...

ဘာလုပ်ငန်းလုပ်လုပ်.. ဘရန်း (၃) မျိုးတည်ဆောက်ပါ။

ဘာလုပ်ငန်းလုပ်လုပ်.. ဘရန်း (၃) မျိုးတည်ဆောက်ပါ။

ဘာလုပ်ငန်းလုပ်လုပ်.. ဘရန်း (၃) မျိုးတည်ဆောက်ပါ။

ဘယ်လို ဘရန်း (၃) မျိုးလဲ ဆိုရင် …
၁။ Product Brand ( ထုတ်ကုန်ဘရန်း)
၂။ Company Brand (လုပ်ငန်းဘရန်း)
၃။ Personal Brand (လူပုဂ္ဂိုလ် ဘရန်း)


ထုတ်ကုန်ဘရန်း (Product Brand)
*****************************

အစပထမမှာ ထုတ်ကုန်တစ်ခုရဲ့ဘရန်း ကို ရအောင်ကြိုးစားကြရပါတယ်။ ထုတ်ကုန်ဘရန်းရဲ့အားနည်းချက်တစ်ခု တော့ရှိပါတယ် ။ ထုတ်ကုန်တစ်ခု ပေါက်ပြီဆိုရင် ဈေးကွက်မှာ ဆင်တူရိုးမှား ထုတ်ကုန်တွေပေါ်လာတယ်။ ထုတ်ကုန်ဘရန်း တစ်ခုရဲ့ပုံရိပ်ကို ရိုက်ခတ်စေမယ့် အကြောင်းအရာတွေဖြစ်လာတယ်။ လုပ်ငန်းမှာလဲ ထုတ်ကုန်တစ်ခုထက်ပိုထုတ်လုပ်လာတော့ .. ထွက်သမျှထုတ်ကုန်တိုင်းကို ဘရန်းဖောက်ရမလိုဖြစ်လာတယ်။
ဒီလိုနဲ့ပဲ လုပ်ငန်းတွေက ကိုယ့်ကုမ္ပဏီလုပ်ငန်းဘရန်း (Company Brand) တစ်ခုသာရထားမယ်ဆိုရင် နောက်ထပ်ထုတ်မယ့် ထုတ်ကုန်တိုင်းအတွက် လွယ်ကူလျှင်မြန်စွာ ဈေးကွက်ပေါက်ရောက်နိုင်မယ်လို့ယူဆလာကြတယ်။
နောက်တော့ .. ကုမ္ပဏီလုပ်ငန်းဘရန်း ကို အသားပေးတည်ဆောက်လာကြတယ်။


ကုမ္ပဏီလုပ်ငန်းဘရန်း (Company Brand)
*******************************

ဈေးကွက်ထဲမှာ ဆင်တူရိုးမှားထုတ်ကုန်တွေများလာသလို၊ ကိုယ်လိုသူလို ကုမ္ပဏီလုပ်ငန်းတွေ လိုက်လုပ်လာကြတယ်။ ဈေးကွက်မှာရှိတဲ့သူတွေက ယုံကြည်နိုင်တဲ့လုပ်ငန်းလား ၊ မယုံကြည်ရတဲ့လုပ်ငန်းလား ဆိုပြီးတော့ လုပ်ငန်းကို သက်ရှိတစ်ခုအဖြစ်မြင်လာကြတယ်။ ယုံကြည်မှု ဆိုတာ အတုအယောင်တွေပေါတဲ့အင်တာနက်ခေတ်မှာ အရေးကြီးတဲ့ ညွှန်းကိန်းတစ်ခုဖြစ်လာတယ်။ ယုံကြည်မှုတွေ၊ ခင်မင်ရင်းနှီးမှုတွေပါဝင်ပတ်သတ်လာသည်နှင့်အမျှ ဈေးကွက် က ကုမ္ပဏီလုပ်ငန်းနောက်ကွယ်က ဦးဆောင်စီမံနေတဲ့ လူသား ကို လုပ်ငန်းနဲ့တွဲပြီး မြင်လာကြတယ်။
အဲဒီလူသားတစ်ဦးရဲ့ ဦးဆောင်မှု၊ ပြယုဒ် နဲ့ Personality ဆိုတာ လုပ်ငန်းရဲ့ကိုယ်စားပြုအကြောင်းအရာတွေဖြစ်လာတယ်။
ဈေးကွက်က …
ထုတ်ကုန် တစ်ခု ကြည့်လိုက်တိုင်း နောက်ကွယ်ကမျက်နှာတစ်စုံ ကို သိလိုလာကြတယ်။
(ဥပမာ သင်တန်းဆိုရင် .. ဘယ်သူသင်မှာလဲ ဆိုတာကို ဘာသင်မှာလဲ ထက်ပိုသိလိုလာတယ်)
ကိုယ်စားပြုလူပုဂ္ဂိုလ် ရဲ့ပုံရိပ် က လုပ်ငန်းရဲ့ပုံရိပ်ကို ကြီးမားတဲ့သက်ရောက်မှုရှိလာတယ်။
(ဥပမာ ကိုယ့်လုပ်ငန်းနဲ့ပူးတွဲကြော်ငြာထားတဲ့ လူပုဂ္ဂိုလ်တစ်ယောက်ရဲ့ ပုံရိပ်အတက်အကျ ဆိုတာ လုပ်ငန်းကိုပါ ဆွဲချ နိုင်တဲ့အတွက် အဲဒီလူပုဂ္ဂိုလ်နဲ့ လုပ်ငန်းနဲ့မသက်ဆိုင် မပတ်သတ်တော့ကြောင်း ကြေငြာရပြန်တယ်။)


လူပုဂ္ဂိုလ်ဘရန်း ( Personal Brand)
***********************************

ဈေးကွက်က လူပုဂ္ဂိုလ် နဲ့ထုတ်ကုန်ပစ္စည်းတွဲမှတ်ပြီး co-evolution အဖြစ် ဘရန်းတစ်ခုဖြစ်တည်လာတယ်ဆိုပေမယ့် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ တွေ့ရာလူကို ကောက်ပြီး ကြော်ငြာ၊ ကိုယ့်လုပ်ငန်းရဲ့ပြယုဒ်တစ်ခုအဖြစ်လုပ်လို့မရတော့ဘူးဆိုတာ နားလည်လာကြတယ်။ ဒါကြောင့် လုပ်ငန်းကို အမြဲကိုယ်စားပြုနိုင်တဲ့ လုပ်ငန်းရှင်၊ လုပ်ငန်းတည်ထောင်သူ (Founder) တွေရဲ့လူပုဂ္ဂိုလ် ဘရန်းက အရေးပါလာတယ်။
Apple ကုမ္ပဏီလုပ်ငန်းဆိုရင် Steve Jobs
Microsoft ကုမ္ပဏီလုပ်ငန်းဆိုရင် Bill Gates
Virgin ကုမ္ပဏီလုပ်ငန်းဆိုရင် Richard Branson
AYA ဘဏ်ဆိုရင် ဦးဇော်ဇော် ..
စသည်ဖြင့် လူပုဂ္ဂိုလ်ဘရန်း ရဲ့အခန်းကဏ္ဍ က အရေးပါလာတယ်။
ဈေးကွက်က ထုတ်ကုန်ကို ကြည့်တယ်၊
ပြီးတော့ လုပ်ငန်းကို ကြည့်တယ်၊
နောက်ဆုံး လုပ်ငန်းနောက်ကွယ်က လူပုဂ္ဂိုလ်ကိုပါကြည့်လာတယ်။


ဒါကြောင့် … ဘာလုပ်ငန်းပဲလုပ်လုပ်ပါ၊ ဘရန်း (၃) ခုတော့ ကြိုးစားတည်ဆောက်ပါ။
၁။ ထုတ်ကုန်ဘရန်း
၂။ ကုမ္ပဏီလုပ်ငန်းဘရန်း
၃။ လူပုဂ္ဂိုလ်ဘရန်း
ကျေးဇူးတင်ပါတယ်ခင်ဗျာ။


မာသင်

Related Articles

ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ပုံစံ ( ၁၄) မျိုး

ကိုယ့်မှာ Product ရှိပြီဆိုပေမယ့် ဘယ်လိုပုံစံ နဲ့စီးပွားရေးလုပ်မလဲ ဆိုတာ စဉ်းစားရပါတယ်။ဝယ်သူနဲ့ရောင်းသူ တွေ့ဆုံမယ့်နေရာ၊ အရောင်းအဝယ်လုပ်မယ့် လမ်းကြောင်းစသည်တို့ကို ဖန်တီးရပါတယ်။စီးပွားရေးတစ်ခုကို စတင်လုပ်ကိုင်မယ့် သူများကို ကူညီစဉ်းစားပေးတဲ့အနေနဲ့ ဈေးကွက်မှာ လက်ရှိလုပ်နေကြတဲ့ စီးပွားရေးလုပ်ငန်းပုံစံ (၁၄) မျိုးကို လိုတိုရှင်းဖော်ပြလိုက်ရပါတယ်။ခုဖော်ပြမယ့်အကြောင်းအရာတွေကရောင်းချနည်းတော့မဟုတ်သလို ၊ နည်းလမ်းလဲမဟုတ်ပါ။စီးပွားရေးလုပ်ငန်းတွေအသုံးပြုနေကြတဲ့ ဖြန့််ဖြူးရောင်းချခြင်းဆိုင်ရာ စီးပွားရေး လုပ်ငန်း…

ဂန္တဝင်မြောက်သောနေ့ (Masterpiece Day)

ဂန္တဝင်မြောက်သောနေ့ဆိုတာ နေ့တစ်နေ့ကို စိတ်ပါလက်ပါ လက်ရာမြောက်လောက်အောင် ကိုယ်ဖြစ်ချင်တဲ့အတိုင်း၊ ကိုယ်တန်ဖိုးထားတဲ့လုပ်ရပ်တွေနဲ့နေ့တစ်နေ့ကို ဂန္တဝင်မြောက်လောက်အောင် ပုံဖော်ဖန်တီးလိုက်နိုင်တဲ့နေ့ရက်တစ်ရက်ပါပဲ။ဘဝမှာ ကျွန်တော်တန်ဖိုးထားတဲ့အရာ (၅) မျိုးရှိပါတယ်။တစ်ခုချင်းစီကို နေ့စဉ်တိုးတက်အောင် ကြိုးစားလုပ်ဆောင်လိုက်တဲ့နေ့တိုင်း က ကျွန်တော့်အတွက်တော့ ဂန္တဝင်မြောက်သောနေ့ (Masterpiece Day) ပါပဲ။ အဲဒီ (၅) ခု က..၁။ အသိပညာ (…

သမားရိုးကျကိုကန့်လန့်တိုက်ခြင်း

နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

ကိုယ်မပါလဲ ငွေဝင်ဖို့ဆိုတာ..

စီးပွားရေးလုပ်ငန်းတိုင်းမှာ PRODUCT (ထုတ်ကုန်) ဆိုတာရှိတယ်။ ဒါပေမယ့် ထုတ်ကုန် တစ်ခုကပဲ‌ ငွေဝင်တာမဟုတ်ဘူး။ ထုတ်ကုန်ဆိုတာ ASSET ဖြစ်တယ်။ ASSET တိုင်းက တန်ဖိုးတစ်စုံတစ်ရာရှိနေတယ်။ အဲဒီ Assets တန်ဖိုးပြောင်းလဲမှုတွေကနေလဲ ငွေဝင်နိုင်တယ်။ ကိုယ်မပါပဲ ငွေဝင်နေဖို့ဆိုတာ ကိုယ်မရှိပဲလဲ တန်ဖိုးရှိနေ၊ ဖြစ်နေတဲ့ ASSETS တွေကိုလုပ်ငန်းထဲမှာ…

“နာမည်ကျော် ဘောလုံးသမား”

ကိုယ်ပိုင် ဘရန်း (Personal Brand) ဆိုတာ ဘောလုံးကစားသမားတစ်ယောက်လိုပဲ။ပါဝင်ဆော့ကစားတဲ့ ဘောလုံးအသင်း (Team) တွေသာ တစ်ခုပြီးတစ်ခု ပြောင်းသွားတယ်၊အားပေးတဲ့ Fans တွေကပြောင်းမသွားဘူး။ “နာမည်ကျော် လုပ်ငန်းရှင်”စီးပွားရေးမှာလဲ ကိုယ်ပိုင်ဘရန်း ဆိုတာ အင်မတန်စွမ်းတယ်။ ခုမှ စတင် ဖြန့်ဖြူးရောင်းချတဲ့ ကုန်ပစ္စည်းဆိုပေမယ့် သူလုပ်တဲ့ ထုတ်ကုန်ဆိုရင်ယုံပြီးသားပဲ ဆိုပြီး…