...

တိုက်ပင်ကိုက်လား၊ တိုင်ပင်လိုက်လား?

တိုင်ပင်ကိုက် (Timing) စီးပွားရေးလုပ်ရမှာလား၊ တိုင်ပင်လိုက် (Trend) စီးပွားရေးလုပ်ရမှာလား ? တိုင်ပင်ကိုက်ရင် ကြွတ်ကြွတ်အိတ် တောင် လေအဝှေ့မှာ အမြင့်ကြီးဆီကိုရောက်သွားနိုင်သလိုပဲ ..ဈေးကွက်မှာ တိုင်ပင်ကိုက်ရင် .. အများကြီးအားအင်မစိုက်ထုတ်လိုက်ရပဲ ရလဒ်ကောင်းတွေရနိုင်သလို ၊ဈေးကွက်တိုင်ပင်မကိုက်ရင် .. အားအင်အများကြီးထုတ်ကြိုးစားပေမယ့် .. ရလဒ်ကောင်းတွေမရနိုင်ဖြစ်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိဖူးခဲ့ကြမှာပါ။တိုင်ပင်ကိုက်တာ နဲ့တိုင်ပင်လိုက်…

အဓိပ္ပါယ်ရှိသောစီးပွားရေးလုပ်ပါ

ပိုက်ဆံရှာဖို့လုပ်တဲ့စီးပွားရေး ထက်၊ အဓိပ္ပါယ်ရှာဖို့လုပ်တဲ့ စီးပွားရေး က ပိုက်ဆံပိုဝင်တယ်။ စီးပွားရေးလုပ်ငန်းတစ်ခုက ကိုယ့်အတွက်လဲ အဓိပ္ပါယ် ရှိတယ်၊ စားသုံးသူတွေအတွက်လဲ အဓိပ္ပါယ်ရှိတယ် ဆိုရင် တစ်ချိန်မှာ အောင်မြင်တာပါပဲ။အဓိပ္ပါယ်ဆိုတာ လုပ်ငန်းအတွက်လဲ အရေးကြီးသလို၊ စားသုံးသူအတွက်လဲအရေးကြီးပါတယ်။ကိုယ့်အတွက် အဓိပ္ပါယ်ရှိသော အလုပ်တစ်ခု ဆိုတာ ထမင်းစားမေ့ဟင်းစားမေ့ လုပ်နိုင်တယ်။ ဘယ်လောက်အခက်အခဲရှိရှိ ကြိုးစားတယ်။…

လိပ်ပြာ ပြတိုက်

လိပ်ပြာသေ လေးတစ်ကောင် လမ်းမှာတွေ့သည်။ အမှိုက်ဖြစ်သည်။ ဘယ်သူမှ ဂရုမစိုက်ကြ။ ကောက်လာပြီး သိမ်းထားလိုက်သည်။ နောက်နေ့.. နောက်တစ်ကောင်တွေ့သည်။ သိမ်းထားလိုက်သည်။ နောက်နေ့ … မတွေ့တော့ပေမယ့် လိပ်ပြာ ကိုရှာတတ်လာသည်။ နောက်နေ့ … လိပ်ပြာကို ရှာပြီး စုသည်။ တစ်ရက်ပြီး .. တစ်ရက်… အမျိုးအမည်မသိ…

စီးပွားရေးလား၊ပြိုင်ပွဲလား?

စီးပွားရေးဆိုတာ ပြိုင်ပွဲမဟုတ်ဘူး။ A ကနေ B ဘယ်သူအရင်ရောက်အောင်ပြေးနိုင်သလဲ ဆိုတာထက်.. ပြေးလမ်းပေါ်မှာ ဘယ်လောက်ကြာကြာပြေးနိုင်သလဲ ဆိုတာ ပိုအရေးကြီးတယ်။ ပြိုင်ပွဲ ဆိုရင် .. ပွဲချိန်ပြီးသွားရင် ပွဲရပ်သွားတယ်၊ ဆက်ပြိုင်ချင်လို့မရတော့ဘူး။ စီးပွားရေး ဈေးကွက်မှာ ပွဲချိန်ဆိုတာ မရှိဘူး.. ပွဲတွေဆက်နေတယ်၊ ကိုယ်မရှိရင်နောက်တစ်ယောက် ပွဲထဲကို ဆက်ဝင်လာတယ်။…

သမားရိုးကျကိုကန့်လန့်တိုက်ခြင်း

နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

လုပ်စရာ စီးပွားရေးအိုင်ဒီယာ

ရေခဲမုန့်ဆိုတာ ခရစ်နှစ်မပေါ်မှီ BC 2000 လောက်ကတည်းက ရှိခဲ့ပေမယ့် ရေခဲမုန့်ခွက်ကိုတော့ နှစ်ပေါင်း ၄,၀၀၀ လောက်ကြာမှ စဉ်းစားမိခဲ့တယ်။ ရေဆွဲအိမ်သာကို 1775 မှာ တီထွင်ခဲ့ကြပေမယ့် ရေအိမ်သုံးစက္ကူလိပ် ဆိုတဲ့အိုင်ဒီယာကို 1857 မှ စဉ်းစားမိခဲ့တယ်။ ပေါင်မုန့်ဆိုတာ ခရစ်တော်မပေါ်မှီနှစ်ပေါင်း 2600 လောက်ကတည်းက စားသုံးခဲ့ကြပေမယ့်…

မတုနဲ့ .. မတူအောင်လုပ်!

မတူရင် .. မတုနဲ့ .. လို့ ပြောကြတယ်။ အမှန်တော့… တူအောင်လဲ မကြိုးစားနဲ့၊ တုပြီးလဲ မလုပ်နဲ့။ ကိုယ့်ဟန်နဲ့ကိုယ်၊ ကိုယ့်အကြံနဲ့ကိုယ်၊ မတူအောင်သွား၊ မတုပဲနေ။ တူတာတွေများလာတဲ့ ဒီနေ့ခေတ်မှာ… အများနဲ့မတူ၊ တစ်မူ ကွဲပြားခြင်း ဆိုတာ ယနေ့ခေတ်ရဲ့ ကွာလတီအသစ် ပါပဲ။ မတုနဲ့…

စီးပွားရေးစကားကြီး (၃) ခွန်း

စီးပွားရေးလုပ်ငန်းအတွက် စကားကြီး (၃) ခွန်းရှိတယ်။ Make it Sell it Brand it Make it ဆိုတာ ရောင်းမယ့် ကုန်ပစ္စည်း ကို ဖန်တီးထုတ်လုပ်တာ။ထုတ်ကုန်ပစ္စည်း ဖြစ်စေ၊ဝန်ဆောင်မှုတစ်ခုကို ဖြစ်စေ ထုတ်လုပ်ဖန်တီးမှု ပေါ့။ဖန်တီးလိုက်ရင် ပြီးသွားပြီလားဆိုတော့ မပြီးသေးဘူး။ Sell it…