...

ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ပုံစံ ( ၁၄) မျိုး

ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ပုံစံ ( ၁၄) မျိုး

ကိုယ့်မှာ Product ရှိပြီဆိုပေမယ့် ဘယ်လိုပုံစံ နဲ့စီးပွားရေးလုပ်မလဲ ဆိုတာ စဉ်းစားရပါတယ်။
ဝယ်သူနဲ့ရောင်းသူ တွေ့ဆုံမယ့်နေရာ၊ အရောင်းအဝယ်လုပ်မယ့် လမ်းကြောင်းစသည်တို့ကို ဖန်တီးရပါတယ်။
စီးပွားရေးတစ်ခုကို စတင်လုပ်ကိုင်မယ့် သူများကို ကူညီစဉ်းစားပေးတဲ့အနေနဲ့ ဈေးကွက်မှာ လက်ရှိလုပ်နေကြတဲ့ စီးပွားရေးလုပ်ငန်းပုံစံ (၁၄) မျိုးကို လိုတိုရှင်းဖော်ပြလိုက်ရပါတယ်။
ခုဖော်ပြမယ့်အကြောင်းအရာတွေက
ရောင်းချနည်းတော့မဟုတ်သလို ၊ နည်းလမ်းလဲမဟုတ်ပါ။
စီးပွားရေးလုပ်ငန်းတွေအသုံးပြုနေကြတဲ့ ဖြန့််ဖြူးရောင်းချခြင်းဆိုင်ရာ စီးပွားရေး လုပ်ငန်း ပုံစံများပဲဖြစ်ပါတယ်။


၁။ ဆိုင်ဖွင့်ရောင်းချခြင်း လုပ်ငန်းပုံစံ ( Offline retail )
ဆိုင်ဖွင့်ရောင်းချခြင်းဆိုတာ လုပ်ငန်းအများစု ရင်းနှီးပြီးသားပုံစံဖြစ်ပါတယ်။ Offline Retail အမျိုးအစားဖြစ်ပါတယ်။ ထုတ်ကုန်ပစ္စည်းပဲရောင်းရောင်း၊ ဝန်ဆောင်မှုပဲဖြစ်ဖြစ်၊ အစားအသောက်ဖြစ်နေနေ နေရာတစ်နေရာမှာ အပေးအယူလုပ်ဖို့အရောင်းအဝယ်ဖြစ်မယ့်နေရာလေးတစ်ခု လိုအပ်ပါတယ်။ စားသုံးသူနဲ့ရောင်းချသူ မျက်နှာခြင်းဆိုင်တွေ့ကြ၊ ဈေးစကားပြောကြပြီး လက်လီယူတာလဲ ဖြစ်နိုင်သလို ၊ လက္ကားပေးတာလဲ ဖြစ်နိုင်ပါတယ်။ ရောင်းချပစ္စည်းကို အမြတ်တစ်စုံတရာတင်ပြီး ကိုယ့်ဆိုင်မှာ ပြပြီးရောင်းချတဲ့လုပ်ငန်းပုံစံဖြစ်ပါတယ်။


၂။ အွန်လိုင်းပလက်ဖောင်း/ ဆိုင်ဖွင့်ရောင်းချခြင်း လုပ်ငန်းပုံစံ (Online Retail- E-commerce)
ဖေ့ဘုတ် page တစ်ခုဖွင့်ပြီးရောင်းချနိုင်သလို၊ website တစ်ခု ဒါမှမဟုတ် အခြားသော အွန်လိုင်းပလက်ဖောင်း၊ ဆိုရှယ်မီဒီယာ များပေါ်မှာ ရောင်းချခြင်း ပုံစံမျိုးဖြစ်ပါတယ်။


၃။ ဆိုင် နှင့် အွန်လိုင်းတွဲဖက် လုပ်ငန်းပုံစံ (Bricks and Clicks)
ကိုယ့်ထုတ်ကုန်ပစ္စည်းကို အပြင်မှာလဲ ဆိုင်ဖွင့်ပြီးရောင်းချတယ်။ အွန်လိုင်းပေါ်မှာတင်ပြီးတော့လဲ ရောင်းချတယ်။ နှစ်မျိုးစလုံးပုံစံနဲ့ရောင်းချတဲ့ လုပ်ငန်းပုံစံမျိုးကို Bricks and Clicks လို့ခေါ်ပါတယ်။


၄။ ဖရန်ချိုက် လုပ်ငန်းပုံစံ (Franchise )
အောင်မြင်ပြီးသားလုပ်ငန်းတစ်ခု၊ ဘရန်းရှိပြီးသားလုပ်ငန်းတစ်ခုအနေနဲ့ မိမိ လုပ်ငန်းပုံစံအတိုင်း အခြားနေရာမှာ ဖွင့်လှစ်ရောင်းချခွင့်ပေးခြင်းမျိုးဖြစ်ပါတယ်။ရောင်းချခွင့်ပေးသူကို Franchisor လို့ခေါ်ပြီး ရောင်းချခွင့်ရသူကို Franchisees လို့ခေါ်ပါတယ်။ အသုံးပြု ရောင်းချခွင့်ပေးရာမှာ အမှတ်တံဆိပ်အပြင်၊ System စနစ်၊ ပြုလုပ်လည်ပတ်ပုံတွေပါဝင်နိုင်သလို၊ ထုတ်ကုန်ပစ္စည်းကအစ လုပ်ငန်းအစအဆုံးလုပ်ပိုင်ခွင့် အစရှိသဖြင့် အမျိုးအမျိုးရှိနိုင်ပါတယ်။


၅။ စမ်းသုံးကြိုက်ဝယ် လုပ်ငန်းပုံစံ ( Freemium)
Free (အခမဲ့ ) ဆိုတဲ့စကားလုံးနဲ့Premium (အခကြေး) ဆိုတဲ့စကားလုံးနှစ်ခုပေါင်းပြီး Freemium ဆိုတဲ့ စကားလုံးလုပ်ထားတာဖြစ်ပါတယ်။ အရင်ဦးဆုံး စမ်းသုံးခွင့်ပေးပါတယ်။ ကြိုက်မှ ဝယ်နိုင်ပါတယ် ဆိုတဲ့ လုပ်ငန်းပုံစံမျိုးဖြစ်ပါတယ်။ အစားအသောက်ထုတ်ကုန်ပစ္စည်းများရောင်းချရာမှာဌင်း ၊ နည်းပညာဆော့ဝဲလ်များရောင်းချရာမှာဌင်းအသုံးများပါတယ်။


၆။ ကုန်ထုတ်လုပ်မှုလုပ်ငန်းပုံစံ (Manufacturing)
ကိုယ်ရောင်းဖို့ကိုယ်ထုတ်လုပ်တာဖြစ်နိုင်သလို၊ သူများအတွက်ထုတ်လုပ်ပေးတာလဲဖြစ်နိုင်ပါတယ်။ အဓိကဝင်ငွေကိုတော့ ထုတ်လုပ်မှုကို အသားပေးပြီးရတဲ့အတွက် ထုတ်လုပ်မှုလုပ်ငန်းပုံစံအဖြစ်လည်ပတ်နေခြင်းဖြစ်ပါတယ်။


၇။ လက္ကားရောင်းချလုပ်ငန်းပုံစံ (Wholesale)
စားသုံးသူကို ရည်ရွယ်ပြီး ရောင်းတာဖြစ်နိုင်သလို၊ တဆင့်ပြန်လည်ရောင်းချသူများကို ရည်ရွယ်တာလဲဖြစ်နိုင်ပါတယ်။ အနည်းဆုံးဝယ်ယူရမယ့်ပမာဏသတ်မှတ်လေ့ရှိပြီး ပုံမှန်အားဖြင့် လက်လီဈေးနှုန်းထက်သက်သာလေ့ရှိပါတယ်။ အမြတ်ပါးတဲ့အတွက် ရောင်းအားပမာဏများများရောင်းရဖို့အသားပေးတဲ့ လုပ်ငန်းပုံစံမျိုးဖြစ်ပတယ်။


၈။ တိုက်ရိုက်ရောင်းချခြင်းလုပ်ငန်းပုံစံ ( Direct Sale)
ထုတ်လုပ်သူက တဆင့်ပြန်လည်ရောင်းချသူများကို ကြားမခံတော့ပဲစားသုံးသူကို တိုက်ရိုက်ရောင်းချခြင်းမျိုးဖြစ်ပါတယ်။ တိုက်ရိုက်ရောင်းချရာမှာ ဝန်ထမ်းလိုအပ်ချက်ကြီးမားမှု၊ ပြန့်နှံ့နိုင်စွမ်းရည်၊ ဈေးကွက်ဆက်သွယ်မှုပုံစံ၊ တစ်ဦးချင်းဝယ်ယူတဲ့ပမာဏ၊ Delivery ပို့ဆောင်ပေးနိုင်မှု အစရှိသဖြင့် လိုအပ်ချက်တွေရှိနိုင်ပါတယ်။


၉။ အသုံးပြုခွင့်လိုင်စင်ပေးခြင်းလုပ်ငန်းပုံစံ (Licensing)
မိမိဖန်တီးထားတဲ့ ဉာဏပစ္စည်းများ၊ ဒီဇိုင်းများ ၊ ဓတ်ပုံများ၊ သင်တန်းများ အစရှိသဖြင့်တို့ကို ရောင်းချရာမှာ အသုံးပြုလေ့ရှိပါတယ်။ ပစ္စည်းကို ရောင်းချခြင်းမျိုးမဟုတ်ပဲ အသုံးပြုခွင့်လိုင်စင်ကိုသာရောင်းချခြင်းဖြစ်ပြီး မူရင်းပစ္စည်းကို ဖန်တီးသူကသာ ပိုင်ဆိုင်ပါတယ်။


၁၀။ လစဉ်ကြေးပေး လုပ်ငန်းပုံစံ (Subscription)
စားသုံးသူများဆီက လစဉ်ကြေး၊ အသင်းဝင်ကြေးအစရှိသဖြင့် ကောက်ခံပြီး အသုံးပြုခွင့်ပေးခြင်း၊ ဝန်ဆောင်မှုပေးခြင်း တို့ကို ပြုလုပ်ပေးခြင်းမျိုးဖြစ်ပါတယ်။ Gym အားကစားရုံများ၊ ဆော့ဝဲလ်လုပ်ငန်းများ၊ Movies နဲ့ဖျော်ဖြေရေးဝန်ဆောင်မှုလုပ်ငန်းများလုပ်တဲ့ လုပ်ငန်းပုံစံမျိုးဖြစ်ပါတယ်။


၁၁။ ဂေဟစနစ်လုပ်ငန်းပုံစံ (Business Ecosystem)
လုပ်ငန်းအချို့က သူတို့ထုတ်ကုန်ပစ္စည်းနဲ့တွဲဖက်အသုံးပြုလို့ရမယ့် အခြားထုတ်ကုန်များကို ဖန်တီးထုတ်လုပ်ထားကြပြီး လုပ်ငန်းဂေဟစနစ်ကြီးတစ်ခုဖန်တီးထားကြပါတယ်။ အိုင်ဖုန်းအသုံးပြုတဲ့အခါ Apple ကုမ္မဏီက ထုတ်တဲ့ အားသွင်းကြိုးနဲ့ပဲ အားသွင်းလို့ရပါတယ်။ ဆင်းကဒ်ဝယ်တဲ့အခါ သူ့ကုမ္မဏီလုပ်ငန်းကပေးတဲ့ ပက်ကေ့ နဲ့ဝန်ဆောင်မှုကို မဖြစ်မနေသုံးရပါတယ်။ ဘလိတ်ဓားကစလို့ google အထိကြီးမားတဲ့ကုမ္မဏီလုပ်ငန်းအများစုက ဂေဟစနစ်ကြီးတစ်ခုတည်ဆောက်ထားကြလေ့ရှိပါတယ်။


၁၂။ ကြော်ငြာခွင့် လုပ်ငန်းပုံစံ (Advertisement)
အချို့လုပ်ငန်းပုံစံက ထုတ်ကုန်ပစ္စည်းလဲမရောင်း၊ ဝန်ဆောင်မှုလဲမရောင်းပဲ ကြော်ငြာခွင့်ပေးတဲ့လုပ်ငန်းပုံစံမျိုးဖြစ်ပါတယ်။ အပြင်တစ်နေရာမှာ ဝယ်ယူထားတဲ့ လူစည်ကားရာနေရာတစ်နေရာကို ကုမ္မဏီလုပ်ငန်းများကို ကြော်ငြာခွင့်ပေးခြင်းမျိုးဖြစ်နိုင်သလို၊ လူကြည့်များတဲ့ အွန်လိုင်း Channel တစ်ခုအနေနဲ့ ကုမ္မဏီလုပ်ငန်းများကို ကြော်ငြာခွင့်ပေးခြင်းမျိုးလဲဖြစ်နိုင်ပါတယ်။


၁၃။ အေဂျန်စီ / အကျိုးဆောင် လုပ်ငန်းပုံစံ (Agency / Brokerage )
အခြားသူတစ်ဦးတစ်ယောက်ရဲ့ပိုင်ဆိုင်မှုကို ကြားခံပြီး ဝယ်ယူသူကို ရောင်းချပေးခြင်း၊ လုပ်ငန်းတစ်ခုရဲ့ထုတ်ကုန်ပစ္စည်းကို ကြားခံ ပြီး စားသုံးသူသို့ရောင်းချပေးခြင်း၊ ကြားခံ ဝန်ဆောင်မှုပေးခြင်းမျိုးဖြစ်ပါတယ်။ ဒီလိုကြားခံအကျိုးဆောင်ပေးရာက ကော်မရှင်ခအဖြစ် အဖိုးအခ ကိုရရှိပါတယ်။


၁၄။ ညွန်းပြောဆိုခြင်း လုပ်ငန်းပုံစံ (Affiliate)
ထုတ်ကုန်ပစ္စည်းတစ်ခုအကြောင်းကိုမိမိအသိုင်းအဝိုင်း မိတ်ဆွေများကို ညွန်းပြောဆိုပေးခြင်းဖြင့် သူတို့ဝယ်ယူတဲ့အခါ အဖိုးအခရခြင်းမျိုးဖြစ်ပါတယ်။ Influencer များ၊ Opinion Leader များ၊ ကျော်ကြားသူများ ၊ နာမည်ကြီး website အချို့များ လုပ်လေ့ရှိတဲ့ လုပ်ငန်းပုံစံမျိုးဖြစ်ပါတယ်။

မာသင်

Related Articles

ဘာလုပ်ငန်းလုပ်လုပ်.. ဘရန်း (၃) မျိုးတည်ဆောက်ပါ။

ဘာလုပ်ငန်းလုပ်လုပ်.. ဘရန်း (၃) မျိုးတည်ဆောက်ပါ။ ဘယ်လို ဘရန်း (၃) မျိုးလဲ ဆိုရင် …၁။ Product Brand ( ထုတ်ကုန်ဘရန်း)၂။ Company Brand (လုပ်ငန်းဘရန်း)၃။ Personal Brand (လူပုဂ္ဂိုလ် ဘရန်း) ထုတ်ကုန်ဘရန်း (Product Brand)***************************** အစပထမမှာ…

ကိုယ်မပါလဲ ငွေဝင်ဖို့ဆိုတာ..

စီးပွားရေးလုပ်ငန်းတိုင်းမှာ PRODUCT (ထုတ်ကုန်) ဆိုတာရှိတယ်။ ဒါပေမယ့် ထုတ်ကုန် တစ်ခုကပဲ‌ ငွေဝင်တာမဟုတ်ဘူး။ ထုတ်ကုန်ဆိုတာ ASSET ဖြစ်တယ်။ ASSET တိုင်းက တန်ဖိုးတစ်စုံတစ်ရာရှိနေတယ်။ အဲဒီ Assets တန်ဖိုးပြောင်းလဲမှုတွေကနေလဲ ငွေဝင်နိုင်တယ်။ ကိုယ်မပါပဲ ငွေဝင်နေဖို့ဆိုတာ ကိုယ်မရှိပဲလဲ တန်ဖိုးရှိနေ၊ ဖြစ်နေတဲ့ ASSETS တွေကိုလုပ်ငန်းထဲမှာ…

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..ဈေးကွက်မှာ သင်တန်းတွေများနေပြီ..ဈေးကွက်မှာ လုပ်ငန်းတွေများနေပြီ…အင်း.. သူတို့ပြောတဲ့ဈေးကွက်ဆိုတာ အများပိုင်ဈေးကွက်ကို ပြောတာ။ဈေးကွက်ဆိုတာနှစ်ကွက်ရှိတယ်၊ အများပိုင်ဈေးကွက်နဲ့ ကိုယ်ပိုင်ဈေးကွက် ။ ကိုယ်ပိုင်ဈေးကွက်ဆိုတာ.. ကိုယ်ပိုင်ဈေးကွက်ဆိုတာ ကိုယ့်ကိုယုံကြည်တဲ့လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်လုပ်တာတွေ၊ ကိုယ်ရူးသွပ်တာတွေကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ့်ရဲ့ဝန်ဆောင်မှုကို၊ ထုတ်ကုန်ကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်ကိုယ်တိုင်ကလဲ ကွဲထွက်နေမှ ကိုယ့်ဈေးကွက်ကလဲ…

စပ်တူလုပ်ငန်းအတွက်ငွေကြေးအချက် (၁၀) ချက်

စပ်တူလုပ်ငန်းမှာ သတိထားသင့်တဲ့ ငွေကြေးအချက် (၁၀) ချက် 1. Goodwill နာမည်ကောင်းတန်ဖိုး လို့လဲ ခေါ်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ Brand Value ဘရန်းတန်ဖိုးဆိုပြီးတော့ မိမိလုပ်ငန်းထဲပေါင်းထဲ့ကြပေမယ့်၊ အမှန်တော့ လုပ်ငန်းတစ်ခုက အခြားလုပ်ငန်းတစ်ခုကို ဝယ်ယူတဲ့အခါ လုပ်ငန်းရဲ့ Net Asset Value တန်ကြေး ထက်ကျော်လွန်ပြီးပေးလိုက်ရတဲ့…

ပေးတဲ့ဘရန်း ၊ ယူတဲ့လုပ်ငန်း

( ကြော်ငြာပိုစ်) စီးပွားရေးလုပ်တာ ဆိုပေမယ့်…. စီးပွားဆန်လို့မရဘူး။စီးပွားဆန်တဲ့လုပ်ငန်းကို စားသုံးသူတွေ မကြိုက်ကြဘူး။ဒါကြောင့် .. စီးပွားရေးဆိုပေမယ့်.. စီးပွားမဆန်ပဲ ဘရန်းဆန်ပါ။ စီးပွားဆန်တဲ့သူ ဆိုတာ … ရေတိုတွေးတယ်။ဘရန်းဆန်တဲ့သူဆိုတာ .. ရေရှည်တွေးတယ်။ စီးပွားဆန်တဲ့သူဆိုတာ .. တစ်ခါစားလုပ်တယ်။ဘရန်းဆန်တဲ့သူဆိုတာ.. တစ်သက်စားဖို့လုပ်တယ်။ စီးပွားဆန်တဲ့သူဆိုတာ.. ကိုယ့်အတွက် ယူဖို့ ကို…