စီးပွားရေးစကားကြီး (၃) ခွန်း
စီးပွားရေးလုပ်ငန်းအတွက် စကားကြီး (၃) ခွန်းရှိတယ်။
Make it
Sell it
Brand it
Make it ဆိုတာ ရောင်းမယ့် ကုန်ပစ္စည်း ကို ဖန်တီးထုတ်လုပ်တာ။
ထုတ်ကုန်ပစ္စည်း ဖြစ်စေ၊
ဝန်ဆောင်မှုတစ်ခုကို ဖြစ်စေ ထုတ်လုပ်ဖန်တီးမှု ပေါ့။
ဖန်တီးလိုက်ရင် ပြီးသွားပြီလားဆိုတော့ မပြီးသေးဘူး။
Sell it ဆိုတာ ရောင်းဖို့လုပ်ရသေးတယ်။
ထုတ်လိုက်တဲ့ ကုန်ပစ္စည်းတိုင်းက ရောင်းရမယ်၊မရောင်းရဘူးဆိုတာ မသိသေးဘူး။
သေချာတာကတော့ ရောင်းချခြင်းဆိုတာ သီးသန့်ကဏ္ဍ တစ်ခုဖြစ်တယ်။
ခက်တာက…
ဈေးကွက်မှာ ဒီနှစ်ပိုင်း နဲ့ပဲ ဝင်လို့မရဘူး။
ဒီ နှစ်ပိုင်းနဲ့ပဲ ဆိုရင်တော့ ဈေးနုန်းကို လာခိုက်တတ်တယ်။
တစ်ချိန်မှာ .. ထုတ်ကုန်ပစ္စည်းတူခြင်း ဈေးနုန်းယှဉ်ပြီး အပြိုင်လျော့ချရတော့မယ်။
ကိုယ်မလျော့ရင်လဲ .. သူ လျော့ချတဲ့အတွက် ကိုယ် အခက်တွေ့ရတတ်တယ်။
ဈေးနုန်းမလျော့ချင်ရင်… နံပါတ် (၃) ကို ဆက်လုပ်။
Brand it .. ဘရန်းတစ်ခုဖြစ်လာအောင် ကြိုးစားရမယ်။
ဘရန်းဆိုတာကလဲ သီးသန့်ကဏ္ဍ တစ်ခု ဖြစ်တယ်။
ဘရန်းဆိုတာ သူနဲ့ကိုယ်နဲ့ ကွဲပြားစေတဲ့အရာ။
ဘရန်းဆိုတာ စားသုံးသူတွေလက်ခံယုံကြည်တဲ့ အရာ။
ဘရန်းဆိုတာ စားသုံးသူနဲ့ လုပ်ငန်းကြားက ယုံကြည်စွာထားတဲ့ ကတိဂဝတ်တစ်ခု။
ကြိုးစားတည်ဆောက်ပါ။
မာသင်