ရူးသွပ်ပါ..။
စစ်မှန်တဲ့ ဂီတအနုပညာရှင် ဆိုတာ သူ့ဂီတ ကို..
ချစ်မြတ်နိုးတယ်၊ ရူးသွပ်တယ်။
စစ်မှန်တဲ့ ပန်းချီအနုပညာရှင်ဆိုတာ သူ့ဖန်တီးမှု ကို …
ချစ်မြတ်နိုးတယ်၊ ရူးသွပ်တယ်။
စစ်မှန်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဆိုတာလဲသူ့ထုတ်ကုန်/ ဝန်ဆောင်မှု ကို . .
ချစ်မြတ်နိုးတယ်၊ ရူးသွပ်တယ်။
မရူးသွပ်ရင်..။
ကိုယ်ကိုယ်တိုင်… ကိုယ့်လုပ်ငန်းအပေါ်မှာ အရူးအမူးမဖြစ်ပဲနဲ့အရူးအမူးကြိုက်တဲ့ဈေးကွက် ဆိုတာမရနိုင်ဘူး။
ကိုယ်ကိုယ်တိုင်.. ကိုယ့်ထုတ်ကုန်ပေါ်မှာ အရူးအမူးမဖြစ်ပဲနဲ့အရူးအမူးကြိုက်တဲ့စားသုံးသူ ဆိုတာမရနိုင်ဘူး။
ကိုယ်ကိုယ်တိုင်.. ကိုယ့်ဖန်တီးမှုအိုင်ဒီယာကို အရူးအမူးမဖြစ်ပဲနဲ့ အရူးအမူးကြိုက်တဲ့Fans ဆိုတာမရနိုင်ဘူး။
ကိုယ်ကိုယ်တိုင်.. ကိုယ့်ကျွမ်းကျင်မှုကို အရူးအမူးမဖြစ်ပဲနဲ့အရူးအမူးကြိုက်တဲ့ပရိတ်သတ် ဆိုတာမရနိုင်ဘူး။
ကိုယ့်ဝါသနာ…
ကိုယ့်အိုင်ဒီယာ …
ကိုယ့်စိတ်ကူး…
ကိုယ့်အိမ်မက်… ဆိုတာ ကိုယ်တိုင်အရူးအမူးဖြစ်နေမှ … လက်တွေ့မှာ အကောင်အထည်ပေါ်လာတာ။ ကိုယ့်အိမ်မက် ရည်မှန်းချက်ပန်းတိုင်ကို အရူးအမူး ဆုပ်ကိုင်ထားတဲ့ လက်တစ်စုံ ဆိုတာ တွေ့ကြုံရတဲ့ အခက်အခဲတွေပေါ်မှာ ဘယ်တော့မှ လွယ်လွယ်ကူကူ လက်လွှတ်အရှုံးမပေးဘူး။ ။
ကိုယ့်ဘယ်လောက်ရူးသွပ်လဲဆိုတာ …. လွယ်လွယ်ကူကူ အရှုံးမပေးမှု နဲ့သက်သေပြရတယ်။
ကိုယ့်ဘယ်လောက်ရူးသွပ်လဲဆိုတာ … ဇွဲရှိရှိလုပ်တဲ့ လုပ်ဆောင်မှု တွေ နဲ့သက်သေပြရတယ်။
လမ်းကြောင်း
လမ်းကြောင်း .. ဆိုတာ ပိတ်ဆို့ဟန့်တားမှုတွေ၊ အခက်အခဲအတားအဆီးတွေကို ရှင်းလင်းဖောက်ထွက် ကျော်လွှားရာကနေ ဖြစ်တည်ပေါ်ထွန်းလာတာပါ။ ဒါကြောင့်.. အခက်အခဲ ဆိုတာ လမ်းကြောင်းသစ်ဖောက်ဖို့အခွင့်အလမ်းတစ်ခု လို့ယုံကြည်ယူဆပြီး ကိုယ့်ကျွမ်းကျင်မှု နဲ့ရူးသွပ်တဲ့ အိုင်ဒီယာတွေကို ဖေ့ဘုတ်ပေါ်မှာ ရဲရဲကြီး ချပြလိုက်စမ်းပါ။
“Fortune favor the bold”
ကံကြမ္မာ ဆိုတာ ရဲရင့်သူ ကို မျက်နှာသာပေးပါတယ်.. တဲ့ ။
ကဲ.. ဒီတော့ …
ရူးသွပ်စွာ ရဲရင့်ပေတော့.. ဗျာ၊
(ဒါမှမဟုတ်)
ရဲရင့်စွာ ရူးသွပ်ပေတော့ .. ဗျို့ ။ ။
မာသင်
အရူးအမူး ရေးသည်