...

Cell Split

Cell Split

လုပ်ငန်းအဖွဲ့အစည်းဆိုတာ သက်ရှိ (living organism) ဖြစ်တယ်ဆိုတဲ့အချက်ကို တော်တော်သဘောကျမိပါတယ်။

မိမိလုပ်ငန်းအဖွဲ့အစည်းဆိုတာ သက်ရှိဖြစ်လို့ ..

အဝင် (input) နဲ့ အထွက်(output) ဆိုတာရှိတယ်။

ပြီးတော့ Growing or Dying သေးငယ်ညိုးနွမ်းမသွားပဲ ရှင်သန်ကြီးထွားလာအောင် လုပ်ဖို့လိုအပ်တယ်ဆိုတဲ့အချက်တွေကို အရင်ဆောင်းပါးမှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

💥နောက်ထပ်ထူးခြားတဲ့အချက် နောက်တစ်ချက်က ..

ရှင်သန်ကြီးထွားလာရင် လဲ သေးငယ်သွားအောင် အပိုင်းပိုင်းစိတ်ဖို့လိုတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။

ဒါဟာအင်မတန်ထူးခြားတဲ့ အဖွဲ့အစည်း ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုတစ်ရပ်လို့မြင်ပါတယ်။

ဘာနဲ့တူလဲ ဆိုတော့ .. Cells လိုပါပဲ။ လူသားတွေရဲ့ ခန္ခာကို Cell ပေါင်းဘီလီယံနဲ့ဖွဲ့စည်းထားတယ်။ Cell တစ်ခုချင်းစီက အရွယ်အစားတစ်ခုရောက်ပြီဆိုရင် သူရဲ့ membrane အပြင်ဘက်အမြှေးပါး က cell အတွက်လိုအပ်တဲ့ အာဟာရ နဲ့ စွန့်ပစ်ပစ္စည်းထုတ်လို့မရတော့ဘူး။ အဲဒီအခါ cell က အတွင်းကနေ အပြင်ကိုလိုက်ပြီးပုပ်ညိုးနွမ်းသေဆုံးလာတယ်။

ထိတွေ့မှုများဖို့ အတွက် cell ကို အရွယ်အစားသေးအောင် ခွဲခြမ်းနိုင်ဖို့လိုတယ်ဆိုတဲ့သဘောပေါ့။

ဥပမာအားဖြင့် .. ရေခဲတုံးကြီးတစ်တုံး .. အရေပျော်ဖို့ ခက်ပေမယ့် .. ရေခဲကြေ၊ရေခဲတုံးငယ်အဖြစ်ထုခွဲလိုက်တဲ့အခါ အရည်ပျော်မြန်တာဘာကြောင့်လဲ ဆိုတာနဲ့အတူတူပဲ။ လေထုနဲ့ ထိတွေ့မှုများသွားတာကိုး။

ဒါကြောင့် .. အဖွဲ့အစည်းတစ်ရပ်မှာလဲ ဒီလိုပဲ ။

မိမိ အဖွဲ့အစည်းမှာ ရှိတဲ့ အုပ်စုကို အရွယ်ငယ်သွားအောင် ခွဲလိုက်ရတယ်။ ဒါမှလဲ ထိတွေ့မှုများမယ်။

✔စားသုံးသူနဲ့ထိတွေ့မှုများမယ်။

✔အထက် အရာရှိနဲ့ ထိတွေ့မှုများမယ်။

✔ဝန်ထမ်းတိုင်းနဲ့ လုပ်ငန်းရှင်ထိတွေ့မှုများမယ်။

မဟုတ်ရင်…ခေါင်းဆောင်တစ်ယောက်တည်းကပဲ ထိတွေ့မှုရှိပြီး အတွင်းမှာ ပုပ်သိုးလိုက်လာလိမ့်မယ်။ ဂလိုင်လိုက်စားလာလိမ့်မယ်။

Amazon ကုမ္မဏီ ဆိုရင် ပီဇာနှစ်ချပ်ဥ့ပဒေသ 🍕🍕(Two Pizza rule) လုပ်ထားတယ်။ Team တစ်ခုက ပီဇာ နှစ်ချပ် နဲ့ စားမလောက်ဘူး မ၀ဘူးဆိုရင် team အရွယ်အစားကြီးနေပြီ။ အဖွဲ့ငယ်အဖြစ်ခွဲဖို့လိုအပ်နေပြီလို့ ဆိုပါတယ်။

အဖွဲ့ငယ်အဖြစ်မခွဲလိုက်ရင် .. မန်နေဂျာနဲ့ပဲ ထိတွေ့မှုများပြီး အတွင်းပိုင်းကလူတွေက ပုပ်ပြီးနွမ်းလိုက်လာပြီး ဘာမှန်းမသိနုတ်ထွက်ကုန်ကျတဲ့အတွက်ဖြစ်ပါတယ်။

ဒါကြောင့် .. ကျွန်တော်ပြောတာ.. လုပ်ငန်းအဖွဲ့အစည်း ဆိုတာ သက်ရှိ living organism ပါဆို။

ကဲ.. စာရှည်သွားပါပြီ။ နောက်ပိုင်းလဲ ဆက်ပြောပြပါဦးမယ်။



#မာသင်

စီးပွားရေးအကြံပေး

Employee Motivation System (EMS)

ဝန်ထမ်းအုပ်ချုပ်မှုပုံစံသစ်

Related Articles

Growing or Dying

ရှင်သန်မလား ၊ အသေခံမလား လုပ်ငန်းအဖွဲ့အစည်းဆိုတာ သက်ရှိ (living Organism) ဆိုတာ ပြောပြီးပြီ။ သက်ရှိတိုင်းက ရှင်သန်ကြီးထွား (Growing) နိုင်အောင်လုပ်ရင်လုပ် ၊ မလုပ်ရင် တဖြည်းဖြည်း (Dying) ညိုးနွမ်းသေဖို့ပဲ။ ကြီးထွားရှင်သန်နေဖို့လိုတယ်.. မဟုတ်ရင် တဖြည်းဖြည်းသေဖို့ပဲ။ လုပ်ငန်းအဖွဲ့အစည်းအနေနဲ့ အမြဲတမ်း တိုးတက်နေဖို့လိုတယ်။ ဒါမှ…

ဝန်ထမ်းတွေကို ပေးရမယ့် Training (၅) မျိုး

ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှု နဲ့ လုပ်ကိုင်နိုင်စွမ်း တိုးတက်လာဖို့ဆိုတာ လုပ်ငန်းရှင်ဘက်က ဘယ်လောက်အထိ ပံ့ပိုးပို့ချ ပေးနေသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဝန်ထမ်းရေးရာဌာန မှာ .. ဝန်ထမ်းဖွံ့ဖြိုးတိုးတက်ရေးဌာန (Talent Development Team) တစ်ခုဖွဲ့ပါ။ ပြီးရင် အောက်ပါ သင်တန်းတွေကို လစဉ်ပို့ချပေးနိုင်အောင် ထောက်ပံ့ပါ။ ဘယ်လို…

နှစ်သစ်မှာ တွန်းအား ဖြစ်စေပါ

တွန်းအား (Motivation) ဆိုတာ ကျွန်တော် တို့အားလုံး လိုအပ်တဲ့အရာပါ။နှစ်တစ်နှစ်ကုန်သွားလို့ နှစ်သစ်အစမှာ ကျွန်တော် တို့ Plan တွေ ဆွဲကြပါတယ်။နှစ်သစ်မှာ ဘာတွေ ပြီးမြောက်အောင်လုပ်ဆောင်မလဲ လို့စဉ်းစားပြီး အစီအစဉ် တွေ ရေးဆွဲကြပါတယ်။အမှန်တော့ ကျွန်တော်တို့လိုနေတာ Plan မဟုတ်ပါဘူး၊ motivation တွန်းအား ပါ။လုပ်ဆောင်စရာတွေအများကြီးက စိတ်ရှူပ်စေပါတယ်၊…

ဂန္တဝင်မြောက်သောနေ့ (Masterpiece Day)

ဂန္တဝင်မြောက်သောနေ့ဆိုတာ နေ့တစ်နေ့ကို စိတ်ပါလက်ပါ လက်ရာမြောက်လောက်အောင် ကိုယ်ဖြစ်ချင်တဲ့အတိုင်း၊ ကိုယ်တန်ဖိုးထားတဲ့လုပ်ရပ်တွေနဲ့နေ့တစ်နေ့ကို ဂန္တဝင်မြောက်လောက်အောင် ပုံဖော်ဖန်တီးလိုက်နိုင်တဲ့နေ့ရက်တစ်ရက်ပါပဲ။ဘဝမှာ ကျွန်တော်တန်ဖိုးထားတဲ့အရာ (၅) မျိုးရှိပါတယ်။တစ်ခုချင်းစီကို နေ့စဉ်တိုးတက်အောင် ကြိုးစားလုပ်ဆောင်လိုက်တဲ့နေ့တိုင်း က ကျွန်တော့်အတွက်တော့ ဂန္တဝင်မြောက်သောနေ့ (Masterpiece Day) ပါပဲ။ အဲဒီ (၅) ခု က..၁။ အသိပညာ (…

ဂန္တဝင်မြောက်သောဘ၀ဖော်ဆောင်ရေး

Masterpiece Life Plan ဘ၀နေဝင်ချိန်မှာ … ဘာတွေနောင်တ ရတတ်လဲ ? ဒီမေးခွန်းကို James Hansberger ဆိုတဲ့သူလဲ သိချင်ခဲ့ပါတယ်။ သူကတော့ Hansberger Group ရဲ့ founder လဲဖြစ်ပြီး Wealth Advisor တစ်ဦးလဲဖြစ်ပါတယ်။ သူက ဘ၀နေဝင်ချိန်နီးတဲ့သူတွေကိုဆေးရုံတွေမှာသွားရောက်သုတေသနပြုခဲ့ပြီးနောက်ဆုံးမှာ.. လူအများစုရဲ့ဘ၀နေဝင်ချိန်မှာရလေ့ရှိတဲ့နောင်တ…