...

သင့်လုပ်ငန်း ဆောင်ပုဒ် က ဘာလဲ ?

သင့်လုပ်ငန်း ဆောင်ပုဒ် က ဘာလဲ ?

စီးပွားရေးလုပ်ငန်းတိုင်း ဆောင်ပုဒ် ရှိလေ့ရှိပါတယ်။
ဆောင်ပုဒ် ဆိုတာ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ယုံကြည်စွာလက်ခံကျင့်သုံးနေတဲ့ ဒဿန တစ်ခုဖြစ်ပါတယ်။
အဲဒီ ဒဿန ဆိုတာကလဲ လုပ်ငန်းကို တွန်းအားပေးတဲ့ အရာဖြစ်ပြီး ၊ ဝန်ထမ်းတွေအားလုံးကို သဘောထားတစ်ခုတည်းဖြစ်စေပြီး စည်းလုံးစေတဲ့အရာလဲဖြစ်ပါတယ်။
ပြည်တွင်းမှာပဲကြည့်ကြည့် ၊ ပြည်ပမှာပဲဆိုဆို၊ ထူးခြားစွာအောင်မြင်နေတဲ့လုပ်ငန်းများရဲ့နောက်ကွယ်မှာ ယုံကြည်ရာ ဒဿန ကို ဖော်ညွန်းတဲ့ ဆောင်ပုဒ် ကိုယ်စီ ရှိကြပါတယ်။
Nike ဖိနပ်ကုမ္မဏီ ရဲ့ Just do it
Apple အိုင်ဖုန်းကုမ္မဏီ ရဲ့ Think different
L’Oréal Paris အလှကုန် ရဲ့ “Because You’re Worth It.”
California Milk ကုမ္မဏီရဲ့ “Got Milk?”
BMW ကားကုမ္မဏီရဲ့ “Designed for Driving Pleasure.”
Tesco ကုမ္မဏီရဲ့ “Every Little Helps”
Audi ကားကုမ္မဏီရဲ့ “Advancement Through Technology”
McDonald’s ကုမ္မဏီရဲ့ “I’m Lovin’ It”
Maybelline အလှကုန်ရဲ့”Maybe she’s born with it. Maybe it’s Maybelline.”
ဆောင်ပုဒ်တစ်ခု ဆိုတာ .. ရိုးရိုးစာကြောင်းတစ်ကြောင်းပဲ ဆိုတာထက် ပိုပါတယ်။ လုပ်ငန်း နဲ့ ဝန်ထမ်းကြား ၊ ဝန်ထမ်းနဲ့ စားသုံးသူ ဈေးကွက်ကြား နားလည်မှုကို ပေါင်းကူးပေးတဲ့ အစွမ်းထက်တဲ့ စာတစ်ကြောင်း ဖြစ်ပါတယ်။
ဒါကြောင့် .. မေးပါရစေ။
သင့် လုပ်ငန်းမှာ ဆောင်ပုဒ် ရှိပြီးပြီလား ?
မရှိသေးဘူး ဆိုရင် .. လာမယ့် နှစ်အတွက် ဆောင်ပုဒ်လေးတစ်ခု စဉ်းစားဖန်တီးပါ။
ရှိပြီးသားဆိုရင် .. အောက်မှာ မန့်ခဲ့ကြဗျာ။ ။

မာသင်

Related Articles

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..ဈေးကွက်မှာ သင်တန်းတွေများနေပြီ..ဈေးကွက်မှာ လုပ်ငန်းတွေများနေပြီ…အင်း.. သူတို့ပြောတဲ့ဈေးကွက်ဆိုတာ အများပိုင်ဈေးကွက်ကို ပြောတာ။ဈေးကွက်ဆိုတာနှစ်ကွက်ရှိတယ်၊ အများပိုင်ဈေးကွက်နဲ့ ကိုယ်ပိုင်ဈေးကွက် ။ ကိုယ်ပိုင်ဈေးကွက်ဆိုတာ.. ကိုယ်ပိုင်ဈေးကွက်ဆိုတာ ကိုယ့်ကိုယုံကြည်တဲ့လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်လုပ်တာတွေ၊ ကိုယ်ရူးသွပ်တာတွေကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ့်ရဲ့ဝန်ဆောင်မှုကို၊ ထုတ်ကုန်ကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်ကိုယ်တိုင်ကလဲ ကွဲထွက်နေမှ ကိုယ့်ဈေးကွက်ကလဲ…

ဂန္တဝင်မြောက်သောနေ့ (Masterpiece Day)

ဂန္တဝင်မြောက်သောနေ့ဆိုတာ နေ့တစ်နေ့ကို စိတ်ပါလက်ပါ လက်ရာမြောက်လောက်အောင် ကိုယ်ဖြစ်ချင်တဲ့အတိုင်း၊ ကိုယ်တန်ဖိုးထားတဲ့လုပ်ရပ်တွေနဲ့နေ့တစ်နေ့ကို ဂန္တဝင်မြောက်လောက်အောင် ပုံဖော်ဖန်တီးလိုက်နိုင်တဲ့နေ့ရက်တစ်ရက်ပါပဲ။ဘဝမှာ ကျွန်တော်တန်ဖိုးထားတဲ့အရာ (၅) မျိုးရှိပါတယ်။တစ်ခုချင်းစီကို နေ့စဉ်တိုးတက်အောင် ကြိုးစားလုပ်ဆောင်လိုက်တဲ့နေ့တိုင်း က ကျွန်တော့်အတွက်တော့ ဂန္တဝင်မြောက်သောနေ့ (Masterpiece Day) ပါပဲ။ အဲဒီ (၅) ခု က..၁။ အသိပညာ (…

နှစ်သစ်မှာ တွန်းအား ဖြစ်စေပါ

တွန်းအား (Motivation) ဆိုတာ ကျွန်တော် တို့အားလုံး လိုအပ်တဲ့အရာပါ။နှစ်တစ်နှစ်ကုန်သွားလို့ နှစ်သစ်အစမှာ ကျွန်တော် တို့ Plan တွေ ဆွဲကြပါတယ်။နှစ်သစ်မှာ ဘာတွေ ပြီးမြောက်အောင်လုပ်ဆောင်မလဲ လို့စဉ်းစားပြီး အစီအစဉ် တွေ ရေးဆွဲကြပါတယ်။အမှန်တော့ ကျွန်တော်တို့လိုနေတာ Plan မဟုတ်ပါဘူး၊ motivation တွန်းအား ပါ။လုပ်ဆောင်စရာတွေအများကြီးက စိတ်ရှူပ်စေပါတယ်၊…

“နာမည်ကျော် ဘောလုံးသမား”

ကိုယ်ပိုင် ဘရန်း (Personal Brand) ဆိုတာ ဘောလုံးကစားသမားတစ်ယောက်လိုပဲ။ပါဝင်ဆော့ကစားတဲ့ ဘောလုံးအသင်း (Team) တွေသာ တစ်ခုပြီးတစ်ခု ပြောင်းသွားတယ်၊အားပေးတဲ့ Fans တွေကပြောင်းမသွားဘူး။ “နာမည်ကျော် လုပ်ငန်းရှင်”စီးပွားရေးမှာလဲ ကိုယ်ပိုင်ဘရန်း ဆိုတာ အင်မတန်စွမ်းတယ်။ ခုမှ စတင် ဖြန့်ဖြူးရောင်းချတဲ့ ကုန်ပစ္စည်းဆိုပေမယ့် သူလုပ်တဲ့ ထုတ်ကုန်ဆိုရင်ယုံပြီးသားပဲ ဆိုပြီး…

သမားရိုးကျကိုကန့်လန့်တိုက်ခြင်း

နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…