...

အတွင်းကျယ် ရင် .. အပြင်ကြီးလာလိမ့်မယ်။

အတွင်းကျယ် ရင် .. အပြင်ကြီးလာလိမ့်မယ်။

လုပ်ငန်းအများစုက .. လူအုပ်ကြီးနောက်လိုက်နေကြလိမ့်မယ်။
ကိုယ်က… ကိုယ်ယုံကြည်ရာနောက်ကိုလိုက်ပါ။
ကိုယ်ယုံကြည်သလို ယုံကြည်သူလူအုပ်ကြီးနောက်က လိုက်လာကြလိမ့်မယ်။


လုပ်ငန်းအများစုက .. အပြင်ကြီးရင် အတွင်းကျယ်လာလိမ့်မယ်လို့ပြောကြလိမ့်မယ်။
ကိုယ်က … အတွင်းကျယ်ရင် အပြင်ကြီးလာလိမ့်မယ်လို့ ပြောပါ။


လုပ်ငန်းအများစုက … ပြင်ပဈေးကွက်ကြီးတစ်ခုလုံးနဲ့ ထိတွေ့အောင် ကြော်ငြာနေကြလိမ့်မယ်။
ကိုယ်က … အတွင်း စက်ဝိုင်းဖြစ်တဲ့ ကိုယ့်ကိုလက်ခံယုံကြည်တဲ့ Fan group ကိုတန်ဖိုးတွေပေးဖို့အာရုံစိုက်ပြီး လူနည်းစုနှလုံးသားကို ထိတွေ့အောင်လုပ်ပါ။


လုပ်ငန်းအများစုက .. စားသုံးသူတွေတဖြေးဖြေးလက်ခံလာလိမ့်မယ်လို့ယုံကြည်နေကြလိမ့်မယ်။
ကိုယ်က… လက်ရှိမှာ ရှိသလောက်ယုံကြည်သူတွေနဲ့စတင်ကြီးထွားလာအောင်လုပ်ပါ။


လုပ်ငန်းအများစုက .. လူများများသိလေကောင်းလေလို့ထင်နေကြလိမ့်မယ်။
ကိုယ်က .. “လူသိ” တွေများလေကောင်းလေ လို့ထင်ပါ။


အတွင်းလူဖြစ်တဲ့ “အမာခံဖောက်သည်” တွေကို ဂရုစိုက်ပါ။
အမာခံတွေများလာရင် အပြင်လူတွေကို ဆွဲဆောင်လိမ့်မယ်။
ဒီလိုနဲ့…
အတွင်းကျယ်ရင် … အပြင်ကြီးလာလိမ့်မယ်။
ဒါကို ကျွန်တော်က Customer Metamorphosis ( ကာစတမ်မာ မက်တာမော်ဖိုးဆစ်) လို့အမည်ပေးထားတယ်။ အသေးစိတ်ကို ဘရန်းမားကက်တင်း စာအုပ် ရဲ့အခန်း (၁၅) မှာ ဖတ်ပါ။ ဗွီဒီယို အိုင်ဒီယာ (၁၅) မှာ ကြည့်ပါ။

မာသင်

Related Articles

ဘာလုပ်ငန်းလုပ်လုပ်.. ဘရန်း (၃) မျိုးတည်ဆောက်ပါ။

ဘာလုပ်ငန်းလုပ်လုပ်.. ဘရန်း (၃) မျိုးတည်ဆောက်ပါ။ ဘယ်လို ဘရန်း (၃) မျိုးလဲ ဆိုရင် …၁။ Product Brand ( ထုတ်ကုန်ဘရန်း)၂။ Company Brand (လုပ်ငန်းဘရန်း)၃။ Personal Brand (လူပုဂ္ဂိုလ် ဘရန်း) ထုတ်ကုန်ဘရန်း (Product Brand)***************************** အစပထမမှာ…

ပေးတဲ့ဘရန်း ၊ ယူတဲ့လုပ်ငန်း

( ကြော်ငြာပိုစ်) စီးပွားရေးလုပ်တာ ဆိုပေမယ့်…. စီးပွားဆန်လို့မရဘူး။စီးပွားဆန်တဲ့လုပ်ငန်းကို စားသုံးသူတွေ မကြိုက်ကြဘူး။ဒါကြောင့် .. စီးပွားရေးဆိုပေမယ့်.. စီးပွားမဆန်ပဲ ဘရန်းဆန်ပါ။ စီးပွားဆန်တဲ့သူ ဆိုတာ … ရေတိုတွေးတယ်။ဘရန်းဆန်တဲ့သူဆိုတာ .. ရေရှည်တွေးတယ်။ စီးပွားဆန်တဲ့သူဆိုတာ .. တစ်ခါစားလုပ်တယ်။ဘရန်းဆန်တဲ့သူဆိုတာ.. တစ်သက်စားဖို့လုပ်တယ်။ စီးပွားဆန်တဲ့သူဆိုတာ.. ကိုယ့်အတွက် ယူဖို့ ကို…

စားသုံးသူ (၆) မျိုး

ရောင်းရငွေ ဆိုသည့် အကြောင်းအရာ သည် လုပ်ငန်းတိုင်း မဖြစ်မနေ အစဉ်အမြဲ တိုးတက်စေရန် ကြိုးစားအားထုတ်နေရသောအရာဖြစ်သည်။ ယနေ့ရောင်းရငွေ သည် မနက်ဖြန်အတွက် အရင်း ဖြစ်နိုင်သလို၊ ရောင်းရငွေ အတက်အကျသည် လုပ်ငန်းတစ်ခု ရေရှည်ရပ်တည်ရှင်သန်ဖို့အတွက် အားကိုးအားထားရာ အကြောင်းအရာတစ်ရပ်ဖြစ်သည်။ ရောင်းရငွေများလာခြင်းကို ရောင်းအားတက်သည် ပြောကြသည်။ ရောင်းရငွေနည်းသွားခြင်းကို ရောင်းအားကျသည်ဟု…

နှစ်သစ်မှာ တွန်းအား ဖြစ်စေပါ

တွန်းအား (Motivation) ဆိုတာ ကျွန်တော် တို့အားလုံး လိုအပ်တဲ့အရာပါ။နှစ်တစ်နှစ်ကုန်သွားလို့ နှစ်သစ်အစမှာ ကျွန်တော် တို့ Plan တွေ ဆွဲကြပါတယ်။နှစ်သစ်မှာ ဘာတွေ ပြီးမြောက်အောင်လုပ်ဆောင်မလဲ လို့စဉ်းစားပြီး အစီအစဉ် တွေ ရေးဆွဲကြပါတယ်။အမှန်တော့ ကျွန်တော်တို့လိုနေတာ Plan မဟုတ်ပါဘူး၊ motivation တွန်းအား ပါ။လုပ်ဆောင်စရာတွေအများကြီးက စိတ်ရှူပ်စေပါတယ်၊…

သမားရိုးကျကိုကန့်လန့်တိုက်ခြင်း

နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…