တွက်ချက်ရမယ့်လုပ်ငန်းအပိုင်း (၄)ပိုင်း
သင့်စီးပွားရေးလုပ်ငန်းအတွက်.. စဉ်းစားတွက်ချက်ရမယ့် အပိုင်း (၄) ပိုင်း
၁။ ယခုလက်ရှိ သင့်စီးပွားရေးလုပ်ငန်းအခြေအနေ ဘယ်လို ရှိလဲ ? ( Business health)
**************************************
မတိုင်းတာနိုင်ရင်.. မတိုးတက်နိုင်ပါဘူး။
တိုးတက်မှုတိုင်းက တိုင်းတာမှု နဲ့ စပါတယ်။
ပြီးတော့ နံပါတ်တွေက သင့်ကို မလိမ်တတ်ပါဘူး။
လက်ရှိ မိမိစီးပွားရေးလုပ်ငန်းရဲ့အခြေအနေတွေကို သိအောင် တိုင်းတာတွက်ချက်ရပါတယ်။ နံပါတ်တွေက စီးပွားရေးလုပ်ငန်းရဲ့လက်ရှိအခြေအနေကို အတိအကျ ပြောပါတယ်။ ဒါကြောင့်အောက်ပါ အချက်တွေကို တိုင်းတာတွက်ချက်ပြီး လက်ရှိမိမိစီးပွားရေးအခြေအနေကို အရှိအရှိအတိုင်း ဖော်ထုတ်ပါ။
- Working capital ကို တွက်ချက်ပါ။
- Current ratio ကို တွက်ချက်ပါ။
- Liquidity index ကို တွက်ချက်ပါ။
- Defensive assets ကိုတွက်ချက်ပါ။
- Profit margin ကို တွက်ချက်ပါ။
- ROA ကို တွက်ချက်ပါ။
၂။ သင့်လုပ်ငန်းဒီအတိုင်းဆက်သွားရင် ဘယ်လိုဖြစ်မလဲ ? ( Direction)
******************************************
မိုင်ထောင် ချီဝေးတဲ့ခရီးကို ခြေတစ်လှမ်းနဲ့စတာဆိုပေမယ့် .. စတဲ့ခြေလှမ်းက လားရာ မှားနေရင် ဘယ်လောက်ကြိုးစားကြိုးစား ပန်းတိုင်ကို ရောက်မှာမဟုတ်ပါဘူး။
ဒါကြောင့်စကတည်းက လားရာ မှန်နေဖို့အရေးကြီးပါတယ်။ မိမိစီးပွားရေးရဲ့လက်ရှိဦးတည်နေတဲ့လားရာက ဘယ်ကိုလဲ ဆိုတာ အောက်ပါအချက်တွေကို တွက်ချက်ပြီး ဖော်ထုတ်ပါ။ - Sale Growth
- Horizontal Analysis
- DCF & NPV
- P.V Growth Rate
- Z score Model
၃။ အမှန်တကယ်သင်သွားချင်တဲ့ ရည်မှန်းချက် စီးပွားရေးပန်းတိုင်က ဘာလဲ ? ( Goals)
*****************************************************
ဘယ်သွားချင်သလဲ ဆိုတာ မသိရင် ဘယ်ရောက်ရောက် အတူတူပါပဲ၊ အဓိပ္ပါယ်မဲ့နေတတ်ပါတယ်။
လုပ်ငန်းတိုင်းမှာ ပန်းတိုင်ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ပန်းတိုင်ကို နံပါတ် တွေအဖြစ်ပြောင်းလဲဖို့မေ့နေတတ်ပါတယ်။
ရောင်းကောင်းချင်တယ် .. ဒါပေမယ့် ဘယ်လောက်ရောင်းကောင်းချင်တာလဲ ဆိုတာကို နံပါတ် သတ်မှတ်ဖို့လိုတယ်။ အမြတ်တွေအများကြီးရချင်တယ် ဒါပေမယ့် အမြတ်မာဂျင်ဘယ်လောက်နဲ့မြတ်ချင်တာလဲ ဆိုတာ သတ်မှတ်ဖို့လိုပါတယ်။ ဒါမှလဲ တိတိကျကျ ဖြစ်တဲ့ပန်းတိုင် ဆိုတာ ဖြစ်လာမှာပါ။ - Profit to sale ကိုတွက်ချက်ပြီး sale growth သတ်မှတ်ပါ။
- Profit Margin ကို သတ်မှတ်ပါ။
- အရောင်းမြို့တိုင်းရဲ့Index နံပါတ်တွေသတ်မှတ်ပါ။
- Earning growth တွက်ချက်ပါ။
- Common Size တွက်ချက်ပြီး Vertical Analysis လုပ်ထားပါ။
၄။ အဲဒီ ပန်းတိုင် ကို ဘယ်လိုရောက်အောင်သွားမလဲ ? (How)
**********************************
ပန်းတိုင် တိကျပြတ်သားလေလေ.. ဘယ်လိုရောက်အောင်သွားမလဲ ဆိုတာ နည်းလမ်းပေါ်လေလေဖြစ်ပါတယ်။ အထက်ဖော်ပြပါ အချက် (၃) ချက်ကို ရှင်းလင်းပြတ်သားအောင်လုပ်နိုင်ခဲ့ပြီဆိုရင်တော့ အဲဒီကို ဘယ်လိုရောက်အောင်သွားမလဲ ဆိုတဲ့ နည်းလမ်းတွေအများကြီးပေါ်လာပါလိမ့်မယ်။ အားလုံးကို ချရေးထားပါ။ ပြီးရင် တစ်ခုချင်းစီကို လုပ်သွားပါ။
မာသင်