...

ဝန်ထမ်းတွေကို ပေးရမယ့် Training (၅) မျိုး

ဝန်ထမ်းတွေကို ပေးရမယ့် Training (၅) မျိုး

ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှု နဲ့ လုပ်ကိုင်နိုင်စွမ်း တိုးတက်လာဖို့ဆိုတာ လုပ်ငန်းရှင်ဘက်က ဘယ်လောက်အထိ ပံ့ပိုးပို့ချ ပေးနေသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

ဝန်ထမ်းရေးရာဌာန မှာ .. ဝန်ထမ်းဖွံ့ဖြိုးတိုးတက်ရေးဌာန (Talent Development Team) တစ်ခုဖွဲ့ပါ။ ပြီးရင် အောက်ပါ သင်တန်းတွေကို လစဉ်ပို့ချပေးနိုင်အောင် ထောက်ပံ့ပါ။

ဘယ်လို Training တွေပို့ချရမလဲ ဆိုရင်..

အနည်းဆုံးတော့ ကျွန်တော် အခုပြောပြမယ့် Training (5) မျိုးတော့ ပို့ချသင်တန်းပေးသင့်ပါတယ်။

  1. Product Training
  2. Customer Training
  3. Departmental Training
  4. System Training
  5. Personal Development & motivation Training

ဆိုတဲ့ သင်တန်း (၅) မျိုးကို တစ်လတစ်ခါ ပို့ချသင့်ပါတယ်။

🏆1.Product Training ဆိုတာ ..

မိမိလုပ်ငန်းရဲ့ ထုတ်ကုန်တွေတွေအကြောင်းကို လစဉ်လတိုင်းပို့ချပေးသင့်ပါတယ်။ ထုတ်ကုန်ဆိုတာ လုပ်ငန်းရဲ့ ဝန်ထမ်းတိုင်းက နားလည်ဖို့လိုပါတယ်။ အရောင်းဝန်ထမ်းမှ မဟုတ်ပဲ ဝန်ထမ်းတိုင်းက သိနားလည်ရပါမယ်။ ထုတ်ကုန်က လုပ်ငန်းကြီးတစ်ခုလုံးကို ပံ့ပိုးပေးထားတာပါ။ မိမိဝန်ထမ်း ဘယ်ဝန်ထမ်းကို မေးမေး ထုတ်ကုန်အကြောင်းကို နားလည်ရပါမယ်၊ရှင်းပြနိုင်ရပါမယ်။ မိမိလုပ်ငန်းရဲ့ ကုန်ပစ္စည်းတွေအကြောင်းကို အမြဲ training ပေးပါ။

🏆2. Customer Training ဆိုတာ..

မိမိလုပ်ငန်းကို အားပေးနေတဲ့ customer တွေကိုအကြောင်းကို မှတ်တမ်းပြုလုပ်ထားဖို့လိုပါတယ်။ ပြီးမှ မှတ်တမ်းကို ကြည့်ပြီး customer တွေအကြောင်းကို သင်တန်းပေးရပါမယ်။ customer ကို သိနားလည်အောင်ကြိုးစားနိုင်မှ ဝန်ဆောင်မှုကို ကောင်းကောင်းပေးနိုင်ပါလိမ့်မယ်။ မိမိလုပ်ငန်းရဲ့ security က စလို့ … အရောင်းဝန်ထမ်းတွေ၊ ရုံးတွင်းဝန်ထမ်းတွေ .. အကုန်လုံး က မိမိလုပ်ငန်းရဲ့ အဓိက customer တွေအကြောင်းကို သိနေရပါမယ်။

🏆3. Departmental Training ဆိုတာ ..

သက်ဆိုင်ရာ department အလိုက် သင်တန်းတွေကို စီစဉ်ပေးပါ။ Finance ဘဏ္ဍာရေးဌာန မှာ လုပ်ကိုင်နေသူတိုင်းကို လစဥ် ငွေကြေးဘဏ္ဍာရေးဆိုင်ရာ မွန်းမံသင်တန်းများကို စီစဉ်ပေးသလို၊ HR ဝန်ထမ်းရေးရာဌာန၊ Admin ဌာန၊ Sale & Distribution အရောင်းနှင့် ဖြန့်ချိရေးဌာန အစရှိသဖြင့် .. ဌာနဆိုင်ရာများကို လစဉ် ဆိုင်ရာမွန်းမံသင်တန်းများပို့ချပေးပါ။

🏆4. System Training ဆိုတာ …

လုပ်ငန်းတိုင်းမှာ အနည်းနဲ့အများဆိုသလို လုပ်ပုံကိုင်ပုံ စနစ် နဲ့ နည်းနာ ဆိုတာ ရှိကြပါတယ်။ အဲဒီ လုပ်ကိုင်ရမယ့် စနစ်တွေကို ဝန်ထမ်းတွေက သိရှိအောင် .. လုပ်တတ်ကိုင်တတ်အောင် သင်ကြားပေးရမယ်။ စနစ်ဆိုတာ ချထားယုံနဲ့ မရပါဘူး။ လိုက်ပါလုပ်ဆောင်မယ့် ဝန်ထမ်းတွေအနေနဲ့ လိုက်နာလုပ်ဆောင်ဖို့ ဆိုတာ သင်တန်းပေးရပါမယ်။

🏆5. Personal Development & motivation Training ဆိုတာ..

ဝန်ထမ်းတွေရဲ့ တစ်ကိုယ်ရေဘ၀ တိုးတက်ရေးဆိုင်ရာများလဲသင်တန်းပေးသင့်ပါတယ်။ ဒါမှလဲ သူတို့ရဲ့ လုပ်ချင်ကိုင်ချင်စိတ်တွေ၊ တိုးတက်ချင်စိတ်တွေက ဖွံ့ဖြိုးနေမှာဖြစ်ပါတယ်။ တိုးတက်ချင်တဲ့ ဝန်ထမ်းနဲ့ တိုးတက်ချင်စိတ်မရှိတဲ့ဝန်ထမ်းကွာပါတယ်။ ကိုယ့်ဝန်ထမ်းတွေကို အမြဲတိုးတက်ချင်စိတ်ရှိနေအောင် .. စိတ်အားတက်ကြွတဲ့ဝန်ထမ်းတွေဖြစ်နေအောင် အမြဲတမ်း သင်တန်းတွေပို့ချပေးနေဖို့လိုပါတယ်။

💥အဓိကအကျိုးသက်ရောက်မှု

အထက်ပါ သင်တန်း (၅)မျိုးကို ပုံမှန် ပို့ချနေရင် ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေ၊ အလုပ်ပေါ်မှာ ကျွမ်းကျင်လာတဲ့အလျောက် ကျေနပ်ပျော်ရွင်မှုတွေ၊ ပြီးတော့ တိုးတက်လာတယ်လို့ ခံစားလာရဲ့ပြီး စိတ်အားတက်ကြွမှုတွေဖြစ်လာပါလိမ့်မယ်။ ဒီလိုရလဒ်ကောင်းတွေကို ပံ့ပိုးပေးနေတဲ့ လုပ်ငန်းခွင်ဆိုတာ ဝန်ထမ်းတွေမြဲတဲ့လုပ်ငန်းခွင်ပါပဲဗျာ။ ။

#မာသင်

Related Articles

ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ပုံစံ ( ၁၄) မျိုး

ကိုယ့်မှာ Product ရှိပြီဆိုပေမယ့် ဘယ်လိုပုံစံ နဲ့စီးပွားရေးလုပ်မလဲ ဆိုတာ စဉ်းစားရပါတယ်။ဝယ်သူနဲ့ရောင်းသူ တွေ့ဆုံမယ့်နေရာ၊ အရောင်းအဝယ်လုပ်မယ့် လမ်းကြောင်းစသည်တို့ကို ဖန်တီးရပါတယ်။စီးပွားရေးတစ်ခုကို စတင်လုပ်ကိုင်မယ့် သူများကို ကူညီစဉ်းစားပေးတဲ့အနေနဲ့ ဈေးကွက်မှာ လက်ရှိလုပ်နေကြတဲ့ စီးပွားရေးလုပ်ငန်းပုံစံ (၁၄) မျိုးကို လိုတိုရှင်းဖော်ပြလိုက်ရပါတယ်။ခုဖော်ပြမယ့်အကြောင်းအရာတွေကရောင်းချနည်းတော့မဟုတ်သလို ၊ နည်းလမ်းလဲမဟုတ်ပါ။စီးပွားရေးလုပ်ငန်းတွေအသုံးပြုနေကြတဲ့ ဖြန့််ဖြူးရောင်းချခြင်းဆိုင်ရာ စီးပွားရေး လုပ်ငန်း…

ဂန္တဝင်မြောက်သောနေ့ (Masterpiece Day)

ဂန္တဝင်မြောက်သောနေ့ဆိုတာ နေ့တစ်နေ့ကို စိတ်ပါလက်ပါ လက်ရာမြောက်လောက်အောင် ကိုယ်ဖြစ်ချင်တဲ့အတိုင်း၊ ကိုယ်တန်ဖိုးထားတဲ့လုပ်ရပ်တွေနဲ့နေ့တစ်နေ့ကို ဂန္တဝင်မြောက်လောက်အောင် ပုံဖော်ဖန်တီးလိုက်နိုင်တဲ့နေ့ရက်တစ်ရက်ပါပဲ။ဘဝမှာ ကျွန်တော်တန်ဖိုးထားတဲ့အရာ (၅) မျိုးရှိပါတယ်။တစ်ခုချင်းစီကို နေ့စဉ်တိုးတက်အောင် ကြိုးစားလုပ်ဆောင်လိုက်တဲ့နေ့တိုင်း က ကျွန်တော့်အတွက်တော့ ဂန္တဝင်မြောက်သောနေ့ (Masterpiece Day) ပါပဲ။ အဲဒီ (၅) ခု က..၁။ အသိပညာ (…

ကိုယ်မပါလဲ ငွေဝင်ဖို့ဆိုတာ..

စီးပွားရေးလုပ်ငန်းတိုင်းမှာ PRODUCT (ထုတ်ကုန်) ဆိုတာရှိတယ်။ ဒါပေမယ့် ထုတ်ကုန် တစ်ခုကပဲ‌ ငွေဝင်တာမဟုတ်ဘူး။ ထုတ်ကုန်ဆိုတာ ASSET ဖြစ်တယ်။ ASSET တိုင်းက တန်ဖိုးတစ်စုံတစ်ရာရှိနေတယ်။ အဲဒီ Assets တန်ဖိုးပြောင်းလဲမှုတွေကနေလဲ ငွေဝင်နိုင်တယ်။ ကိုယ်မပါပဲ ငွေဝင်နေဖို့ဆိုတာ ကိုယ်မရှိပဲလဲ တန်ဖိုးရှိနေ၊ ဖြစ်နေတဲ့ ASSETS တွေကိုလုပ်ငန်းထဲမှာ…

နှစ်သစ်မှာ တွန်းအား ဖြစ်စေပါ

တွန်းအား (Motivation) ဆိုတာ ကျွန်တော် တို့အားလုံး လိုအပ်တဲ့အရာပါ။နှစ်တစ်နှစ်ကုန်သွားလို့ နှစ်သစ်အစမှာ ကျွန်တော် တို့ Plan တွေ ဆွဲကြပါတယ်။နှစ်သစ်မှာ ဘာတွေ ပြီးမြောက်အောင်လုပ်ဆောင်မလဲ လို့စဉ်းစားပြီး အစီအစဉ် တွေ ရေးဆွဲကြပါတယ်။အမှန်တော့ ကျွန်တော်တို့လိုနေတာ Plan မဟုတ်ပါဘူး၊ motivation တွန်းအား ပါ။လုပ်ဆောင်စရာတွေအများကြီးက စိတ်ရှူပ်စေပါတယ်၊…

သမားရိုးကျကိုကန့်လန့်တိုက်ခြင်း

နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…