...

လိပ်ပြာ ပြတိုက်

လိပ်ပြာ ပြတိုက်

လိပ်ပြာသေ လေးတစ်ကောင် လမ်းမှာတွေ့သည်။

အမှိုက်ဖြစ်သည်။

ဘယ်သူမှ ဂရုမစိုက်ကြ။

ကောက်လာပြီး သိမ်းထားလိုက်သည်။

နောက်နေ့.. နောက်တစ်ကောင်တွေ့သည်။

သိမ်းထားလိုက်သည်။

နောက်နေ့ … မတွေ့တော့ပေမယ့် လိပ်ပြာ ကိုရှာတတ်လာသည်။

နောက်နေ့ … လိပ်ပြာကို ရှာပြီး စုသည်။

တစ်ရက်ပြီး .. တစ်ရက်… အမျိုးအမည်မသိ လိပ်ပြာများ စုသည်။

ကြာလာတော့ .. လိပ်ပြာမျိုးစုံ 🍂ရောင်စုံပြတိုက်ကြီး ဖြစ်လာသည်။

မြင်ကြသူအပေါင်းတို့ က ..

အံ့ဩကြသည်။😮

ချီးကျူးကြသည်။ 🙂

လက်ခုတ်ဩဘာတီးကြသည်။ 👏

✨

လိပ်ပြာသေ တစ်ကောင်တည်းဆိုလျင်.. အမှိုက်ဖြစ်သော်လည်း

စုဆောင်းထားသော လိပ်ပြာသေရောင်သွေးစုံသည် .. ပြတိုက်ဖြစ်လာသည်။

✨

လိပ်ပြာတစ်ကောင်တည်း၏ လှပမှု ကွာလတီ (Quality) ထက်၊

သာမာန်ဖြစ်သောလိပ်ပြာများ၏အစုအဝေး အရေအတွက် (Quantity) က အံ့ချီးဖွယ်ဖန်တီးမှု ဖြစ်လာစေခဲ့သည်။

💠ဖန်တီးမှု တိုင်းတွင် အရည်အသွေး (Quality) ထက်..

အရေအတွက် (Quantity) က ပိုအရေးကြီးသည်။ 💠

ဖေ့ဘုတ်တွင် ပိုစ့်ကောင်းတစ်ခုကို တစ်ခါတလေ တင်ခြင်းထက်..

သာမာန်ပိုစ့် များကို နေ့စဉ်ပုံမှန်တင်ပေးနေခြင်းက ပိုပြီးစျေးကွက်ရစေသည်။

⭐

ဖန်တီးမှု ဆိုသည်မှာ ..အရေအတွက် မရှိပဲ အရည်အသွေး ကို မျှော်လင့်၍မရ။

အရေအတွက်များများ လုပ်ရင်း အရည်အသွေး ရလာခြင်းမျိုးဖြစ်သည်။

⭐

လိပ်ပြာသေတစ်ကောင်သည် အမှိုက် ဖြစ်သော်လည်း၊

လိပ်ပြာသေပေါင်းများစွာသည် .. လူအများအံ့ဩစရာ ပြတိုက်ဖြစ်လာသည်။

✔ပိုစ့်ကောင်းတစ်ခု ဖြစ်ဖို့ထက်၊

ပိုစ့်များများတင်ပြီး ပြတိုက် တစ်ခု ဖြစ်စေပါ။

✔ဗွိဒီယိုကောင်းတစ်ခု ရဖို့ထက်၊

ဗွီဒီယိုများများတင်ပြီး ပြတိုက်တစ်ခု ဖြစ်စေပါ။

✔ထုတ်ကုန်ကြော်ငြာကောင်းတစ်ခုဖြစ်ဖို့ထက်၊

စားသုံးသူများကို ပညာပေးပြတိုက်ကြီး တစ်ခုဖြစ်စေပါ။

💠တစ်ခုကောင်း၊ တစ်ခါပေါက် ကို အားမကျပဲ၊

မိမိ ဖန်တီးမှု ကို ကြိမ်ဖန်များစွာ၊ အရေအတွက်များစွာ ကြိုးစားရင်း..

လူအများ အံ့ဩ အားကျရသော ..

ပြတိုက် ကောင်းတစ်ခု ဖြစ်စေပါ .. ဟုဆန္ဒပြုရင်း

ကျွန်တော် မာသင် ၏ ရူ့ဒေါင့်အမြင်လေးတစ်ခုကို မျှဝေလိုက်ပါသည်ခင်ဗျာ။ ။

လွတ်လပ်စွာ ကူးယူမျှဝေ နိုင်ပါတယ်ခင်ဗျာ။ ။

#မာသင်

စီးပွားရေးအကြံပေး

Related Articles

ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ပုံစံ ( ၁၄) မျိုး

ကိုယ့်မှာ Product ရှိပြီဆိုပေမယ့် ဘယ်လိုပုံစံ နဲ့စီးပွားရေးလုပ်မလဲ ဆိုတာ စဉ်းစားရပါတယ်။ဝယ်သူနဲ့ရောင်းသူ တွေ့ဆုံမယ့်နေရာ၊ အရောင်းအဝယ်လုပ်မယ့် လမ်းကြောင်းစသည်တို့ကို ဖန်တီးရပါတယ်။စီးပွားရေးတစ်ခုကို စတင်လုပ်ကိုင်မယ့် သူများကို ကူညီစဉ်းစားပေးတဲ့အနေနဲ့ ဈေးကွက်မှာ လက်ရှိလုပ်နေကြတဲ့ စီးပွားရေးလုပ်ငန်းပုံစံ (၁၄) မျိုးကို လိုတိုရှင်းဖော်ပြလိုက်ရပါတယ်။ခုဖော်ပြမယ့်အကြောင်းအရာတွေကရောင်းချနည်းတော့မဟုတ်သလို ၊ နည်းလမ်းလဲမဟုတ်ပါ။စီးပွားရေးလုပ်ငန်းတွေအသုံးပြုနေကြတဲ့ ဖြန့််ဖြူးရောင်းချခြင်းဆိုင်ရာ စီးပွားရေး လုပ်ငန်း…

စမ်းသုံးခွင့်အစွမ်း နှင့် နည်းလမ်း (၄) နည်း

အရင်တုန်းက ဘာဆိုင်ဖွင့်ဖွင့် ဆိုင်တိုင်း မှာ ဗွီရို တွေ ရှိကြသည်၊ စမ်းသုံးခွင့်သည် ဆိုသည်မှာ ရတောင့်ရခဲဖြစ်သည်။ အကျီအဝတ်အစားစတိုးဆိုင်ဆိုလျင် ..ဗီရိုထဲတွင် အကျီတွေ၊ ဘောင်းဘီတွေကို သေချာခေါက်ပြီး အိတ်တွေနှင့် ပါကင်ပိတ်ထားကာ ဗီရိုထဲတွင်ကျကျနနပြထားဖို့ဖြစ်သည်။ စမ်းဝတ်ကြည့်ဖို့ဆိုင်တိုင်းက ခွင့်မပြု၊ ဗီရိုထဲက ထုတ်ပြဖို့တောင်မနည်း ပြောပြီးထုတ်ပြခိုင်းရသည်။ နာရီဆိုင်ဆိုလျင် ..ဗီရိုထဲတွင်…

မျှော်လင့်ချက်ကိုဝယ်ယူခြင်း

ဘယ်လိုအရာကို ဝယ်ဝယ်၊သုံးသုံး၊ စားသုံးသူတွေမှာ မျှော်လင့်ချက် တစ်ခု အမြဲရှိတယ်။ အလှကုန်တစ်ခုကို ဝယ်တယ်… မူလထက်ပိုမိုလှပသွားခြင်း၊ မိမိကိုယ်ကိုယုံကြည်မှုတိုးခြင်း ဆိုတဲ့အရာကို မျှော်လင့်တယ်။ အရက်တစ်ပုလင်းကို ဝယ်တယ်.. မူးရစ်သွားခြင်း၊လွတ်လပ်သွားခြင်းကို မျှော်လင့်တယ်။ အပေါက်ဖောက်စက်တစ်ခုကို ဝယ်တယ်… အပေါက်ဖြစ်လာဖို့ကို မျှော်လင့်တယ်။ ဝန်ဆောင်မှုတစ်ခုကို ဝယ်တယ်.. ပြသနာအခက်အခဲတစ်ရပ်ကို ဖြေရှင်းသွားဖို့မျှော်လင့်တယ်။ ထုတ်ကုန်တစ်ခု၊…

ဂန္တဝင်မြောက်သောနေ့ (Masterpiece Day)

ဂန္တဝင်မြောက်သောနေ့ဆိုတာ နေ့တစ်နေ့ကို စိတ်ပါလက်ပါ လက်ရာမြောက်လောက်အောင် ကိုယ်ဖြစ်ချင်တဲ့အတိုင်း၊ ကိုယ်တန်ဖိုးထားတဲ့လုပ်ရပ်တွေနဲ့နေ့တစ်နေ့ကို ဂန္တဝင်မြောက်လောက်အောင် ပုံဖော်ဖန်တီးလိုက်နိုင်တဲ့နေ့ရက်တစ်ရက်ပါပဲ။ဘဝမှာ ကျွန်တော်တန်ဖိုးထားတဲ့အရာ (၅) မျိုးရှိပါတယ်။တစ်ခုချင်းစီကို နေ့စဉ်တိုးတက်အောင် ကြိုးစားလုပ်ဆောင်လိုက်တဲ့နေ့တိုင်း က ကျွန်တော့်အတွက်တော့ ဂန္တဝင်မြောက်သောနေ့ (Masterpiece Day) ပါပဲ။ အဲဒီ (၅) ခု က..၁။ အသိပညာ (…

စားသုံးသူ (၆) မျိုး

ရောင်းရငွေ ဆိုသည့် အကြောင်းအရာ သည် လုပ်ငန်းတိုင်း မဖြစ်မနေ အစဉ်အမြဲ တိုးတက်စေရန် ကြိုးစားအားထုတ်နေရသောအရာဖြစ်သည်။ ယနေ့ရောင်းရငွေ သည် မနက်ဖြန်အတွက် အရင်း ဖြစ်နိုင်သလို၊ ရောင်းရငွေ အတက်အကျသည် လုပ်ငန်းတစ်ခု ရေရှည်ရပ်တည်ရှင်သန်ဖို့အတွက် အားကိုးအားထားရာ အကြောင်းအရာတစ်ရပ်ဖြစ်သည်။ ရောင်းရငွေများလာခြင်းကို ရောင်းအားတက်သည် ပြောကြသည်။ ရောင်းရငွေနည်းသွားခြင်းကို ရောင်းအားကျသည်ဟု…