...

သင်လဲ ကျွန်တော့်လိုပဲ .. ရောင်း တာကိုမကြိုက်တဲ့သူ ဆိုရင် .. ဒီစာသားလေးကို သဘောကျမိမှာအမှန်ပါပဲ။

“မရောင်းပါနဲ့ .. ဝယ်စေပါ” .. တဲ့။

ရောင်းတဲ့သူက ကိုယ့်ထုတ်ကုန် ကောင်းကြောင်း ကိုယ်ပြောရတာ၊ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တယ်ပေါ့။

ဝယ်စေတဲ့သူက စားသုံးသူအတွက် တွေးပေးပြီး အကျိုးရှိနိုင်ကြောင်း လိုအပ်နိုင်ကြောင်းကို ဖော်ထုတ်တာ။

ကွာတယ်။

“ဘယ်သူမှ အရောင်းမခံချင်ဘူး။ ဒါပေမယ့် ကြိုက်ရင် အကျိုးရှိရင်တော့ ဝယ်တာပါပဲ။”

ဒါကြောင့် .. ဝယ်စေလာအောင် လုပ်နိုင်ဖို့လိုတယ်။

ဝယ်စေလာအောင်လုပ်ဖို့ ဆိုတာ ဝယ်လာစေအောင် ဖြစ်တဲ့ စားသုံးသူစျေးကွက်ရဲ့ စိတ်အကြောင်းသိဖို့လိုတယ်။

စားသုံးသူတွေဘာကြောင့်ဝယ်သလဲ ..ဆိုတဲ့ ဝယ်ယူခြင်းဗေဒ ကို ( Buy O logy ) လို့ခေါ်တယ်။

ဒီသင်တန်းမှာ ဝယ်ယူခြင်းဗေဒ အကြောင်း ကို ဗွီဒီယိုပေါင်း (၃၁) ပုဒ်ထိအောင်ရှင်းပြထားတယ်။

စားသုံးသူတွေဘာကြောင့် ဝယ်ကြတာလဲ ?

ဝယ်လာအောင်ဘယ်လိုလုပ်မလဲ ?

ဝယ်ယူစေတဲ့အချက်တွေကဘာတွေလဲ ?

မားကက်တင်း သမားတိုင်း သိသင့်တဲ့ စားသုံးသူဗေဒ ဆိုင်ရာ သင်တန်းတစ်ခု !

စီးပွားရေးလုပ်နေသူတိုင်း ၊ တစ်ခုခုကို ရောင်းချနေသူတိုင်း ကို အမြင်ပြောင်းလဲစေပြီး၊ အတွေးသစ်များရစေနိုင်မယ့် သင်တန်းတစ်ခု !

တက်ကြည့်ပါ။ သင့် မားကက်တင်း အမြင် ကို ရူဒေါင့်တစ်ခုကနေပေါင်းထည့်နိုင်တဲ့သင်တန်းမျိုးဖြစ်ပါတယ်။

Course Content

Expand All

Buy-O-logy ဝယ်ယူခြင်းဗေဒ ကိုလေ့လာခြင်း

Lesson Content
0% Complete 0/31 Steps
Not Enrolled
190,000 Ks

Course Includes

  • 1 Lesson
  • 31 Topics