...

လုပ်စရာ စီးပွားရေးအိုင်ဒီယာ

လုပ်စရာ စီးပွားရေးအိုင်ဒီယာ

🍦 ရေခဲမုန့်ဆိုတာ ခရစ်နှစ်မပေါ်မှီ BC 2000 လောက်ကတည်းက ရှိခဲ့ပေမယ့် ရေခဲမုန့်ခွက်ကိုတော့ နှစ်ပေါင်း ၄,၀၀၀ လောက်ကြာမှ စဉ်းစားမိခဲ့တယ်။

🧻 ရေဆွဲအိမ်သာကို 1775 မှာ တီထွင်ခဲ့ကြပေမယ့် ရေအိမ်သုံးစက္ကူလိပ် ဆိုတဲ့အိုင်ဒီယာကို 1857 မှ စဉ်းစားမိခဲ့တယ်။

🥪 ပေါင်မုန့်ဆိုတာ ခရစ်တော်မပေါ်မှီနှစ်ပေါင်း 2600 လောက်ကတည်းက စားသုံးခဲ့ကြပေမယ့် Sandwich ဆမ်းဒွစ် ဆိုတဲ့ အသားညှပ်ပေါင်မုန့် အိုင်ဒီယာ ကို နှစ်ပေါင်း 4000 လောက်ကြာမှ စဉ်းစားမိခဲ့ကြတယ်။

မပေါ်ခင်တုန်းကတော့ မစဉ်းစားမိခဲ့ကြပေမယ့် ၊ ပေါ်လာပြီးနောက်ပိုင်းမှာ အင်မတန်မှ ရိုးရှင်းပြီး တန်ဖိုးကြီးတဲ့အိုင်ဒီယာများဖြစ်လာပါတယ်။

အမှန်တော့ စီးပွားရေးအိုင်ဒီယာဆိုတာ ကျွန်တော် တို့ပတ်ဝန်းကျင်မှာ ရိုးရိုးလေးရှိကြပါတယ်။

စီးပွားရေးအိုင်ဒီယာ လို့ဆိုရင် ကြီးကြီးမားမား၊ ဆန်းဆန်းပြားပြားဖြစ်ရမယ်လို့တွေးလေ့ရှိပါတယ်၊ ဘယ်သူမှ မသိသေးတဲ့ အိုင်ဒီယာ ဖြစ်ရမယ်လို့လဲ ထင်လေ့ရှိပါတယ်။

အမှန်တော့ ..

စီးပွားရေးလုပ်စရာ တွေက ကျွန်တော် တို့ နေ့တစ်ဓူဝပတ်ဝန်းကျင်မှာ ရိုးရိုးလေး ရှိပါတယ်။

ဒါကြောင့် .. ကိုယ့်ပတ်ဝန်းကျင်ကို ရိုးရိုးလေးကြည့်ပြီး .. ရိုးရိုးလေးတွေးပါ..

လုပ်စရာ အလုပ်တွေ အများကြီးထွက်လာလိမ့်မယ်။

#မာသင်

Related Articles

သမားရိုးကျကိုကန့်လန့်တိုက်ခြင်း

နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

ဂန္တဝင်မြောက်သောနေ့ (Masterpiece Day)

ဂန္တဝင်မြောက်သောနေ့ဆိုတာ နေ့တစ်နေ့ကို စိတ်ပါလက်ပါ လက်ရာမြောက်လောက်အောင် ကိုယ်ဖြစ်ချင်တဲ့အတိုင်း၊ ကိုယ်တန်ဖိုးထားတဲ့လုပ်ရပ်တွေနဲ့နေ့တစ်နေ့ကို ဂန္တဝင်မြောက်လောက်အောင် ပုံဖော်ဖန်တီးလိုက်နိုင်တဲ့နေ့ရက်တစ်ရက်ပါပဲ။ဘဝမှာ ကျွန်တော်တန်ဖိုးထားတဲ့အရာ (၅) မျိုးရှိပါတယ်။တစ်ခုချင်းစီကို နေ့စဉ်တိုးတက်အောင် ကြိုးစားလုပ်ဆောင်လိုက်တဲ့နေ့တိုင်း က ကျွန်တော့်အတွက်တော့ ဂန္တဝင်မြောက်သောနေ့ (Masterpiece Day) ပါပဲ။ အဲဒီ (၅) ခု က..၁။ အသိပညာ (…

စီးပွားရေးအခွင့်အလှမ်းသစ်

“ပြသနာတစ်ခုရဲ့ အဖြေတိုင်း က နောက်ထပ် ပြသနာတစ်ခုကိုဖြစ်ပေါ်စေတယ်” .. ဆိုတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အိုင်ဒီယာလေးတစ်ခု ဖတ်မိပါတယ်။ နည်းပညာ၏သဘောသဘာ၀ ( The Nature of Technology) ဆိုတဲ့ စာတမ်းထဲက အတွေးအခေါ်ယူဆချက်တစ်ခုပါ။ “Every technology creates a new problem…

ကိုယ်မပါလဲ ငွေဝင်ဖို့ဆိုတာ..

စီးပွားရေးလုပ်ငန်းတိုင်းမှာ PRODUCT (ထုတ်ကုန်) ဆိုတာရှိတယ်။ ဒါပေမယ့် ထုတ်ကုန် တစ်ခုကပဲ‌ ငွေဝင်တာမဟုတ်ဘူး။ ထုတ်ကုန်ဆိုတာ ASSET ဖြစ်တယ်။ ASSET တိုင်းက တန်ဖိုးတစ်စုံတစ်ရာရှိနေတယ်။ အဲဒီ Assets တန်ဖိုးပြောင်းလဲမှုတွေကနေလဲ ငွေဝင်နိုင်တယ်။ ကိုယ်မပါပဲ ငွေဝင်နေဖို့ဆိုတာ ကိုယ်မရှိပဲလဲ တန်ဖိုးရှိနေ၊ ဖြစ်နေတဲ့ ASSETS တွေကိုလုပ်ငန်းထဲမှာ…

နှစ်သစ်မှာ တွန်းအား ဖြစ်စေပါ

တွန်းအား (Motivation) ဆိုတာ ကျွန်တော် တို့အားလုံး လိုအပ်တဲ့အရာပါ။နှစ်တစ်နှစ်ကုန်သွားလို့ နှစ်သစ်အစမှာ ကျွန်တော် တို့ Plan တွေ ဆွဲကြပါတယ်။နှစ်သစ်မှာ ဘာတွေ ပြီးမြောက်အောင်လုပ်ဆောင်မလဲ လို့စဉ်းစားပြီး အစီအစဉ် တွေ ရေးဆွဲကြပါတယ်။အမှန်တော့ ကျွန်တော်တို့လိုနေတာ Plan မဟုတ်ပါဘူး၊ motivation တွန်းအား ပါ။လုပ်ဆောင်စရာတွေအများကြီးက စိတ်ရှူပ်စေပါတယ်၊…