...

ရောင်းမယ့် အစား… ပြောပြပါ

ရောင်းမယ့် အစား… ပြောပြပါ

မားကက်တင်း စိတ်ဝင်စားသူတွေအတွက် မှတ်သားစရာစကားတစ်ခု ရှိပါတယ်။
“Don’t sell them, tell them”
ရောင်းမယ့် အစား… ပြောပြပါ တဲ့။
အင်မတန်မှ အဓိပ္ပါယ်ရှိတဲ့ စာသားပါ။


ရောင်းခြင်းမှာ ကိုယ့်အကြောင်း၊ ကိုယ့်ထုတ်ကုန်အကြောင်း ကို အာရုံစိုက်ပြီး၊
ပြောပြခြင်းမှာ စားသုံးသူအကြောင်း ကို အာရုံစိုက်ပါတယ်။


ရောင်းခြင်းမှာ ကိုယ့်ရောင်းကုန်ရဲ့ အသုံးဝင်ပုံကို အာရုံစိုက်ပြီး၊
ပြောပြခြင်းမှာ ဝယ်သူဘက်မှ အကျိုးဖြစ်စေမယ့် အရာတွေကို အာရုံစိုက်ပါတယ်။


ရောင်းခြင်း မှာ တွန်းအားပေးခြင်း ကို အာရုံစိုက်ပြီး ၊
ပြောပြခြင်းမှာ .. စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေပြီး ဝယ်ယူစေခြင်းကို အာရုံစိုက်ပါတယ်။


ရောင်းခြင်းမှာ ကြော်ငြာ ကို အာရုံစိုက်ပြီး ၊
ပြောပြခြင်းမှာ ပျံနှံ့စေခြင်းကို အာရုံစိုက်ပါတယ်။


ရောင်းခြင်းမှာ ရေတိုအလုပ်ဖြစ်မှု ကို အာရုံစိုက်ပြီး၊
ပြောပြခြင်းမှာ ရေရှည်အလုပ်ဖြစ်မှုကို အာရုံစိုက်ပါတယ်။


ရောင်းခြင်းမှာ စီးပွားဆန်ပြီး၊ အရောင်းအဝယ်ဖြစ်မှုTransaction ကို အာရုံစိုက်ပြီး၊
ပြောပြခြင်းမှာ မျှဝေခြင်း သက်သက်သာဖြစ်ပြီး၊ ဝယ်မယ့်သူအတွက်အမြဲတံခါးဖွင့်ထားပြီး ဝယ်ယူစေခြင်းကို အာရုံစိုက်ပါတယ်။


ဝယ်ယူစေခြင်းကို စိတ်ဝင်စားရင်.. ဘာကြောင့် စားသုံးသူတွေ ဝယ်ယူကြသလဲ ဆိုတာကို လေ့လာရပါတယ်။
ဘာကြောင့် ဝယ်ယူကြသလဲ ဆိုတာကို သိရင် ဘယ်လိုဝယ်ယူစေမလဲ ဆိုတာသိလာပါတယ်။
ဒါကို ဝယ်ယူခြင်း ဗေဒ ( Buyology – ဘိုင်အိုလော်ဂျီ) လို့ခေါ်ပါတယ်။

မာသင်

Related Articles

ပေးတဲ့ဘရန်း ၊ ယူတဲ့လုပ်ငန်း

( ကြော်ငြာပိုစ်) စီးပွားရေးလုပ်တာ ဆိုပေမယ့်…. စီးပွားဆန်လို့မရဘူး။စီးပွားဆန်တဲ့လုပ်ငန်းကို စားသုံးသူတွေ မကြိုက်ကြဘူး။ဒါကြောင့် .. စီးပွားရေးဆိုပေမယ့်.. စီးပွားမဆန်ပဲ ဘရန်းဆန်ပါ။ စီးပွားဆန်တဲ့သူ ဆိုတာ … ရေတိုတွေးတယ်။ဘရန်းဆန်တဲ့သူဆိုတာ .. ရေရှည်တွေးတယ်။ စီးပွားဆန်တဲ့သူဆိုတာ .. တစ်ခါစားလုပ်တယ်။ဘရန်းဆန်တဲ့သူဆိုတာ.. တစ်သက်စားဖို့လုပ်တယ်။ စီးပွားဆန်တဲ့သူဆိုတာ.. ကိုယ့်အတွက် ယူဖို့ ကို…

အဓိပ္ပါယ်ရှိသောစီးပွားရေးလုပ်ပါ

ပိုက်ဆံရှာဖို့လုပ်တဲ့စီးပွားရေး ထက်၊ အဓိပ္ပါယ်ရှာဖို့လုပ်တဲ့ စီးပွားရေး က ပိုက်ဆံပိုဝင်တယ်။ စီးပွားရေးလုပ်ငန်းတစ်ခုက ကိုယ့်အတွက်လဲ အဓိပ္ပါယ် ရှိတယ်၊ စားသုံးသူတွေအတွက်လဲ အဓိပ္ပါယ်ရှိတယ် ဆိုရင် တစ်ချိန်မှာ အောင်မြင်တာပါပဲ။အဓိပ္ပါယ်ဆိုတာ လုပ်ငန်းအတွက်လဲ အရေးကြီးသလို၊ စားသုံးသူအတွက်လဲအရေးကြီးပါတယ်။ကိုယ့်အတွက် အဓိပ္ပါယ်ရှိသော အလုပ်တစ်ခု ဆိုတာ ထမင်းစားမေ့ဟင်းစားမေ့ လုပ်နိုင်တယ်။ ဘယ်လောက်အခက်အခဲရှိရှိ ကြိုးစားတယ်။…

ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ပုံစံ ( ၁၄) မျိုး

ကိုယ့်မှာ Product ရှိပြီဆိုပေမယ့် ဘယ်လိုပုံစံ နဲ့စီးပွားရေးလုပ်မလဲ ဆိုတာ စဉ်းစားရပါတယ်။ဝယ်သူနဲ့ရောင်းသူ တွေ့ဆုံမယ့်နေရာ၊ အရောင်းအဝယ်လုပ်မယ့် လမ်းကြောင်းစသည်တို့ကို ဖန်တီးရပါတယ်။စီးပွားရေးတစ်ခုကို စတင်လုပ်ကိုင်မယ့် သူများကို ကူညီစဉ်းစားပေးတဲ့အနေနဲ့ ဈေးကွက်မှာ လက်ရှိလုပ်နေကြတဲ့ စီးပွားရေးလုပ်ငန်းပုံစံ (၁၄) မျိုးကို လိုတိုရှင်းဖော်ပြလိုက်ရပါတယ်။ခုဖော်ပြမယ့်အကြောင်းအရာတွေကရောင်းချနည်းတော့မဟုတ်သလို ၊ နည်းလမ်းလဲမဟုတ်ပါ။စီးပွားရေးလုပ်ငန်းတွေအသုံးပြုနေကြတဲ့ ဖြန့််ဖြူးရောင်းချခြင်းဆိုင်ရာ စီးပွားရေး လုပ်ငန်း…

ကိုယ်မပါလဲ ငွေဝင်ဖို့ဆိုတာ..

စီးပွားရေးလုပ်ငန်းတိုင်းမှာ PRODUCT (ထုတ်ကုန်) ဆိုတာရှိတယ်။ ဒါပေမယ့် ထုတ်ကုန် တစ်ခုကပဲ‌ ငွေဝင်တာမဟုတ်ဘူး။ ထုတ်ကုန်ဆိုတာ ASSET ဖြစ်တယ်။ ASSET တိုင်းက တန်ဖိုးတစ်စုံတစ်ရာရှိနေတယ်။ အဲဒီ Assets တန်ဖိုးပြောင်းလဲမှုတွေကနေလဲ ငွေဝင်နိုင်တယ်။ ကိုယ်မပါပဲ ငွေဝင်နေဖို့ဆိုတာ ကိုယ်မရှိပဲလဲ တန်ဖိုးရှိနေ၊ ဖြစ်နေတဲ့ ASSETS တွေကိုလုပ်ငန်းထဲမှာ…

စပ်တူလုပ်ငန်းအတွက်ငွေကြေးအချက် (၁၀) ချက်

စပ်တူလုပ်ငန်းမှာ သတိထားသင့်တဲ့ ငွေကြေးအချက် (၁၀) ချက် 1. Goodwill နာမည်ကောင်းတန်ဖိုး လို့လဲ ခေါ်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ Brand Value ဘရန်းတန်ဖိုးဆိုပြီးတော့ မိမိလုပ်ငန်းထဲပေါင်းထဲ့ကြပေမယ့်၊ အမှန်တော့ လုပ်ငန်းတစ်ခုက အခြားလုပ်ငန်းတစ်ခုကို ဝယ်ယူတဲ့အခါ လုပ်ငန်းရဲ့ Net Asset Value တန်ကြေး ထက်ကျော်လွန်ပြီးပေးလိုက်ရတဲ့…