...

တာဝန်ယူရင်လုပ်ပိုင်ခွင့်ရမှာလား

တာဝန်ယူရင်လုပ်ပိုင်ခွင့်ရမှာလား

ညအချိန်မှာ ဆိုင်တစ်ဆိုင်လုံးကို စောင့်ရှောက်ဖို့ နဲ့ တာဝန်အရှိဆုံးသူဟာ ကင်းသမား ဆိုပေမယ့် မန်နေဂျာလဲဖြစ်နိုင်တယ်။ အဲဒီနှစ်ယောက်မှာ ကွာတာက Accountability နဲ့ Authority ပဲ။ တစ်ခုက တာဝန်ယူတာ၊ တစ်ခုက လုပ်ပိုင်ခွင့်အာဏာ။
ကင်းသမားမှာ တာဝန်ရှိပေမယ့် .. လုပ်ပိုင်ခွင့် နဲ့ ဆုံးဖြတ်ခွင့်တွေက ကန့်သတ်ချက်ရှိတယ်။ မန်နေဂျာတစ်ယောက်လိုတော့ ဆုံးဖြတ်ပိုင်ခွင့်ရှိမှာမဟုတ်ဘူး။

တာဝန်ယူမှုတိုင်းမှာ လုပ်ပိုင်ခွင့်အာဏာ လိုက်ပြီးတန်းတူမဖြစ်နိုင်ဘူး။

တာဝန်ယူခိုင်းတာက လုပ်ပိုင်ခွင့် ယူခိုင်းတာမဟုတ်ဘူး။

တာဝန်ပေးရင် လုပ်ပိုင်ခွင့်ပါပေးရမယ်..ဆိုတာမှန်ပေမယ့် ..

တာဝန် နဲ့ လုပ်ပိုင်ခွင့် တန်းတူဖြစ်ရမယ် ဆိုတဲ့အမြင်ဟာ မှားတယ်။

#မာသင်

Related Articles

သမားရိုးကျကိုကန့်လန့်တိုက်ခြင်း

နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

စပ်တူလုပ်ငန်းအတွက်အဆင့် (၆) ဆင့်

လုပ်ငန်းစပ်တူလုပ်မယ်ဆိုရင် ဒီအဆင့် (၆)ဆင့်တော့အနည်းဆုံးသိအောင်လုပ်ထားပါ။ (၁) လုပ်ငန်းတွင်ပါဝင်သောအရာများကို စာရင်းလုပ်ပါ ကိုယ်တစ်ဦးတည်းလုပ်တုန်းက လုပ်ငန်းအတွက် ကိုယ်ပိုင်ပစ္စည်းတွေကိုသုံးခဲ့တယ်။ ဥပမာ ကားပေါ့။ နောက်ရှယ်ယာခေါ်ပြီးစပ်တူလုပ်ကြတော့ မပြောမိဘူး။ ကိုယ်နဲ့လုပ်တဲ့သူက ကားကလုပ်ငန်းပိုင်လို့ထင်နေတယ်။ တစ်နေ့တော့ လုပ်ငန်းတွေအဆင်မပြေဖြစ်ကြတော့ ပြောကြတဲ့အခါ အငြင်းပွားဖွယ်ရာဖြစ်ရတော့တယ်။ လုပ်ငန်းရဲ့ပိုင်ဆိုင်မှုအောက်မှာဘာတွေပါဝင်သလဲ၊ ဘာတွေမပါဘူးလဲ။ စာရင်းလုပ်ပါ။ (၂)လုပ်ငန်းတန်ဖိုးသတ်မှတ်ပါ လုပ်ငန်းရှယ်ယာခေါ်တာပဲဖြစ်ဖြစ်၊ စပ်တူပေါင်းလုပ်ကြတာပဲဖြစ်ဖြစ်…

စပ်တူလုပ်ငန်းအတွက်ငွေကြေးအချက် (၁၀) ချက်

စပ်တူလုပ်ငန်းမှာ သတိထားသင့်တဲ့ ငွေကြေးအချက် (၁၀) ချက် 1. Goodwill နာမည်ကောင်းတန်ဖိုး လို့လဲ ခေါ်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ Brand Value ဘရန်းတန်ဖိုးဆိုပြီးတော့ မိမိလုပ်ငန်းထဲပေါင်းထဲ့ကြပေမယ့်၊ အမှန်တော့ လုပ်ငန်းတစ်ခုက အခြားလုပ်ငန်းတစ်ခုကို ဝယ်ယူတဲ့အခါ လုပ်ငန်းရဲ့ Net Asset Value တန်ကြေး ထက်ကျော်လွန်ပြီးပေးလိုက်ရတဲ့…

ကိုယ်မပါလဲ ငွေဝင်ဖို့ဆိုတာ..

စီးပွားရေးလုပ်ငန်းတိုင်းမှာ PRODUCT (ထုတ်ကုန်) ဆိုတာရှိတယ်။ ဒါပေမယ့် ထုတ်ကုန် တစ်ခုကပဲ‌ ငွေဝင်တာမဟုတ်ဘူး။ ထုတ်ကုန်ဆိုတာ ASSET ဖြစ်တယ်။ ASSET တိုင်းက တန်ဖိုးတစ်စုံတစ်ရာရှိနေတယ်။ အဲဒီ Assets တန်ဖိုးပြောင်းလဲမှုတွေကနေလဲ ငွေဝင်နိုင်တယ်။ ကိုယ်မပါပဲ ငွေဝင်နေဖို့ဆိုတာ ကိုယ်မရှိပဲလဲ တန်ဖိုးရှိနေ၊ ဖြစ်နေတဲ့ ASSETS တွေကိုလုပ်ငန်းထဲမှာ…

ဝန်ထမ်းတာဝန်ပေးနည်း

၀န်ထမ်းများကို တာဝန်ပေးတော့မယ်ဆိုရင် ..ဒီ ကဗျာ လေး ရွတ်ဆိုကြည့်ပါ။“ပြင်ဆင်၊ လူရွေးဆွေးနွေး၊သဘောတူခွင့်ပေး၊ စောင့်ကြည့်မလွဲခင် အထိလုပ်ရန် ၆ ခုသာ။” (၁) ပြင်ဆင်(Prepare) … ဆိုတာ ဝန်ထမ်းကို တာဝန်တစ်ခု မလွဲခင်မှာ သေချာစဉ်းစားပြင်ဆင်ထားရမယ့်အကြောင်းအရာတွေကို ချရေးပြီး၊ ဘယ်အပိုင်းကို တော့လွဲပြီးလုပ်ခိုင်းမယ်။ ဘယ်အပိုင်းကိုတော့ ကိုယ်တိုင်လုပ်မယ်။ ရည်ရွယ်ချက်…