း) ထုတ်ကုန်ဘရန်း (Product Brand)***************************** အစပထမမှာ…