...

ဖောက်သည်မတူပါ။

ဖောက်သည်မတူပါ။

ဖောက်သည်တိုင်းက အတူတူပဲ မဟုတ်ဘူး။
ဝယ်ယူအားပေးတဲ့ ငွေကြေး ပမာဏမတူဘူး။
ထုတ်ကုန်ကို နှစ်ခြိုက်မှု မတူဘူး။
အသုံးပြု စားသုံးတဲ့ အတိုင်းအတာ မတူဘူး။
ဖောက်သည်တိုင်း မတူဘူး ဆိုရင် ..
၁။ ဖောက်သည်တွေကို ဘယ်အမျိုးအစားထဲမှာ ပါဝင်သင့်လဲ ဆိုတာကို ခွဲထုတ်ပါ။
၂။ အပြင်စည်းထဲက ဖောက်သည်ကို အတွင်းစည်းထဲရောက်လာအောင်ကြိုးစားပါ။
၃။ အတွင်းစည်းသို့ လမ်းကြောင်းဖွင့်ထားပေးပါ။
၄။ စည်းတစ်ခုခြားတိုင်း အကျိုးကျေးဇူးတစ်ခု ရှိပါစေ။
၅။ အတွင်းစည်းကြီးလာအောင်လုပ်ပါ။
ဈေးကွက်ဝေစု (Market Share) ဆိုတာ အတွင်းက ချဲ့ရတာ။
အတွင်းကျယ်ရင် …. အပြင်ကြီးလာလိမ့်မယ်။
အပြင်မားကက်ကို ပဲ အာရုံစိုက်ရင် ပွလာတာပဲဖြစ်မယ်။ အပြင်မားကက်မှာ များများ ကြော်ငြာပြီး ချဲ့ရတာမဟုတ်ဘူး။ ကိုယ့်အတွင်းစည်းထဲကဖောက်သည်တွေကို အထူးဂရုစိုက်ပြီး ပိုမိုကျစ်လစ်ပြီး တဖြည်းဖြည်း အတွင်းကျယ်လာအောင်လုပ်ပါ… အပြင် ကြီးလာပါလိမ့်မယ်။ အပြင်ဆိုတာ ဈေးကွက်ဝေစု ပါပဲ။ ။

မာသင်

Related Articles

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..ဈေးကွက်မှာ သင်တန်းတွေများနေပြီ..ဈေးကွက်မှာ လုပ်ငန်းတွေများနေပြီ…အင်း.. သူတို့ပြောတဲ့ဈေးကွက်ဆိုတာ အများပိုင်ဈေးကွက်ကို ပြောတာ။ဈေးကွက်ဆိုတာနှစ်ကွက်ရှိတယ်၊ အများပိုင်ဈေးကွက်နဲ့ ကိုယ်ပိုင်ဈေးကွက် ။ ကိုယ်ပိုင်ဈေးကွက်ဆိုတာ.. ကိုယ်ပိုင်ဈေးကွက်ဆိုတာ ကိုယ့်ကိုယုံကြည်တဲ့လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်လုပ်တာတွေ၊ ကိုယ်ရူးသွပ်တာတွေကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ့်ရဲ့ဝန်ဆောင်မှုကို၊ ထုတ်ကုန်ကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်ကိုယ်တိုင်ကလဲ ကွဲထွက်နေမှ ကိုယ့်ဈေးကွက်ကလဲ…

ရောင်းမယ့် အစား… ပြောပြပါ

မားကက်တင်း စိတ်ဝင်စားသူတွေအတွက် မှတ်သားစရာစကားတစ်ခု ရှိပါတယ်။“Don’t sell them, tell them”ရောင်းမယ့် အစား… ပြောပြပါ တဲ့။အင်မတန်မှ အဓိပ္ပါယ်ရှိတဲ့ စာသားပါ။ ရောင်းခြင်းမှာ ကိုယ့်အကြောင်း၊ ကိုယ့်ထုတ်ကုန်အကြောင်း ကို အာရုံစိုက်ပြီး၊ပြောပြခြင်းမှာ စားသုံးသူအကြောင်း ကို အာရုံစိုက်ပါတယ်။ ရောင်းခြင်းမှာ ကိုယ့်ရောင်းကုန်ရဲ့ အသုံးဝင်ပုံကို အာရုံစိုက်ပြီး၊ပြောပြခြင်းမှာ…

ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ပုံစံ ( ၁၄) မျိုး

ကိုယ့်မှာ Product ရှိပြီဆိုပေမယ့် ဘယ်လိုပုံစံ နဲ့စီးပွားရေးလုပ်မလဲ ဆိုတာ စဉ်းစားရပါတယ်။ဝယ်သူနဲ့ရောင်းသူ တွေ့ဆုံမယ့်နေရာ၊ အရောင်းအဝယ်လုပ်မယ့် လမ်းကြောင်းစသည်တို့ကို ဖန်တီးရပါတယ်။စီးပွားရေးတစ်ခုကို စတင်လုပ်ကိုင်မယ့် သူများကို ကူညီစဉ်းစားပေးတဲ့အနေနဲ့ ဈေးကွက်မှာ လက်ရှိလုပ်နေကြတဲ့ စီးပွားရေးလုပ်ငန်းပုံစံ (၁၄) မျိုးကို လိုတိုရှင်းဖော်ပြလိုက်ရပါတယ်။ခုဖော်ပြမယ့်အကြောင်းအရာတွေကရောင်းချနည်းတော့မဟုတ်သလို ၊ နည်းလမ်းလဲမဟုတ်ပါ။စီးပွားရေးလုပ်ငန်းတွေအသုံးပြုနေကြတဲ့ ဖြန့််ဖြူးရောင်းချခြင်းဆိုင်ရာ စီးပွားရေး လုပ်ငန်း…

ဘာလုပ်ငန်းလုပ်လုပ်.. ဘရန်း (၃) မျိုးတည်ဆောက်ပါ။

ဘာလုပ်ငန်းလုပ်လုပ်.. ဘရန်း (၃) မျိုးတည်ဆောက်ပါ။ ဘယ်လို ဘရန်း (၃) မျိုးလဲ ဆိုရင် …၁။ Product Brand ( ထုတ်ကုန်ဘရန်း)၂။ Company Brand (လုပ်ငန်းဘရန်း)၃။ Personal Brand (လူပုဂ္ဂိုလ် ဘရန်း) ထုတ်ကုန်ဘရန်း (Product Brand)***************************** အစပထမမှာ…

ကိုယ်မပါလဲ ငွေဝင်ဖို့ဆိုတာ..

စီးပွားရေးလုပ်ငန်းတိုင်းမှာ PRODUCT (ထုတ်ကုန်) ဆိုတာရှိတယ်။ ဒါပေမယ့် ထုတ်ကုန် တစ်ခုကပဲ‌ ငွေဝင်တာမဟုတ်ဘူး။ ထုတ်ကုန်ဆိုတာ ASSET ဖြစ်တယ်။ ASSET တိုင်းက တန်ဖိုးတစ်စုံတစ်ရာရှိနေတယ်။ အဲဒီ Assets တန်ဖိုးပြောင်းလဲမှုတွေကနေလဲ ငွေဝင်နိုင်တယ်။ ကိုယ်မပါပဲ ငွေဝင်နေဖို့ဆိုတာ ကိုယ်မရှိပဲလဲ တန်ဖိုးရှိနေ၊ ဖြစ်နေတဲ့ ASSETS တွေကိုလုပ်ငန်းထဲမှာ…