ဘယ်နှစ်ဂိုးလဲ..အမှတ်စဉ်မှတ်ပါ..
ဘောလုံးပွဲတစ်ပွဲမှာ အမှတ်စဉ် မမှတ်ရင် လူတွေ ဆော့ကစားရာမှာ အားလျော့လာပါတယ်။ ကစားသမားတွေက သူတို့ ရှုံးနေမှန်းမသိ၊ ဂိုးသွင်းတိုင်းလဲ မှတ်မထား၊ ဒီလိုနဲ့သူတို့ရဲ့ကြိုးစားအားထုတ်မှုက အဓိပ္ပါယ်မရှိဖြစ်ပြီး မကစားတော့ပဲ ကွင်းပြင်ထွက်ထိုင်ကြပါတယ်။
ပုံမှန်အားဖြင့် ဘောလုံးပွဲဆိုတာ ဂိုးအရေအတွက် နဲ့လက်ကျန်ကစားချိန်ကို အမြဲအမှတ်စဉ်မှတ်ပြီး ကစားသူများအားလုံး တွေ့အောင် စာလုံးအကြီးကြီး နဲ့အချိန်နဲ့တပြေးညီ ဖော်ပြလေ့ရှိပါတယ်။
ကိုယ့်အဖွဲ့ ကတစ်ဂိုးရှုံးနေတယ်၊ လက်ကျန်ကစားချိန်ကလဲ နောက်ဆုံး ၅ မိနစ်ပဲကျန်တယ်ဆိုတဲ့အသိက ကစားသမားတွေကို မတူညီနဲ့အားအင်နဲ့ခွန်အားစိုက်ထုတ်ဖြစ်မှု ကို ဖြစ်ပေါ်စေပြီး ၊ ပြင်းထန်တဲ့စိတ်နဲ့ခွန်အားကို ညစ်ထုတ်ပြီး အစွမ်းကုန်ကြိုးစားမှု ကို ဖြစ်ထွန်းစေတယ် ဆိုတာ ဘောလုံးပွဲကြည့်သူတိုင်းမြင်ဖူးကြမှာပါ။
ဒါသည် .. အမှတ်စဉ် မှတ်ထားခြင်း ရဲ့အစွမ်းဖြစ်ပါတယ်။
လုပ်ငန်းတိုင်းမှာ အရေးကြီးတဲ့ ဂိုး နဲ့လက်ကျန်ကစားချိန် ကို အမြဲတမ်း အမှတ်စဉ်မှတ်ထားပြီး ကိုယ့်ကစားသမားတွေသိအောင် စာလုံးကြီးကြီးနဲ့ပြသထားသင့်ပါတယ်။ ဒါမှလဲ ကိုယ်ကိုယ်တိုင်လဲ သိ၊ ကိုယ့် ဝန်ထမ်းတွေလဲ သိပြီး မတူညီတဲ့ ခွန်အား နဲ့ ပြောင်းလဲ ကြိုးစားဆော့ကစားကြမှာပါ။
အမှတ်စဉ်မှတ်မထားရင် … ကိုယ်ကိုယ်တိုင်တောင်မှ ဘယ်လောက်လုပ်သင့်တဲ့ လုပ်ရပ်ဖြစ်ပစေဦးတော့ .. သိပ်မကြာခင်မှာပဲ မေ့မေ့ပျောက်ပျာက် ဖြစ်ပြီး မလုပ်တော့ပဲဖြစ်တတ်ပါတယ်။
အချို့ကလဲ အမှတ်စဉ်မှတ်ထားပေမယ့် ကိုယ့် ဝန်ထမ်း ကစားသမားတိုက်စစ်မှုးတွေကိုအချိန်နဲ့တပြေးညီ ချပြဖို့မေ့နေတတ်ကြပါတယ်။ ပွဲပြီးသွားမှ မင်း Target မပြည့်ဘူး၊ ရှုံးပြီ ဆိုပြီး အမှတ်စဉ် ကို သက်သေအနေနဲ့ ချပြတတ်ပါတယ်။ အဲဒီလိုမလုပ်ပဲ ဝန်ထမ်းတွေအားတက်စေဖို့ အမှတ်စဉ်ကို အမြဲတမ်း အချိန်နဲ့တပြေးညီ ချပြဖို့လိုပါတယ်။
အဓိကအချက်က .. အမှတ်စဉ်မှတ်ပါ.. ပြီးရင် အချိန်နဲ့တပြေးညီ ချပြပါ။
ကိုယ့်လုပ်ငန်းကိုပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကိုပဲဖြစ်ဖြစ် .. အကောင်းဆုံး motivation ပေးတဲ့နည်းက အမှတ်စဉ် မှတ်ထားပြီး ကိုယ့်ရဲ့တိုးတက်မှုဖြစ်စဉ်ကို အချိန်နဲ့တပြေးညီ သိခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။
မာသင်