မားကက်တင်း အမြဲလုပ်ပါ။
သင့်စီးပွားရေး ဘယ်လောက်လုပ်ငန်းကောင်းနေနေ၊ မားကက်တင်း လုပ်ဖြစ်အောင်လုပ်ပါ။
မားကက်တင်း ရဲ့အဓိက ရည်ရွယ်ချက်က .. ဝယ်လိုသူတွေများလာအောင်လုပ်တာပါ။
ရောင်းရအောင်လုပ်တာမဟုတ်ပါဘူး။
မရောင်းပဲနဲ့ဝယ်စေတာပါ။
ဝယ်စေအောင်လုပ်ရင်း .. ရောင်းအားတွေတက်လာတာပါ။
သင် ယနေ့ရောင်းအားတွေကောင်းပြီး စီးပွားကောင်းနေတယ်ဆိုတာ အတိတ်မှာ မားကက်တင်း ကောင်းကောင်းလုပ်နိုင်ခဲ့လို့ပါ။
အနာဂတ်မှာ ဒီလိုပဲ စီးပွားဖြစ်ရောင်းအားကောင်းနေဖို့.. ယနေ့မှာ မားကက်တင်း ဆက်လုပ်ဖို့လိုပါတယ်။
တွန်းအားတစ်ခု ဆက်မရှိနေရင် .. အရှိန်ဆိုတာ လျော့ကျလာစမြဲပါပဲ။
မားကက်တင်း နဲ့ ရောင်းအားကို ဆက်တွန်းပါ။
ကိုကာကိုလာ ဆိုတာ ကလေး က စလို့ လူကြီးထိ လူတိုင်းသိကြတဲ့ အကြောင်းအရာဖြစ်ပါတယ်။
ဘယ်နိုင်ငံဖြစ်ဖြစ် ၊
ဘယ်လိုဘာသာစကားပြောပြော၊
ဘယ်လိုယဉ်ကျေးမှုဖြစ်ဖြစ် ကိုကာကိုလာ ဆိုရင် ပေါက်ပြီးသားထုတ်ကုန်ပစ္စည်းတစ်ခုရဲ့ဘရန်းဖြစ်ပါတယ်။
ထူးခြားချက်က .. ကိုကာကိုလာ ဆိုတာ ယနေ့အထိ မားကက်တင်း လုပ်နေတုန်းပါပဲ။
မတွေ့တာကြာရင် မေ့တတ်ပါတယ်။
မားကက်တင်း ရပ်လိုက်ရင် .. ဈေးကွက်က တဖြည်းဖြည်းနဲ့မေ့သွားကြပါလိမ့်မယ်။
ကိုကာကိုလာ.. ဆိုတဲ့
ဒီလောက်ပေါက်တဲ့ဘရန်းတောင် ယနေ့ထိ မားကက်တင်း လုပ်နေသေးရင် ..
ဒီလောက် ရောင်းကောင်းတဲ့ ထုတ်ကုန်ပစ္စည်းတောင် ယနေ့ထိ မားကက်တင်း လုပ်နေသေးရင် ..
ဒီလောက် ဈေးကွက်ရထားတဲ့ ကုမ္မဏီတောင် ယနေ့ထိ မားကက်တင်း လုပ်နေသေးရင် …
သင်ရော … မလုပ်သင့်ဘူးလား?
ဘယ်လောက်လုပ်ငန်းကောင်းကောင်း .. မားကက်တင်း ကို အားသွန်ခွန်စိုက် ဆက်လုပ်ပါ။
မာသင်