...

သမားရိုးကျကိုကန့်လန့်တိုက်ခြင်း

သမားရိုးကျကိုကန့်လန့်တိုက်ခြင်း


🎼 နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း

ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့ အဖြူရောင်ဖြစ်နေတာကိုက .. အဲဒီ စက္ကန့်ပိုင်းလေးရဲ့ အသက်။

အာရုံစိုက်စေတဲ့အရာပေါ့။ အများနဲ့မတူဘူးလေ။

နားကြပ်ဆိုတာ ပုံမှန်အားဖြင့် အမည်းပဲ။ ဒါက အဲဒီအချိန်တုန်းက သမားရိုးကျအမြင်တစ်ခု၊

အဖြူ လုပ်လိုက်တော့ .. သမားရိုးကျ ကို ကန့်လန့်တိုက်တာပဲ။

*💻Software ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း

ဆော့ဝဲ ဆိုတာ အရင်တုန်းက ပုဒ်ပြတ်ရောင်းတာ။ ကုမ္မဏီလုပ်ငန်းတစ်ခုကိုရေးဆွဲပေးပြီး ဈေးကြီးကြီးနဲ့ တစ်ခါတည်း ရောင်းလိုက်တာ။ တစ်ချိန်မှာ Saleforce က ဆော့ဝဲကို ဈေးသက်သက်သာသာထားပြီး လစဉ်ကြေး နဲ့လုပ်ပစ်လိုက်တယ်။ SaaS ပေါ့။ Software as a Service ဆိုပြီး လစဉ်ကြေးနဲ့သူ့ဆော့ဝဲကို ပေးသုံးတယ်။ နှစ်ဦးနှစ်ဘက်အဆင်ပြေပေါ့။ လစဉ်ကြေးသက်သက်သာသာနဲ့ကုမ္မဏီလုပ်ငန်းကြီးတွေသာသုံးနိုင်တဲ့ နည်းပညာကို လစဉ်ကြေးနဲ့အသုံးပြုလို့ရတော့ လုပ်ငန်းငယ်တွေအတွက် အဆင်ပြေတော့ အသုံးပြုသူများလာတယ်။ အခု အဲဒီ လုပ်ငန်းက ဘီလီယံနဲ့ချီတဲ့လုပ်ငန်းဖြစ်နေပြီ။ ပုံသေဈေးနဲ့ ရောင်းနေကျ သမားရိုးကျ ကို လစဉ်ကြေး နဲ့ကန့်လန့်တိုက်တာပဲ။

*💡 ​​စျေးကွက်ထဲမှာ အသားကျနေတဲ့ သမားရိုးကျအမြင် တွေရှိတယ်။

အဲဒီ သမားရိုးကျအမြင် တွေကို ကန့်လန့်တိုက်ပြီး အမြင်သစ်တစ်ခုနဲ့ ဈေးကွက်ဝင်ကြည့်ပါ။

*🥣 စားသောက်ဆိုင်

ထမင်းဆိုင်ဆိုတာ ပန်းကန် နဲ့ရောင်းရမယ်ဆိုတဲ့ သမားရိုးကျ ကို ဇလုံ နဲ့ရောင်းပြီး ကန့်လန့်တိုက်ခဲ့ကြတယ်။

တစ်ခါပြင် ဆိုတဲ့ သမားရိုးကျအိုင်ဒီယာ ကို အဝစား ဆိုပြီး ကန့်လန့်တိုက်ခဲ့ကြတယ်။

တစ်ပွဲမှာတစ်ပွဲရှင်း ဆိုတဲ့ သမားရိုးကျ ကို ဘူဖေး (မမှာလဲအကုန်ရှင်း) ဆိုပြီး ကန့်လန့်တိုက်ခဲ့ကြတယ်။

*👕ဖက်ရှင်စတိုးဆိုင်

အရင်တုန်းက စတိုးဆိုင်တွေမှာ အဝတ်အထည် တွေကို ဗွီဒို ထဲမှာ ခေါက်ထည့်ပြထားပြီးရောင်းတာ၊ စမ်းဝတ်ကြည့်ချင်ရင် ခွင့်တောင်းရတယ်။ စမ်းဝတ်ဖို့ခွင့်တောင်းရတယ်။ စမ်းဝတ်ပြီးလို့မဝယ်ပဲ ထွက်သွားရင် ပြောခံရသေးတယ်။

ယနေ့ခေတ်မှာ… အဝတ်ထည်တွေကို အပြင်မှာ ဖြန့်ချိတ်ထားပြီး တစ်ထည်ပြီးတစ်ထည်ဝတ်ကြည့် ခိုင်းထားတယ်။ အကုန်ဝတ်ကြည့်ပြီး မဝယ်ပဲထွက်သွားလဲ ဆိုင်ရှင်က အေးဆေးပဲ။

သမားရိုးကျ ကို အဲ့လို ကန့်လန့်တိုက်ခဲ့ကြတာ။

*🃏ဖုန်းဆိုင်

အရင်က ဖုန်းဆိုင်တွေမှာ ဖုန်းတွေကို မှန်ကောင်တာထဲမှာ ထဲ့ထားတာ၊ အပြင်က ပဲရှိုး၊ ကြည့်ချင် ကိုင်ချင်ရင် ခွင့်တောင်း ၊ ဆိုင်ရှင်က ထုတ်ပြပြီး ခွင့်ပြုတော့မှ ထိခွင့်ကိုင်ခွင့်ရတာ၊ ခွင့်မတောင်းပဲ စိတ်ကြိုက် ကောင်တာထဲလက်နိုင်ပြီး ကိုင်ကြည့်လို့မရဘူး။ ပွတ်ကြည့်လို့မရဘူး။

နောက်တော့ apple ကုမ္မဏီက ဖုန်းနမူနာကို စားပွဲပေါ်တင်ပေးထားတယ်၊ ကိုင်ကြည့်ချင် ကြည့်၊ ပွတ်ကြည့်ချင်ကြည့်၊ ကလိချင်တာကလိ၊ အိမ်တော့ယူမသွားနဲ့ ကြိုးနဲ့ချိတ်ထားတယ်။

အဲဒီလို သမားရိုးကျ အမြင်တစ်ခုကို ကန့်လန့်တိုက်တာ။

*🍣မုန့်ဆိုင်

မုန့်စားချင်ရင် အရင်ဝယ်ပေါ့၊ မဝယ်သေးပဲနဲ့စားချင်လို့မရဘူး၊ ဒါက သမားရိုးကျ အမြင်။

ထိုးမုန့်ဆိုင်တစ်ဆိုင်က အဲဒီ သမားရိုးကျ ကို ကန့်လန့်တိုက်ပစ်လိုက်တယ်။

မဝယ်သေးလဲ စားကြည့် ၊ စားကြည့်ပြီး မဝယ်ပဲ ခန့်တည်တည် နဲ့ပြန်ထွက်လာလဲ ဘာမှမဖြစ်ဘူး။ အဝစားတော့ မတွယ်နဲ့ပေါ့ဗျာ။ ( ကျွန်တော်ဆို မန်းလေး တက္ကသိုလ်တက်တုန်းက ငွေပြတ်ပြီးထမင်းသာငတ်ချင်ငတ်မယ်၊ ထိုးမုန့်တော့ ဘယ်တုန်းကမှ မငတ်ခဲ့ဘူး၊ အဲဒီ ထိုးမုန့်ဆိုင်ကိုသိပ်ကျေးဇူးတင်တာ 😁 ကြုံလို့ရင်ဖွင့်တာပါ။ )

လုပ်ငန်းတိုင်းမှာ သမားရိုးကျ အမြင် ဆိုတာ ရှိကြတယ်။

သမားရိုးကျ အမြင် ဆိုတာရှိရင် … ကန့်လန့်တိုက်စရာ ဆိုတာ ရှိတယ်။

✨ဒါကြောင့် လုပ်ငန်းတိုင်း မှာ ကန့်လန့်တိုက် စရာတွေရှိတယ်။

ဆေးဆိုင်လား .. ကန့်လန့်တိုက်စရာတွေအများကြီးပဲ။

ကုန်မာဆိုင်လား.. ကန့်လန့်တိုက်စရာတွေအများကြီးပဲ။

ဖက်ရှင်ဆိုင်လား …

စာသင်ကျောင်းလား ..

အလှကုန်ဆိုင်လား…

ဆေးရုံလား…

ထုတ်ကုန်လား…

ဝန်ဆောင်မှုလား….

လုပ်ငန်းတိုင်းမှာ သမားရိုးကျ အမြင် တစ်ခု ကို ကန့်လန့်တိုက်စရာရှိတယ်။

ကန့်လန့်တိုက်တော့ ဘာဖြစ်လဲဆိုရင်.. ပြောစရာဖြစ်တာပေါ့။

ပြောစရာဖြစ်ကတည်းက .. ကြော်ငြာသလိုဖြစ်နေပြီ။

ကြော်ငြာတစ်ခုက..လူအများပြောကြတော့ .. ပြန့်တာပေါ့။

ပြန့်တော့ … ပေါက်တာပေါ့။

ပေါက်တယ် .. ဆိုတာ စီးပွားရေးလုပ်သူတိုင်း ကြိုက်တာပဲ။ ရောင်းကောင်းလာတာကိုး။

ဒီလို .. ပေါက်ချင်လို့ပဲ ငွေတွေ သိန်းချီကုန်ခံပြီး ကြော်ငြာနေကြ၊ မားကက်တင်းလုပ်နေကြတာလေ။ ခုဟာက ကြော်ငြာစရာမလိုပဲ ပေါက်တာလေ။

အခုဟာက ကြော်ငြာစရာမလိုတော့ ငွေမကုန်ပဲ .. မားကက်တင်းဆင်းတဲ့နည်း။ အရင်ဆောင်းပါးတွေမှာ ပြောခဲ့တယ်..

“မရောင်းပါနဲ့ …. ဝယ်စေပါ”… လို့။

ပြီးတော့ ” မကြော်ငြာ နဲ့.. ပြန့်နှံ့ စေပါ” .. လို့။

ပြန့်နှံ့ခြင်း ဆိုတာ မားကက်တင်း ရဲ့ Key ပဲ။

“ဗျို့.. ကိုမာသင် .. ပျံ့နှံ့စေတဲ့နည်းနဲ့ ဘယ်လိုမားကက်တင်း လုပ်မတုန်း” လို့ဆိုရင် … ကျွန်တော်သင်တဲ့ “Viral Marketing ဆိုတဲ့သင်တန်းရှိတယ်။ အဲဒီမှာ လေ့လာလို့ရတယ်။ နည်းလမ်း (၆) နည်းကို သင်ပေးထားတယ်။

လေ့လာပြီးရင်.. ချရေးပြီး တစ်နည်းပြီး တစ်နည်း လုပ်ဆောင်ကြည့်ပေတော့ဗျာ။ ။

#မာသင်

Related Articles

ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ပုံစံ ( ၁၄) မျိုး

ကိုယ့်မှာ Product ရှိပြီဆိုပေမယ့် ဘယ်လိုပုံစံ နဲ့စီးပွားရေးလုပ်မလဲ ဆိုတာ စဉ်းစားရပါတယ်။ဝယ်သူနဲ့ရောင်းသူ တွေ့ဆုံမယ့်နေရာ၊ အရောင်းအဝယ်လုပ်မယ့် လမ်းကြောင်းစသည်တို့ကို ဖန်တီးရပါတယ်။စီးပွားရေးတစ်ခုကို စတင်လုပ်ကိုင်မယ့် သူများကို ကူညီစဉ်းစားပေးတဲ့အနေနဲ့ ဈေးကွက်မှာ လက်ရှိလုပ်နေကြတဲ့ စီးပွားရေးလုပ်ငန်းပုံစံ (၁၄) မျိုးကို လိုတိုရှင်းဖော်ပြလိုက်ရပါတယ်။ခုဖော်ပြမယ့်အကြောင်းအရာတွေကရောင်းချနည်းတော့မဟုတ်သလို ၊ နည်းလမ်းလဲမဟုတ်ပါ။စီးပွားရေးလုပ်ငန်းတွေအသုံးပြုနေကြတဲ့ ဖြန့််ဖြူးရောင်းချခြင်းဆိုင်ရာ စီးပွားရေး လုပ်ငန်း…

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..ဈေးကွက်မှာ သင်တန်းတွေများနေပြီ..ဈေးကွက်မှာ လုပ်ငန်းတွေများနေပြီ…အင်း.. သူတို့ပြောတဲ့ဈေးကွက်ဆိုတာ အများပိုင်ဈေးကွက်ကို ပြောတာ။ဈေးကွက်ဆိုတာနှစ်ကွက်ရှိတယ်၊ အများပိုင်ဈေးကွက်နဲ့ ကိုယ်ပိုင်ဈေးကွက် ။ ကိုယ်ပိုင်ဈေးကွက်ဆိုတာ.. ကိုယ်ပိုင်ဈေးကွက်ဆိုတာ ကိုယ့်ကိုယုံကြည်တဲ့လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်လုပ်တာတွေ၊ ကိုယ်ရူးသွပ်တာတွေကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ့်ရဲ့ဝန်ဆောင်မှုကို၊ ထုတ်ကုန်ကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်ကိုယ်တိုင်ကလဲ ကွဲထွက်နေမှ ကိုယ့်ဈေးကွက်ကလဲ…

ဂန္တဝင်မြောက်သောနေ့ (Masterpiece Day)

ဂန္တဝင်မြောက်သောနေ့ဆိုတာ နေ့တစ်နေ့ကို စိတ်ပါလက်ပါ လက်ရာမြောက်လောက်အောင် ကိုယ်ဖြစ်ချင်တဲ့အတိုင်း၊ ကိုယ်တန်ဖိုးထားတဲ့လုပ်ရပ်တွေနဲ့နေ့တစ်နေ့ကို ဂန္တဝင်မြောက်လောက်အောင် ပုံဖော်ဖန်တီးလိုက်နိုင်တဲ့နေ့ရက်တစ်ရက်ပါပဲ။ဘဝမှာ ကျွန်တော်တန်ဖိုးထားတဲ့အရာ (၅) မျိုးရှိပါတယ်။တစ်ခုချင်းစီကို နေ့စဉ်တိုးတက်အောင် ကြိုးစားလုပ်ဆောင်လိုက်တဲ့နေ့တိုင်း က ကျွန်တော့်အတွက်တော့ ဂန္တဝင်မြောက်သောနေ့ (Masterpiece Day) ပါပဲ။ အဲဒီ (၅) ခု က..၁။ အသိပညာ (…

ကိုယ်မပါလဲ ငွေဝင်ဖို့ဆိုတာ..

စီးပွားရေးလုပ်ငန်းတိုင်းမှာ PRODUCT (ထုတ်ကုန်) ဆိုတာရှိတယ်။ ဒါပေမယ့် ထုတ်ကုန် တစ်ခုကပဲ‌ ငွေဝင်တာမဟုတ်ဘူး။ ထုတ်ကုန်ဆိုတာ ASSET ဖြစ်တယ်။ ASSET တိုင်းက တန်ဖိုးတစ်စုံတစ်ရာရှိနေတယ်။ အဲဒီ Assets တန်ဖိုးပြောင်းလဲမှုတွေကနေလဲ ငွေဝင်နိုင်တယ်။ ကိုယ်မပါပဲ ငွေဝင်နေဖို့ဆိုတာ ကိုယ်မရှိပဲလဲ တန်ဖိုးရှိနေ၊ ဖြစ်နေတဲ့ ASSETS တွေကိုလုပ်ငန်းထဲမှာ…

စမ်းသုံးခွင့်အစွမ်း နှင့် နည်းလမ်း (၄) နည်း

အရင်တုန်းက ဘာဆိုင်ဖွင့်ဖွင့် ဆိုင်တိုင်း မှာ ဗွီရို တွေ ရှိကြသည်၊ စမ်းသုံးခွင့်သည် ဆိုသည်မှာ ရတောင့်ရခဲဖြစ်သည်။ အကျီအဝတ်အစားစတိုးဆိုင်ဆိုလျင် ..ဗီရိုထဲတွင် အကျီတွေ၊ ဘောင်းဘီတွေကို သေချာခေါက်ပြီး အိတ်တွေနှင့် ပါကင်ပိတ်ထားကာ ဗီရိုထဲတွင်ကျကျနနပြထားဖို့ဖြစ်သည်။ စမ်းဝတ်ကြည့်ဖို့ဆိုင်တိုင်းက ခွင့်မပြု၊ ဗီရိုထဲက ထုတ်ပြဖို့တောင်မနည်း ပြောပြီးထုတ်ပြခိုင်းရသည်။ နာရီဆိုင်ဆိုလျင် ..ဗီရိုထဲတွင်…