...

ပေးတဲ့ဘရန်း ၊ ယူတဲ့လုပ်ငန်း

ပေးတဲ့ဘရန်း ၊ ယူတဲ့လုပ်ငန်း

( ကြော်ငြာပိုစ်)

စီးပွားရေးလုပ်တာ ဆိုပေမယ့်…. စီးပွားဆန်လို့မရဘူး။
စီးပွားဆန်တဲ့လုပ်ငန်းကို စားသုံးသူတွေ မကြိုက်ကြဘူး။
ဒါကြောင့် .. စီးပွားရေးဆိုပေမယ့်.. စီးပွားမဆန်ပဲ ဘရန်းဆန်ပါ။


စီးပွားဆန်တဲ့သူ ဆိုတာ … ရေတိုတွေးတယ်။
ဘရန်းဆန်တဲ့သူဆိုတာ .. ရေရှည်တွေးတယ်။


စီးပွားဆန်တဲ့သူဆိုတာ .. တစ်ခါစားလုပ်တယ်။
ဘရန်းဆန်တဲ့သူဆိုတာ.. တစ်သက်စားဖို့လုပ်တယ်။


စီးပွားဆန်တဲ့သူဆိုတာ.. ကိုယ့်အတွက် ယူဖို့ ကို အရင်စဉ်းစားတယ်။
ဘရန်းဆန်တဲ့သူဆိုတာ .. ကိုယ်က ပေးဖို့ကို အရင်စဉ်းစားတယ်။


စီးပွားဆန်တဲ့သူဆိုတာ.. ဈေးကွက်ကို ကိုယ့်ဘက်ကကြည့်တယ်။
ဘရန်းဆန်တဲ့သူဆိုတာ.. ဈေးကွက်ကို ဈေးကွက်ဘက်ကကြည့်တယ်။


စီးပွားဆန်တဲ့သူဆိုတာ .. အကျိုးလိုလို့ညောင်ရေလောင်းတယ်။
ဘရန်းဆန်တဲ့သူဆိုတာ.. ညောင်ရေလောင်းလို့ အကျိုးတွေရလာတယ်။


စီးပွားဆန်တဲ့သူက.. ပရိုမိုးရှင်းလုပ်နေချိန်မှာ၊
ဘရန်းဆန်တဲ့သူက .. မန်ဘာရှစ်လုပ်နေတယ်။


စီးပွားဆန်တဲ့သူက .. ရရင်ပေးမှာပေါ့လို့ပြောနေချိန်မှာ၊
ဘရန်းဆန်တဲ့သူက .. ပေးရင်းနဲ့ရနေတယ်။


စီးပွားဆန်တဲ့သူက.. လူအများသိအောင်လုပ်နေချိန်မှာ၊
ဘရန်းဆန်တဲ့သူက .. လူသိ တွေများအောင်လုပ်နေတယ်။


စီးပွားဆန်တဲ့သူက .. ကြော်ငြာတွေလုပ်နေချိန်မှာ၊
ဘရန်းဆန်တဲ့သူက .. ပျံ့နှံ့စေခြင်းကို လုပ်နေတယ်။


စီးပွားဆန်တဲ့သူက .. boost တွေလုပ်ပြီးဒေါ်လာတွေပြုတ်နေချိန်မှာ၊
ဘရန်းဆန်တဲ့သူက .. Content ထုတ်ပြီး ပီအာ တွေလုပ်နေတယ်။


စီးပွားဆန်တဲ့သူက .. တွန်းရောင်းဖို့ပဲ စဉ်းစားနေချိန်မှာ၊
ဘရန်းဆန်တဲ့သူက .. ဆွဲဆောင်ဝယ်ယူစေဖို့ စဉ်းစားနေတယ်။


Business နဲ့Brand ဆိုတာ B နဲ့တော့ စတာပဲ။
ဒါပေမယ့် .. လုပ်ပုံခြင်း ကွာတယ်။ စဉ်းစားပုံခြင်းကွာတယ်။
ဈေးကွက်ကို ချဉ်းကပ်ပုံခြင်းကွာတယ်။ ထိုးဖောက်ပုံခြင်းကွာတယ်။
မားကက်တင်းကွာတယ်။


ဘီးစီးနပ်မားကက်တင်းလား၊ ဘရန်းမားကက်တင်းလား။


စီးပွားရေးတော့ .. စီးပွားရေးပဲ၊
စီးပွားဆန်တဲ့ စီးပွားရေး လုပ်မလား?
ဘရန်းဆန်တဲ့ စီးပွားရေး လုပ်မလား ?


ဘရန်းဆန်တဲ့စီးပွားရေးကိုရွေးရင်တော့..
ဘရန်းမားကက်တင်း စာအုပ်ကိုတော့ ဝယ်ဖတ်ရလိမ့်မယ်။
အိုင်ဒီယာတွေ (၃၀) ကြီးများတောင်ပါပြီး ကိုယ့်လုပ်ငန်းအတွက်အကျိုးအများကြီးရှိနိုင်လို့ လေ။
( ပြီးတော့ ဒီထိတောင်ဖတ်လာပြီဆိုမှတော့ .. ဘရန်းကို ပိုစိတ်ဝင်စားလို့ပေါ့)
ဝယ်မယ်ဆိုရင်.. မာသင် page မှာ ဝယ်ယူနိုင်ပါတယ်၊ လက်ကျန်စာအုပ်နည်းလို့ ဦးရာလူပဲရပါမယ်။

မာသင်

ဒီပိုစ်က ကြော်ငြာပိုစ်ပါ။ ထိပ်ဆုံးမှာလဲ ပွင့်ပွင့်လင်းလင်းပြောထားပါတယ်။ ကြော်ငြာဆိုပေမယ့် စီးပွားဆန်တဲ့ကြော်ငြာမျိုးတော့မဟုတ်ဘူး၊ ဘရန်းဆန်တဲ့ကြော်ငြာပိုစ်ပါ။😀

Related Articles

ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ပုံစံ ( ၁၄) မျိုး

ကိုယ့်မှာ Product ရှိပြီဆိုပေမယ့် ဘယ်လိုပုံစံ နဲ့စီးပွားရေးလုပ်မလဲ ဆိုတာ စဉ်းစားရပါတယ်။ဝယ်သူနဲ့ရောင်းသူ တွေ့ဆုံမယ့်နေရာ၊ အရောင်းအဝယ်လုပ်မယ့် လမ်းကြောင်းစသည်တို့ကို ဖန်တီးရပါတယ်။စီးပွားရေးတစ်ခုကို စတင်လုပ်ကိုင်မယ့် သူများကို ကူညီစဉ်းစားပေးတဲ့အနေနဲ့ ဈေးကွက်မှာ လက်ရှိလုပ်နေကြတဲ့ စီးပွားရေးလုပ်ငန်းပုံစံ (၁၄) မျိုးကို လိုတိုရှင်းဖော်ပြလိုက်ရပါတယ်။ခုဖော်ပြမယ့်အကြောင်းအရာတွေကရောင်းချနည်းတော့မဟုတ်သလို ၊ နည်းလမ်းလဲမဟုတ်ပါ။စီးပွားရေးလုပ်ငန်းတွေအသုံးပြုနေကြတဲ့ ဖြန့််ဖြူးရောင်းချခြင်းဆိုင်ရာ စီးပွားရေး လုပ်ငန်း…

သမားရိုးကျကိုကန့်လန့်တိုက်ခြင်း

နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..ဈေးကွက်မှာ သင်တန်းတွေများနေပြီ..ဈေးကွက်မှာ လုပ်ငန်းတွေများနေပြီ…အင်း.. သူတို့ပြောတဲ့ဈေးကွက်ဆိုတာ အများပိုင်ဈေးကွက်ကို ပြောတာ။ဈေးကွက်ဆိုတာနှစ်ကွက်ရှိတယ်၊ အများပိုင်ဈေးကွက်နဲ့ ကိုယ်ပိုင်ဈေးကွက် ။ ကိုယ်ပိုင်ဈေးကွက်ဆိုတာ.. ကိုယ်ပိုင်ဈေးကွက်ဆိုတာ ကိုယ့်ကိုယုံကြည်တဲ့လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်လုပ်တာတွေ၊ ကိုယ်ရူးသွပ်တာတွေကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ့်ရဲ့ဝန်ဆောင်မှုကို၊ ထုတ်ကုန်ကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်ကိုယ်တိုင်ကလဲ ကွဲထွက်နေမှ ကိုယ့်ဈေးကွက်ကလဲ…

လူအများသိတာလား၊ လူသိများတာလား

လူများများသိတာနဲ့၊ လူသိများတာ မတူဘူး။ကိုယ်ဆိုင်က ဖုန်းဆိုင်ဖြစ်ပြီး၊ ဖုန်းရောင်းတယ် ဆိုတာ လူအများသိကြပေမယ့် ..ဖုန်းဝယ်တဲ့အခါ ကိုယ့်ဆိုင်ကို သတိမရကြဘူးဆိုရင် “လူသိ”မများသေးဘူးလို့ဆိုရပါမယ်။ “လူသိ” ဆိုတာ ကိုယ့်ဆိုင်ရဲ့ဝန်ဆောင်မှုကို သိပြီးယုံကြည်ပြီးသားသူတွေ..ကိုယ့်ဆိုင်ရဲ့ ပစ္စည်းကွာလတီကို သိပြီးသား၊ ယုံကြည်ပြီးသားသူတွေ..ကိုယ့်ဆိုင်က ဈေးနုန်းစိတ်ချရတယ်ဆိုတာ သိပြီးသား၊ယုံပြီးသားသူတွေ..အနည်းဆုံးတော့.. ကိုယ် နဲ့ရင်းနှီးသိကျွမ်းပြီး ၊ ကိုယ့်ကို ယုံတဲ့သူတွေ…

စီးပွားရေးကို အဆင်သင့်မဖြစ်ခင် စတင်ပါ..

စီးပွားရေးလုပ်ငန်းတစ်ခုကို အားလုံးအဆင်သင့်ဖြစ်မှ စတင် မယ်ဆိုရင် နောက်ကျသွားပါပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်း 563 နှစ် ကျော်လောက်က ဂူတင်ဘတ်က ပထမဆုံး စာအုပ်ကို ရိုက်နှိပ်ထုတ်ဝေခဲ့တယ်။အဲဒီတုန်းက ဥရောပကြီးတစ်ခုလုံးရဲ့၇% သာစာဖတ်တတ်ပါတယ်။ ဈေးကွက်မရှိဘူး။စာအုပ်ထွက်ရင် ဖြန့်ဝေပေးဖို့.. စာပေဖြန့်ချိရေးတွေ မရှိဘူး။စာအုပ်ကို လူအများဝယ်ယူနိုင်အောင်ခင်းကျင်းပြသရောင်းချပေးတဲ့…စာအုပ်ဆိုင်မရှိဘူး။စာပေချစ်သူတွေ၊ စာအုပ်ဝယ်ယူသူတွေ သန်းနဲ့ချီပြီး တစ်နေရာတည်းမှာ အစုံဝယ်ယူလို့ရနိုင်တဲ့ Amazon…