...

၀င်ငွေ ဝင်နေဖို့လျို့ဝှက်ချက် (၃) ခု

၀င်ငွေ ဝင်နေဖို့လျို့ဝှက်ချက် (၃) ခု

Automation (အော်တို ဖြစ်နေရမယ်)

အော်တိုဖြစ်ခြင်းဆိုတာ …
တစ်ခါရောင်းမှ … အရောင်းရှိတယ်ဆိုရင် အလုပ်မဖြစ်ဘူး။
ဒီနေ့ရောင်းမှ .. ဒီနေ့ဝင် ဆိုရင် ..
ဒီနေ့မလုပ်၊ မရောင်းနိုင်ရင် မဝင်တော့ဘူး။
ရေတုံငင် လို တစ်ခါ အားထုတ်ဆွဲချမှ တစ်ခါ ရေထွက်ရင် .. ခေတ်မကောင်းလိုမဆွဲနိုင်ရင် ရေမထွက်တော့ဘူး။
အရောင်း .. ဆိုတာ အော်တို ဖြစ်နေရမယ်။ ရေတုံငင်လို မဟုတ်ပဲ ရေစုပ်စက်လိုဖြစ်နေရမယ်။ ရေထွက်တာ ဆက်ငင်ဆက်ငင်မဟုတ်ပဲ ခလုတ်တစ်ချက်နိပ်လိုက်တာနဲ့ရေတရစပ် အော်တိုထွက်နေရမယ်။
ဝယ်ချင်သူတိုင်း .. ဝယ်ချင်တဲ့အခါတိုင်းအတွက်.. အော်တိုတွေ ပြင်ဆင်ထားရမယ်။
အော်တို ရောင်းနေတဲ့ နေရာရှိရမယ်။
အော်တိုရောင်းနေတဲ့ အရောင်း ရှိရမယ်။
အော်တိုကြေငြာနေတဲ့သူတွေရှိရမယ်။
အော်တို ပြောနေတဲ့သူတွေရှိရမယ်။
အော်တိုရောင်းနေမှ … အရောင်းအော်တိုရှိနေပြီး .. ဝင်ငွေလဲ အော်တိုဝင်နေမယ်။

Duplication (ပွားများနိုင်ရမယ်။)

တစ်ကြိမ်ရောင်းရဖို.. တစ်ခါလုပ်နေရတယ်ဆိုရင် အလုပ်မဖြစ်ဘူး။
တစ်ကြိမ်လုပ်ပြီး … ထပ်ခါထပ်ခါပွားနိုင်ရမယ်။
ရုပ်ရှင် ဇာတ်ကားတစ်ကားလိုပေါ့။
ပွားများနိုင်စွမ်း ရှိတဲ့ ထုတ်ကုန်/ ဝန်ဆောင်မှုဖြစ်ဖိုလိုတယ်။

Repetition (ကြိမ်ခါစား နိုင်တဲ့အရာဖြစ်ရမယ်)

သရက်ပင်တစ်ပင်လိုပေါ့။ တစ်ခါစိုက်ထားတယ်။ ထပ်ခါထပ်ခါ အကြိမ်ကြိမ်အခါခါ စားရတယ်။
တစ်ခါစားဖိုတစ်ပင်စိုက်နေရတဲ့ ထုတ်ကုန် နဲ့တစ်ကြိမ်စိုက်ပြီး ကြိမ်ခါစား ရတဲ့ ထုတ်ကုန်ကွာတယ်။
ဒါကြောင့်.. ဝင်ငွေဝင်နေဖိုလျိုဝှက်ချက်က .. စကား(၃) လုံး ပါတဲ့ စာတစ်ကြောင်း ပဲ။


“အော်တို၊ ပွားများ၊ ကြိမ်ခါစား” ပေါ့။


လုပ်ငန်းများ ၊ ဝင်ငွေများ အဆင်ပြေကြပါစေ။


မာသင်

Related Articles

သမားရိုးကျကိုကန့်လန့်တိုက်ခြင်း

နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

ကြီးပွားချမ်းသာကြပါစေ

“ကြီးပွား ချမ်းသာ” လို့ ပြောကြတယ်။ စကားလုံးတွေက ရှင်းတယ်။ မကြီး နိုင်၊ မပွားနိုင်ရင် .. မချမ်းသာနိုင်ဘူး။ ကြီး နိုင်ရမယ်ဆိုတာ… လုပ်ငန်းတစ်ခုက ကြီးလာအောင် ဆိုတာ Scalable ဖြစ်အောင်လုပ်နိုင်တာကိုပြောတာ။ ကြီးလာအောင်ဆိုတာ သက်ရောက်မှု (impact) အကြီးအသေးကို ဆိုလိုတာဖြစ်တယ်။ အချို့ လုပ်ငန်းတွေက…

ကိုယ်မပါလဲ ငွေဝင်ဖို့ဆိုတာ..

စီးပွားရေးလုပ်ငန်းတိုင်းမှာ PRODUCT (ထုတ်ကုန်) ဆိုတာရှိတယ်။ ဒါပေမယ့် ထုတ်ကုန် တစ်ခုကပဲ‌ ငွေဝင်တာမဟုတ်ဘူး။ ထုတ်ကုန်ဆိုတာ ASSET ဖြစ်တယ်။ ASSET တိုင်းက တန်ဖိုးတစ်စုံတစ်ရာရှိနေတယ်။ အဲဒီ Assets တန်ဖိုးပြောင်းလဲမှုတွေကနေလဲ ငွေဝင်နိုင်တယ်။ ကိုယ်မပါပဲ ငွေဝင်နေဖို့ဆိုတာ ကိုယ်မရှိပဲလဲ တန်ဖိုးရှိနေ၊ ဖြစ်နေတဲ့ ASSETS တွေကိုလုပ်ငန်းထဲမှာ…

ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ပုံစံ ( ၁၄) မျိုး

ကိုယ့်မှာ Product ရှိပြီဆိုပေမယ့် ဘယ်လိုပုံစံ နဲ့စီးပွားရေးလုပ်မလဲ ဆိုတာ စဉ်းစားရပါတယ်။ဝယ်သူနဲ့ရောင်းသူ တွေ့ဆုံမယ့်နေရာ၊ အရောင်းအဝယ်လုပ်မယ့် လမ်းကြောင်းစသည်တို့ကို ဖန်တီးရပါတယ်။စီးပွားရေးတစ်ခုကို စတင်လုပ်ကိုင်မယ့် သူများကို ကူညီစဉ်းစားပေးတဲ့အနေနဲ့ ဈေးကွက်မှာ လက်ရှိလုပ်နေကြတဲ့ စီးပွားရေးလုပ်ငန်းပုံစံ (၁၄) မျိုးကို လိုတိုရှင်းဖော်ပြလိုက်ရပါတယ်။ခုဖော်ပြမယ့်အကြောင်းအရာတွေကရောင်းချနည်းတော့မဟုတ်သလို ၊ နည်းလမ်းလဲမဟုတ်ပါ။စီးပွားရေးလုပ်ငန်းတွေအသုံးပြုနေကြတဲ့ ဖြန့််ဖြူးရောင်းချခြင်းဆိုင်ရာ စီးပွားရေး လုပ်ငန်း…

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..

‌ဈေးကွက်မှာ ရောင်းတဲ့သူတွေများနေပြီ ..ဈေးကွက်မှာ သင်တန်းတွေများနေပြီ..ဈေးကွက်မှာ လုပ်ငန်းတွေများနေပြီ…အင်း.. သူတို့ပြောတဲ့ဈေးကွက်ဆိုတာ အများပိုင်ဈေးကွက်ကို ပြောတာ။ဈေးကွက်ဆိုတာနှစ်ကွက်ရှိတယ်၊ အများပိုင်ဈေးကွက်နဲ့ ကိုယ်ပိုင်ဈေးကွက် ။ ကိုယ်ပိုင်ဈေးကွက်ဆိုတာ.. ကိုယ်ပိုင်ဈေးကွက်ဆိုတာ ကိုယ့်ကိုယုံကြည်တဲ့လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်လုပ်တာတွေ၊ ကိုယ်ရူးသွပ်တာတွေကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ့်ရဲ့ဝန်ဆောင်မှုကို၊ ထုတ်ကုန်ကို ကြိုက်တဲ့ လူတစ်စု စုထားတဲ့ဈေးကွက်။ကိုယ်ကိုယ်တိုင်ကလဲ ကွဲထွက်နေမှ ကိုယ့်ဈေးကွက်ကလဲ…