...

အိုင်ကီရာ သက်ရောက်မှု ( IKEA Effect )

အိုင်ကီရာ သက်ရောက်မှု ( IKEA Effect )

“ကိုယ့်ကုန်ပစ္စည်းကို စားသုံးသူတွေ ပိုတန်ဖိုးထားစေချင်ရင် သူတို့လုပ်အားပေါင်းထဲ့ခိုင်းပါ။”
အိုင်ကီရာ (IKEA) ဆိုတာက ပရိဘောဂ ပစ္စည်းတွေကို ဖြုတ်လို့တပ်လို့ရအောင် လုပ်ပြီးရောင်းချတဲ့ကုမ္မဏီလုပ်ငန်းဖြစ်ပါတယ်။
တစ်ချိန်က ပရိဘောဂ ဆိုတာ ကြီးမားလေးလံပြီး ဝန်ကျယ်တာကြောင့် သယ်ယူပို့ဆောင်ရေးမှာ အင်မတန်မှ ခက်ခဲ့ပါတယ်။ IKEA ရဲ့ပဲ့ကိုင်ရှင် Ingvar Kamprad က သယ်ယူပို့ဆောင်ရေးလွယ်ကူအောင် စားပွဲခုံတွေ၊ ကုတင်တွေရဲ့ခြေထောက်တွေကို ဖြုတ်လွယ်တပ်လွယ်ဖြစ်အောင် ဒီဇိုင်းလုပ်ခဲ့ပြီး ဈေးကွက်ဖြန့် ချိရေးမှာ လွယ်ကူစေပြီး ကုန်ကျစားရိတ်သက်သာစေခဲ့ပါတယ်။
အစပိုင်းမှာ သယ်ယူပို့ဆောင်ရေးလွယ်ကူအောင်၊ ကုန်ကျစားရိတ်သက်သာအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာ အခြားအံ့သြစရာကောင်းတဲ့အကြောင်းအရာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ ဈေးကွက်မှာ ဝယ်ယူသူတွေက သူတို့ကိုယ်တိုင် တပ်ဆင်ထားတဲ့ ပရိဘောဂ ကို
ပိုတန်ဖိုးထားပြီး ဂုဏ်ယူတတ်ကြတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။
အိမ်မှာ ပစ္စည်းတစ်ခုခုပျက်သွားလို့ မိမိကိုယ်တိုင် အောင်မြင်စွာပြင်ဆင်ပြီးစီးသွားတဲ့အခါ အောင်မြင်မှု တစ်ခုကို ခံစားရသလိုပါပဲ။ ငါကွ၊ ငါတယ်ဟုတ်ပါလား ဆိုတဲ့ မိမိကိုယ်ကို ကျေနပ်ဂုဏ်ယူမှုမျိုးခံစားဖူးကြမယ်ထင်ပါတယ်။


ဂုဏ်ယူမှု၊ တန်ဖိုးထားမှု၊ ယုံကြည်မှု
*************************

အကြောင်းအရာတစ်ခုကို မိမိကိုယ်တိုင်လုပ်လိုက်တဲ့အခါ၊ အဲဒီအကြောင်းအရာအတွက် .. ဂုဏ်ယူမိသလို၊ ကိုယ်လုပ်အားပါဝင်တဲ့အတွက် ပိုတန်ဖိုးထားမိပါတယ်။ ကိုယ်လုပ်တဲ့အကြောင်းအရာကို ယုံကြည်မှု ပိုပါတယ်။
ကိုယ်ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားလေးတစ်ချပ်ဆိုတာ သူများတွေအတွက် အဖိုးမထိုက်ပေမယ့် ကိုယ့်အတွက်တော့ တန်ဖိုးကြီး အမှတ်တရ ဘဝအစိတ်အပိုင်းတစ်ခုပါပဲ။
ဖဲဝိုင်းမှာ ဖဲဝေတဲ့အခါ ၊ မိမိကိုယ်တိုင်ဝေရမှ ၊ချိုးရမှ ၊ ကိုယ့်အတွက် လပ်ကီးကောင်းတယ် ဆိုတဲ့ ယုံကြည်မှုမျိုးဖြစ်ပါတယ်


စီးပွားရေးလုပ်ငန်းတိုင်းရဲ့အိမ်မက်
************************

ကိုယ့်ရဲ့ထုတ်ကုန်ပစ္စည်းကို စားသုံးသူတွေ တန်ဖိုးထားမှု ၊ သုံးစွဲရတဲ့အတွက် ဂုဏ်ယူမှု၊ ကုန်ပစ္စည်းအပေါ်မှာ ယုံကြည်မှု ဆိုတာ စီးပွားရေးလုပ်ငန်းတိုင်းရဲ့အိမ်မက်ပါ။
အဲဒီလိုအချက်တွေ ပေါင်းစပ်ပေးနိုင်ဖို့ ကြိုးစားတဲ့အခါ …
အခုကျွန်တော် လို.တို.ရှင်း ပြောပြထားတဲ့ IKEA Effect အိုင်ကီရာ သက်ရောက်မှု ဆိုတဲ့ အကြောင်းအရာလေးတစ်ခုကို သတိရပြီး စမ်းကြည့်စေလိုပါတယ်။
“ကိုယ့်ကုန်ပစ္စည်းကို စားသုံးသူတွေ ပိုတန်ဖိုးထားစေချင်ရင် သူတို့လုပ်အားပေါင်းထဲ့ခိုင်းပါ။”

မာသင်

Related Articles

ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ပုံစံ ( ၁၄) မျိုး

ကိုယ့်မှာ Product ရှိပြီဆိုပေမယ့် ဘယ်လိုပုံစံ နဲ့စီးပွားရေးလုပ်မလဲ ဆိုတာ စဉ်းစားရပါတယ်။ဝယ်သူနဲ့ရောင်းသူ တွေ့ဆုံမယ့်နေရာ၊ အရောင်းအဝယ်လုပ်မယ့် လမ်းကြောင်းစသည်တို့ကို ဖန်တီးရပါတယ်။စီးပွားရေးတစ်ခုကို စတင်လုပ်ကိုင်မယ့် သူများကို ကူညီစဉ်းစားပေးတဲ့အနေနဲ့ ဈေးကွက်မှာ လက်ရှိလုပ်နေကြတဲ့ စီးပွားရေးလုပ်ငန်းပုံစံ (၁၄) မျိုးကို လိုတိုရှင်းဖော်ပြလိုက်ရပါတယ်။ခုဖော်ပြမယ့်အကြောင်းအရာတွေကရောင်းချနည်းတော့မဟုတ်သလို ၊ နည်းလမ်းလဲမဟုတ်ပါ။စီးပွားရေးလုပ်ငန်းတွေအသုံးပြုနေကြတဲ့ ဖြန့််ဖြူးရောင်းချခြင်းဆိုင်ရာ စီးပွားရေး လုပ်ငန်း…

တန်ဖိုးကြီးသောအရာများ

ဘဝမှာ တန်ဖိုးကြီးတဲ့အရာ (၅) ခု ရှိတယ်။ ၁။ ပျော်ရွင်ခြင်း ၂။ ကျန်းမာခြင်း ၃။ မိသားစု ၄။ လွတ်လပ်ခြင်း ၅။ မိတ်ဆွေရှိခြင်း ဒီ တန်ဖိုးကြီးတဲ့အရာ တွေကို ပိုင်ဆိုင်ဖို့အတွက် အဓိက လိုအပ်ချက် (၄) ချက်ရှိတယ်။ F.R.E.E လို့အလွယ်တကူ…

စပ်တူလုပ်ငန်းအတွက်ငွေကြေးအချက် (၁၀) ချက်

စပ်တူလုပ်ငန်းမှာ သတိထားသင့်တဲ့ ငွေကြေးအချက် (၁၀) ချက် 1. Goodwill နာမည်ကောင်းတန်ဖိုး လို့လဲ ခေါ်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ Brand Value ဘရန်းတန်ဖိုးဆိုပြီးတော့ မိမိလုပ်ငန်းထဲပေါင်းထဲ့ကြပေမယ့်၊ အမှန်တော့ လုပ်ငန်းတစ်ခုက အခြားလုပ်ငန်းတစ်ခုကို ဝယ်ယူတဲ့အခါ လုပ်ငန်းရဲ့ Net Asset Value တန်ကြေး ထက်ကျော်လွန်ပြီးပေးလိုက်ရတဲ့…

ဂန္တဝင်မြောက်သောနေ့ (Masterpiece Day)

ဂန္တဝင်မြောက်သောနေ့ဆိုတာ နေ့တစ်နေ့ကို စိတ်ပါလက်ပါ လက်ရာမြောက်လောက်အောင် ကိုယ်ဖြစ်ချင်တဲ့အတိုင်း၊ ကိုယ်တန်ဖိုးထားတဲ့လုပ်ရပ်တွေနဲ့နေ့တစ်နေ့ကို ဂန္တဝင်မြောက်လောက်အောင် ပုံဖော်ဖန်တီးလိုက်နိုင်တဲ့နေ့ရက်တစ်ရက်ပါပဲ။ဘဝမှာ ကျွန်တော်တန်ဖိုးထားတဲ့အရာ (၅) မျိုးရှိပါတယ်။တစ်ခုချင်းစီကို နေ့စဉ်တိုးတက်အောင် ကြိုးစားလုပ်ဆောင်လိုက်တဲ့နေ့တိုင်း က ကျွန်တော့်အတွက်တော့ ဂန္တဝင်မြောက်သောနေ့ (Masterpiece Day) ပါပဲ။ အဲဒီ (၅) ခု က..၁။ အသိပညာ (…

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..ဈေးကွက်မှာ သင်တန်းတွေများနေပြီ..ဈေးကွက်မှာ လုပ်ငန်းတွေများနေပြီ…အင်း.. သူတို့ပြောတဲ့ဈေးကွက်ဆိုတာ အများပိုင်ဈေးကွက်ကို ပြောတာ။ဈေးကွက်ဆိုတာနှစ်ကွက်ရှိတယ်၊ အများပိုင်ဈေးကွက်နဲ့ ကိုယ်ပိုင်ဈေးကွက် ။ ကိုယ်ပိုင်ဈေးကွက်ဆိုတာ.. ကိုယ်ပိုင်ဈေးကွက်ဆိုတာ ကိုယ့်ကိုယုံကြည်တဲ့လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်လုပ်တာတွေ၊ ကိုယ်ရူးသွပ်တာတွေကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ့်ရဲ့ဝန်ဆောင်မှုကို၊ ထုတ်ကုန်ကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်ကိုယ်တိုင်ကလဲ ကွဲထွက်နေမှ ကိုယ့်ဈေးကွက်ကလဲ…