...

After Sale Service ဆိုတာ

After Sale Service ဆိုတာ

After Sale Service ဆိုတာ လုပ်ငန်းတော်တော်များများ လုပ်ကြတယ်။
အထူးသဖြင့် ဖုန်းဆိုင်တွေ၊ ဖုန်းလုပ်ငန်းတွေပေါ့။
ကိုယ့်ဆီကနေ ဝယ်ယူထားတဲ့ သူတွေကို
ဖုန်းပျက်ရင် ပြင်ပေးတာမျိုး၊
လက်ခမယူတာမျိုး၊
ပစ္စည်းလဲပေးတာမျိုးပေါ့။
အဓိကကတော့ .. ဝယ်ပြီးရင် ပြီးသွားတာမျိုးမဟုတ်ပဲ
စားသုံးသူ customer ကို ဂရုစိုက်တဲ့ ဝန်ဆောင်မှုမျိုးကို
After Sale Service လို့ခေါ်ကြပါတယ်။


အဲကွန်းအရောင်းဆိုင်ဆိုရင်လဲ ..
ကိုယ့်ဆီကဝယ်ယူတပ်ဆင်ထားတဲ့ အဲကွန်းတွေကို
တပ်ဆင်ပြီး ၆ လတစ်ခါ စစ်ဆေးပေးတာမျိုး၊
ဝယ်ယူပြီးတစ်ပတ်အတွင်း အဆင်ပြေလားမပြေလား မေးမြန်းဖုန်းဆက်ပေးတာမျိုး
စတဲ့ အရာတွေကိုလဲ After Sale Service လို့ခေါ်ပါတယ်။


အာမခံတာမျိုးမဟုတ်ပဲ၊ အလိုက်သိသိ နဲ့ကိုယ့်ဖောက်သည်ကို ဝန်ဆောင်မှုပေးတာမျိုးပေါ့။
ဒါတွေကို စားသုံးသူတွေက အင်မတန်မှ ကြိုက်ပါတယ်။
လုပ်ငန်းကို လဲ ယုံကြည်မှု တိုးစေသလို၊
တာဝန်ယူမှု၊ တာဝန်ခံမှုကိုလဲ ပြသရာရောက်တယ်၊
စာသုံးသူကိုလဲ ဂရုစိုက်ရာရောက်တဲ့အတွက်
နောက်ထပ်ဝယ်ယူမှုတွေကို ဖြစ်ပေါ်စေပါတယ်။
After Sale Service ဆိုတာ လုပ်ငန်းတိုင်း ရှိသင့်တဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။
ဒါကြောင့် .. ကိုယ့်လုပ်ငန်းက ဘယ်လိုလုပ်ငန်းမျိုးပဲဖြစ်ဖြစ်ပါ..

After Sale Service အနေ နဲ့ဘာလုပ်လို့ရလဲ စဉ်းစားပါ ???

After Sale Service ရှိရင် ..
Before Sale Service ဆိုတာလဲ ရှိသင့်ပါတယ်။
After Sale ကတော့ ဝယ်ယူပြီးနောက်ပိုင်း မှ ပေးတဲ့ဝန်ဆောင်မှုဖြစ်ပြီး နောက်ပိုင်း ဝယ်ယူမှုတွေကို ဖြစ်ပေါ်စေနိုင်ဖို့ရည်ရွယ်ချက်နဲ့ ပါ။
Before Sale Service ဆိုတာကတော့ စားသုံးသူတွေ ကိုယ့်ဆီမဝယ်ခင်ကတည်းက ပေးတဲ့ ဝန်ဆောင်မှုပါ။
ကိုယ့် ဆီက ဝယ်လို့ကိုယ့်Customer ဖြစ်သွားမှ ပေးတဲ့ ဝန်ဆောင်မှုမဟုတ်ပဲ ..
မဖြစ်ခင်ကတည်းက ပေးတဲ့ဝန်ဆောင်မှုဖြစ်ပါတယ်။


Before Sale Service ဆိုတာ Customer အသစ်ရစေတဲ့အရာဖြစ်ပြီး ..
After Sale Service ဆိုတာ ရပြီးသား Customer ကို repeated sale ထပ်ရောင်းရစေဖို့ရည်ရွယ်ပါတယ်။


ဒါကြောင့် .. ကိုယ့်လုပ်ငန်းက ဘာလုပ်ငန်းပဲဖြစ်ဖြစ်ပါ..
After Sale နဲ့ရပ်မနေသင့်ပဲ …
Before Sale မှာ ဘယ်လို ဝန်ဆောင်မှုမျိုးပေးလို့ရသလဲ ဆိုတာ စဉ်းစားပါ ? ??
နှစ်မျိုး စလုံးပေါ့။
Before Sale Service ( မဝယ်ခင်ပေးတဲ့ ဝန်ဆောင်မှုများ)
After Sale Service (ဝယ်ပြီးမှ ပေးတဲ့ဝန်ဆောင်မှုများ )
သေချာတာကတော့ .. နှစ်ခုစလုံးမှာ Sale ပါနေပြီးသားပဲလေ..။ ။
သဘောပေါက်တယ်နော်။။။

မာသင်

Related Articles

သိကျွမ်း၊ နှစ်ခြိုက်၊ ယုံကြည် ….

မေး ။ ။ ကိုမာသင် ၊ အင်တာနက်မှာ စီးပွားရေးလုပ်မယ့် သူတွေအတွက် အရေးကြီးတဲ့ အရာကို လိုတိုရှင်းပြောပြပေးပါ ?ဖြေ။ ။ သိကျွမ်း၊ နှစ်ခြိုက်၊ ယုံကြည် …. ဒါပါပဲ။ အတိုဆုံးပဲ။ သိကျွမ်း (Know) စားသုံးသူတွေကိုယ့်ကို များများသိလေ၊ များများကောင်းလေပဲ။ဘာတွေသိအောင်လုပ်ရမှာလဲ ဆိုတော့…

ကိုယ်မပါလဲ ငွေဝင်ဖို့ဆိုတာ..

စီးပွားရေးလုပ်ငန်းတိုင်းမှာ PRODUCT (ထုတ်ကုန်) ဆိုတာရှိတယ်။ ဒါပေမယ့် ထုတ်ကုန် တစ်ခုကပဲ‌ ငွေဝင်တာမဟုတ်ဘူး။ ထုတ်ကုန်ဆိုတာ ASSET ဖြစ်တယ်။ ASSET တိုင်းက တန်ဖိုးတစ်စုံတစ်ရာရှိနေတယ်။ အဲဒီ Assets တန်ဖိုးပြောင်းလဲမှုတွေကနေလဲ ငွေဝင်နိုင်တယ်။ ကိုယ်မပါပဲ ငွေဝင်နေဖို့ဆိုတာ ကိုယ်မရှိပဲလဲ တန်ဖိုးရှိနေ၊ ဖြစ်နေတဲ့ ASSETS တွေကိုလုပ်ငန်းထဲမှာ…

စပ်တူလုပ်ငန်းအတွက်ငွေကြေးအချက် (၁၀) ချက်

စပ်တူလုပ်ငန်းမှာ သတိထားသင့်တဲ့ ငွေကြေးအချက် (၁၀) ချက် 1. Goodwill နာမည်ကောင်းတန်ဖိုး လို့လဲ ခေါ်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ Brand Value ဘရန်းတန်ဖိုးဆိုပြီးတော့ မိမိလုပ်ငန်းထဲပေါင်းထဲ့ကြပေမယ့်၊ အမှန်တော့ လုပ်ငန်းတစ်ခုက အခြားလုပ်ငန်းတစ်ခုကို ဝယ်ယူတဲ့အခါ လုပ်ငန်းရဲ့ Net Asset Value တန်ကြေး ထက်ကျော်လွန်ပြီးပေးလိုက်ရတဲ့…

ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ပုံစံ ( ၁၄) မျိုး

ကိုယ့်မှာ Product ရှိပြီဆိုပေမယ့် ဘယ်လိုပုံစံ နဲ့စီးပွားရေးလုပ်မလဲ ဆိုတာ စဉ်းစားရပါတယ်။ဝယ်သူနဲ့ရောင်းသူ တွေ့ဆုံမယ့်နေရာ၊ အရောင်းအဝယ်လုပ်မယ့် လမ်းကြောင်းစသည်တို့ကို ဖန်တီးရပါတယ်။စီးပွားရေးတစ်ခုကို စတင်လုပ်ကိုင်မယ့် သူများကို ကူညီစဉ်းစားပေးတဲ့အနေနဲ့ ဈေးကွက်မှာ လက်ရှိလုပ်နေကြတဲ့ စီးပွားရေးလုပ်ငန်းပုံစံ (၁၄) မျိုးကို လိုတိုရှင်းဖော်ပြလိုက်ရပါတယ်။ခုဖော်ပြမယ့်အကြောင်းအရာတွေကရောင်းချနည်းတော့မဟုတ်သလို ၊ နည်းလမ်းလဲမဟုတ်ပါ။စီးပွားရေးလုပ်ငန်းတွေအသုံးပြုနေကြတဲ့ ဖြန့််ဖြူးရောင်းချခြင်းဆိုင်ရာ စီးပွားရေး လုပ်ငန်း…

ဂန္တဝင်မြောက်သောနေ့ (Masterpiece Day)

ဂန္တဝင်မြောက်သောနေ့ဆိုတာ နေ့တစ်နေ့ကို စိတ်ပါလက်ပါ လက်ရာမြောက်လောက်အောင် ကိုယ်ဖြစ်ချင်တဲ့အတိုင်း၊ ကိုယ်တန်ဖိုးထားတဲ့လုပ်ရပ်တွေနဲ့နေ့တစ်နေ့ကို ဂန္တဝင်မြောက်လောက်အောင် ပုံဖော်ဖန်တီးလိုက်နိုင်တဲ့နေ့ရက်တစ်ရက်ပါပဲ။ဘဝမှာ ကျွန်တော်တန်ဖိုးထားတဲ့အရာ (၅) မျိုးရှိပါတယ်။တစ်ခုချင်းစီကို နေ့စဉ်တိုးတက်အောင် ကြိုးစားလုပ်ဆောင်လိုက်တဲ့နေ့တိုင်း က ကျွန်တော့်အတွက်တော့ ဂန္တဝင်မြောက်သောနေ့ (Masterpiece Day) ပါပဲ။ အဲဒီ (၅) ခု က..၁။ အသိပညာ (…