လုပ်ငန်းစနစ်ချနည်း သင်တန်း
BOSS ဆိုတာ ..
လုပ်ငန်းတစ်ခု က self sustaining organism သူ့ဘာသာသူလည်ပတ်နိုင်သောအဖွဲအစည်း ဖြစ်ဖိုဆိုတာ အင်မတန်အရေးကြီးပါတယ်။
မဟုတ်ရင် .. လုပ်ငန်းရှင်က လုပ်ငန်းမှာတစ်ရက်လောက်မရှိလိုက်တာနဲ့လုပ်ငန်းက အလုပ်မတွင်၊ကမောက်ကမ တွေဖြစ်တတ်ပါတယ်။
ဒီသင်တန်းကို BOSS လိုအမည်ပေးထားပါတယ်။
Business Operation System for SME ရဲ့အတိုကောက်ဖြစ်ပါတယ်။
ဘယ်သူတွေတက်သင့်သလဲ ?
✔ စီးပွားရေးလုပ်ငန်းကို စနစ်တကျ စတင်လုပ်ကိုင်လိုသူတွေ
✔ လက်ရှိစီးပွားရေးကို ချဲ့ထွင်ဖိုအတွက် စနစ် ကို ပြင်ဆင်လိုသူတွေ
✔ စီးပွားရေး အကြံပေးတွေ၊ Coaching တွေ၊ Trainer တွေ
✔ လုပ်ငန်းကို ဒီထက်ပိုပြီး စနစ်ကျအောင်၊ ဝန်ထမ်း အုပ်ထိန်းမှုအပိုင်းတွေ၊
✔ လုပ်ငန်းလည်ပတ်ပုံစနစ်တွေကို ပိုမိုကောင်းမွန်အောင်ပြင်ဆင်လိုသူတွေ …. တက်ရောက်သင့်ပါတယ်။
ဘာတွေသင်မလဲ ?
လုပ်ငန်းတစ်ခုကို စနစ်ချဖို့အတွက် စနစ်တစ်ခုလိုတယ်။ ဒါကို SOS ( System over System) လို့ ခေါ်တယ်။ အပိုင်း (၄) ပိုင်း ခွဲပြီးသင်ပါမယ်။
1. Vision အပိုင်း
2. Process အပိုင်း
3. Function အပိုင်း
4. People အပိုင်း
တစ်ပိုင်းပြီးတစ်ပိုင်းလုပ်ငန်းစနစ်ကိုတည်ဆောက်သွားမှာဖြစ်ပါတယ်။
သင့်လုပ်ငန်း စနစ်ချဖို့အတွက် အပိုင်း (၄) ပိုင်း
Vision အပိုင်း
Process အပိုင်း
People အပိုင်း
Function အပိုင်း
ဒီ သင်တန်းက သင့်လုပ်ငန်းအတွက် စနစ်တစ်ခု တည်ဆောက်ရာမှာ များစွာအထောက်အကူပြုပြီး လက်တွေ့အသုံးကျစေမယ့် သင်တန်းဖြစ်ပါတယ်။
ပေးရတဲ့ ငွေကြေးထက် အဆပေါင်းများစွာတန်တဲ့ အကြံကောင်း၊ အိုင်ဒီယာကောင်းတွေ နဲ့လက်တွေ့လုပ်ဆောင်စရာတွေကို သင်ကြားပေးထားပါတယ်။