...

Growing or Dying

Growing or Dying

ရှင်သန်မလား ၊ အသေခံမလား

လုပ်ငန်းအဖွဲ့အစည်းဆိုတာ သက်ရှိ (living Organism) ဆိုတာ ပြောပြီးပြီ။ သက်ရှိတိုင်းက ရှင်သန်ကြီးထွား (Growing) နိုင်အောင်လုပ်ရင်လုပ် ၊ မလုပ်ရင် တဖြည်းဖြည်း (Dying) ညိုးနွမ်းသေဖို့ပဲ။

ကြီးထွားရှင်သန်နေဖို့လိုတယ်.. မဟုတ်ရင် တဖြည်းဖြည်းသေဖို့ပဲ။ 

လုပ်ငန်းအဖွဲ့အစည်းအနေနဲ့ အမြဲတမ်း တိုးတက်နေဖို့လိုတယ်။ ဒါမှ ရှင်သန်ကြီးထွားနေမှာ။

ရှင်သန်တိုးတက်နေတဲ့အဖွဲ့အစည်းဖြစ်အောင် Learning Culture အမြဲတမ်းလေ့လာနေတဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုကိုထည့်သွင်းအကောင်အထည်ဖော်ရမယ်။ ဥပမာ .. လစဉ် ဝန်ထမ်းတွေကို စာအုပ်တွေဖတ်ဖို့ သတ်မှတ်၊တိုက်တွန်းရမယ်။ လိုအပ်ရင် လေ့လာမှုအတွက် ဆုချရမယ်။

လုပ်ငန်းခွင်ယဉ်ကျေးမှု (Culture) ဆိုတာအရေးကြီးတယ်။

Culture တစ်ခုဖြစ်ဖို့အတွက် အချက် (၃) ချက်လိုအပ်တယ်။

၁။ ရစ်သမ် (Rhythm) ကျရမယ်။

ပုံမှန်လုပ်နေကျ နေ့ရက်တစ်ခုသတ်မှတ်ရမယ်။ သင်္ကြန်ဆိုတာအမြဲတမ်းပုံမှန် ဧပြီမှာပဲ။ ခရစ်စမတ်ဆိုတာ အမြဲတမ်းပုံမှန် ဒီဇင်ဘာပဲ။ အဆင်ပြေတဲ့အချိန်မဟုတ်ရဘူး။ ဒါကြောင့် အချိန်တစ်ခုကို ပုံသေသတ်မှတ်ပါ။ လကုန်ရက်လား ။ စနေနေ့တိုင်းလား။ ဘယ်နေ့တိုင်းလဲ .. ဆိုတာသတ်မှတ်ပါ။

၂။ အကြိမ်အရေအတွက် (Frequency) များရမယ်။

ယဉ်ကျေးမှုတစ်ခုဖြစ်လာဖို့ဆိုတာ တစ်ကြိမ်တစ်ခါလုပ်ယုံနဲ့ မဖြစ်လာဘူး။ ကြိမ်ဖန်များစွာလုပ်ရင်းနဲ့ ဖြစ်လာတာ၊အမြစ်တွယ်လာတာ။ အနည်းဆုံး (၁၂) ကြိမ်လုပ်။

၃။ အားလုံးပါဝင်ပတ်သတ်မှု (Belong &Engage) ရှိရမယ်။

ဘယ်နှစ်ကြိမ်လုပ်လုပ် ဝန်ထမ်းတွေပါဝင်ပတ်သတ်မှုမရှိရင် လုပ်ငန်းခွင်ယဉ်ကျေးမှုဖြစ်မလာဘူး။ ပါဝင်လာမှ ပတ်သတ်လာမယ်။ ပတ်သတ်လာမှ ကိုယ်နဲ့ဆိုင်တယ်။ ကိုယ်နဲ့ဆိုင်မှ ကိုယ့်ယဉ်ကျေးမှုဖြစ်တယ်။ မဟုတ်ရင် ယဉ်ကျေးမှုတော့ဖြစ်လာပါရဲ့.. ကိုယ့်ယဉ်ကျေးမှုမဟုတ်ပဲ သူ့ယဉ်ကျေးမှုပဲဖြစ်မယ်။

ကိုယ့်ရဲ့လုပ်ငန်းကို အမြဲတမ်းရှင်သန်ကြီးထွားနေအောင် Learning Culture ပေါင်းထည့်ပြီး လေ့လာတိုးတက်နေတဲ့လုပ်ငန်းခွင်အဖွဲ့အစည်းဖြစ်လာအောင် ကြိုးစားတည်ဆောက်ပါ။

ရှင်သန်ကြီးထွားနေဖို့လိုတယ် .. မဟုတ်ရင် တဖြည်းဖြည်းညိုးနွမ်းသွားဖို့ပဲ။

ရှင်သန်မလား ?

အသေခံမလား?

ကိုယ့်ရဲ့ ရွေးချယ်မှုပဲ။ ။

#မာသင်
စီးပွားရေးအကြံပေး

Related Articles

သမားရိုးကျကိုကန့်လန့်တိုက်ခြင်း

နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

ဝန်ထမ်းတွေကို ပေးရမယ့် Training (၅) မျိုး

ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှု နဲ့ လုပ်ကိုင်နိုင်စွမ်း တိုးတက်လာဖို့ဆိုတာ လုပ်ငန်းရှင်ဘက်က ဘယ်လောက်အထိ ပံ့ပိုးပို့ချ ပေးနေသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဝန်ထမ်းရေးရာဌာန မှာ .. ဝန်ထမ်းဖွံ့ဖြိုးတိုးတက်ရေးဌာန (Talent Development Team) တစ်ခုဖွဲ့ပါ။ ပြီးရင် အောက်ပါ သင်တန်းတွေကို လစဉ်ပို့ချပေးနိုင်အောင် ထောက်ပံ့ပါ။ ဘယ်လို…

ဂန္တဝင်မြောက်သောနေ့ (Masterpiece Day)

ဂန္တဝင်မြောက်သောနေ့ဆိုတာ နေ့တစ်နေ့ကို စိတ်ပါလက်ပါ လက်ရာမြောက်လောက်အောင် ကိုယ်ဖြစ်ချင်တဲ့အတိုင်း၊ ကိုယ်တန်ဖိုးထားတဲ့လုပ်ရပ်တွေနဲ့နေ့တစ်နေ့ကို ဂန္တဝင်မြောက်လောက်အောင် ပုံဖော်ဖန်တီးလိုက်နိုင်တဲ့နေ့ရက်တစ်ရက်ပါပဲ။ဘဝမှာ ကျွန်တော်တန်ဖိုးထားတဲ့အရာ (၅) မျိုးရှိပါတယ်။တစ်ခုချင်းစီကို နေ့စဉ်တိုးတက်အောင် ကြိုးစားလုပ်ဆောင်လိုက်တဲ့နေ့တိုင်း က ကျွန်တော့်အတွက်တော့ ဂန္တဝင်မြောက်သောနေ့ (Masterpiece Day) ပါပဲ။ အဲဒီ (၅) ခု က..၁။ အသိပညာ (…

စီးပွားရေးကို အဆင်သင့်မဖြစ်ခင် စတင်ပါ..

စီးပွားရေးလုပ်ငန်းတစ်ခုကို အားလုံးအဆင်သင့်ဖြစ်မှ စတင် မယ်ဆိုရင် နောက်ကျသွားပါပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်း 563 နှစ် ကျော်လောက်က ဂူတင်ဘတ်က ပထမဆုံး စာအုပ်ကို ရိုက်နှိပ်ထုတ်ဝေခဲ့တယ်။အဲဒီတုန်းက ဥရောပကြီးတစ်ခုလုံးရဲ့၇% သာစာဖတ်တတ်ပါတယ်။ ဈေးကွက်မရှိဘူး။စာအုပ်ထွက်ရင် ဖြန့်ဝေပေးဖို့.. စာပေဖြန့်ချိရေးတွေ မရှိဘူး။စာအုပ်ကို လူအများဝယ်ယူနိုင်အောင်ခင်းကျင်းပြသရောင်းချပေးတဲ့…စာအုပ်ဆိုင်မရှိဘူး။စာပေချစ်သူတွေ၊ စာအုပ်ဝယ်ယူသူတွေ သန်းနဲ့ချီပြီး တစ်နေရာတည်းမှာ အစုံဝယ်ယူလို့ရနိုင်တဲ့ Amazon…

Cell Split

လုပ်ငန်းအဖွဲ့အစည်းဆိုတာ သက်ရှိ (living organism) ဖြစ်တယ်ဆိုတဲ့အချက်ကို တော်တော်သဘောကျမိပါတယ်။ မိမိလုပ်ငန်းအဖွဲ့အစည်းဆိုတာ သက်ရှိဖြစ်လို့ .. အဝင် (input) နဲ့ အထွက်(output) ဆိုတာရှိတယ်။ ပြီးတော့ Growing or Dying သေးငယ်ညိုးနွမ်းမသွားပဲ ရှင်သန်ကြီးထွားလာအောင် လုပ်ဖို့လိုအပ်တယ်ဆိုတဲ့အချက်တွေကို အရင်ဆောင်းပါးမှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ 💥နောက်ထပ်ထူးခြားတဲ့အချက် နောက်တစ်ချက်က ..ရှင်သန်ကြီးထွားလာရင်…