သံလိုက်အိမ်မြောင်မားကက်တင်း
အရပ်(၈) မျက်နှာ ဈေးကွက်ထိုးဖောက်ခြင်း
သံလိုက်အိမ်မြှောင် မှာ အရပ် (၈) မျက်နှာဖော်ပြထားပေမယ့် အဓိကအားဖြင့် အစဉ်အမြဲ မြောက်အရပ်ကို ပဲ ညွန်ပြပါတယ်။
မားကက်တင်း မှာလဲ သံလိုက်အိမ်မြှောင်လိုပဲ အရပ် (၈) မျက်နှာရှိပါတယ်။
မြောက်အရပ် နဲ့ပဲ စားသုံးသူတွေက စတင်လေ့ရှိပါတယ်။
၁။ မြောက်အရပ် – သတိပြုမိခြင်း (Awareness)
၂။ အရှေ့မြောက်အရပ် – စိတ်ဝင်စားလာခြင်း (Interest)
၃။ အရှေ့အရပ် – အချက်အလက်များစုံစမ်းခြင်း (Information)
၄။ အရှေ့တောင်အရပ် – ဦးစားပေးရွေးချယ်ခြင်း (Priority )
၅။ တောင်အရပ် – ဝယ်ယူခြင်း (Buy)
၆။ အနောက်တောင်အရပ် – အသုံးပြုခြင်း (Use)
ရ။ အနောက်အရပ် – ထပ်ဝယ်ခြင်း (Re- buy)
၈။ အနောက်မြောက်အရပ် – ညွန်းဆိုခြင်း (Recommendation)
သတိပြုမိရာကနေ .. စိတ်ဝင်စားလာပါတယ်။
စိတ်ဝင်စားရာကနေ .. ပိုသိချင်လာပါတယ်။
ပိုသိလာရာကနေ.. ရွေးချယ်စရာဖြစ်လာပါတယ်။
ရွေးချယ်မှုကနေ .. ဝယ်ယူမှု ဖြစ်လာပါတယ်။
ဝယ်ယူရာကနေ… သုံးစွဲဖို့ဖြစ်လာပါတယ်။
သုံးစွဲရာကနေ.. ထပ်မံဝယ်ယူဖို့ဖြစ်လာပါတယ်။
ထပ်မံထပ်မံဝယ်ယူသူတစ်ယောက်က.. အခြားသူများကိုဝယ်ယူဖို့ညွန်းပြောဆိုလာပါတယ်။
ညွန်းပြောဆိုသူများလာရင်… ( စဉ်းစားသာကြည့်ပေတော့ .. ကိုယ့်ကုန်ပစ္စည်းအကြောင်းကို ညွန်းတဲ့သူများလာရင် .. ကြိုက်တာပေါ့။ Awareness အများကြီးရတယ်လေ။ )
ဒီလိုနဲ့စက်ဝိုင်းတစ်ပတ်ပြည့်တာပဲ။
ဒါကို မားကက်တင်း ဂေဟစနစ် လို့ခေါ်ပါတယ်။
သံလိုက်အိမ်မြှောင်မားကက်တင်း အဓိက အချက် (၅) ချက်
************************************
၁။ မာကက်တင်းမှာ အရပ် (၈) မျက်နှာရှိတယ်၊ တစ်မျက်နှာကိုပဲ မားကက်တင်း ဆင်းလို့မရပါဘူး။
၂။ မားကက်တင်းခြေလှမ်းတိုင်းက ဘယ်အရပ်မျက်နှာကို ဦးတည်နေတာလဲ စဉ်းစားပါ။
၃။မြောက်အရပ်ကို ပုံသေထားပြီး သွားချင်တဲ့ အရပ်ကို သွားပါ။
၄။ အမြင်နဲ့ဘရန်းကြောင့်( Perception) ဝယ်ယူသလို၊ အတွေ့အကြုံနဲ့အရည်အသွေးကြောင့် (Experience) လဲ ဝယ်ယူကြတယ်။
၅။မားကက်တင်း ဂေဟစနစ် (Marketing Ecosystem) တစ်ခုကို ဖန်တီးပါ။
မာသင်